ရခိုင်ပင်လယ်ပြင်ကို အမေရိကန်ရဲ့ စစ်သင်္ဘောဝင်ရောက်လာပြီဆိုတဲ့ သတင်းမှား
23 Oct 2025
Fact-check_ Akyab Post/ The Red Flag/ MFCN
▪️အနှစ်ချုပ်
“Jay Videos” ဆိုတဲ့ Facebook Page ကနေ တင်ထားတဲ့ ရခိုင်ပင်လယ်ပြင်ကို အမေရိကန်ရဲ့ စစ်သင်္ဘော ဝင်ရောက်လာပြီဆိုတဲ့ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်ဟာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
Facebook စာမျက်နှာမှာ followers ၄၇ k ရှိတဲ့ “Jay Videos” ဆိုတဲ့ page ကနေ အောက်တိုဘာလ ၁၉ ရက်နေ့မှာ “သတင်းဌာန၏ (October 19, 2025) နေ့လည် ၂နာရီ၊ အထူးသ” ဆိုတဲ့ caption နဲ့အတူ ဗီဒီယိုတစ်ခု ဖြန့်ခဲ့တာဖြစ်ပြီးတော့ ဗီဒီယီုထဲမှာ “အမေရိကန်အနေနဲ့ တရုတ်နိုင်ငံကို ထိန်းကွပ်ဖို့အတွက် အိန္ဒိယသမုဒ္ဒရာနဲ့ အနီးက ရခိုင်ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရ်ုစစ်တပ်နဲ့ ပူးပေါင်းပြီးတော့ အင်အားထောင်ချီတဲ့ တပ်တွေနဲ့အတူ လေယာဉ်တင် စစ်သင်္ဘောကြီး ရခိုင်ပင်လယ်ပြင်ကို ဝင်ရောက်လာပြီ” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 မူရင်းပို့စ် အပြည့်အစုံ – https://archive.ph/PhHPm
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၂၁ ရက်နေ့အထိ reaction ပြုလုပ်သူ ၁၉.၂ K ၊ comment ပေးသူ ၂၃၈ ဦးနဲ့ shares ပြုလုပ်သူ ၁.၆ K ထိရှိပြီးတော့ ဖေ့စဘုတ်စာမျက်နှာမှာ ထပ်ဆင့်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့နေတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အမေရိကန်စစ်သင်္ဘော ရခိုင်ပင်လယ်ပြင်ကို ဝင်လာပြီဆိုတာဟာ မှန်ကုန်မှုမရှိတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
▪️သတင်းစီစစ်ချက်
ဖေ့စဘုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools ကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
Google မှာ “ရခိုင်ပင်လယ်ပြင်” “အမေရိကန် စစ်သင်္ဘော”ဆိုတဲ့ keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့ အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာဌာနကြီးတွေ ဖြစ်ကြတဲ့ Development Media Group နဲ့ Narinjara သတင်းဌာနတွေမှာ တင်ထားတာကို မတွေ့ရှိရပါဘူး။
ဒါ့အပြင် မြန်မာပြည်တွင်း သတင်းဌာနကြီးတွေဖြစ်ကြတဲ့ Myanmar Now၊ DVB၊ The Irrawaddy နဲ့ Mizzima စတဲ့ သတင်းဌာနကြီးတွေမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ မတွေ့ရှိရပါဘူး။
အခြား မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ official website နဲ့ Facebook page တွေမှာလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာမရှိသလို မြန်မာနိုင်ငံကို အမေရိကန် စစ်သင်္ဘောဝင်ရောက်လာပြီဆိုတဲ့ အကြောင်းအရာကိုလည်း မတွေ့ရှိရပါဘူး။
အမေရိကန်သံရုံး Website – https://mm.usembassy.gov/
အမေရိကန်သံရုံး Facebook – https://www.facebook.com/usembassy.rangoon
အခြားအာရှတွင်း သတင်းဌာနဌာနကြီးတွေဖြစ်ကြတဲ့ Asia Time Al Jazeera South China Morning Post The Nation နဲ့ Bangkok Times စတဲ့ သတင်းမီဒီယာဌာနကြီးတွေမှာလည်း ဒီအကြောင်းအရာကို ရေးသားထားတာမတွေ့ရှိရပါဘူး။
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေ၊ မြန်မာပြည်တွင်း သတင်းမီဒီယာတွေနဲ့ အာရှ၊ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်တွေမှာ ရခိုင်ပင်လယ်ပြင်ထဲမှာ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော ဝင်လာပြီဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
“Jay Videos” ဆိုတဲ့ Facebook Page ကနေ တင်ထားတဲ့ ရခိုင်ပင်လယ်ပြင်ကို အမေရိကန်ရဲ့ စစ်သင်္ဘော ဝင်ရောက်လာပြီဆိုတဲ့ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်ဟာ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေ မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီးတော့ သတင်းတုသတင်းမှား ဖြန့်သူတွေဟာ မှန်ကန်တိကျမှုမရှိဘဲ အများပြည်သူ စိုးရိမ်အောင် သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/







