ကမ္ဘာနဲ့အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သူတွေစေလွှတ်ပြီး ထောက်ခံနေလို့ သံတမန်ရေး မှာ NUG ထက် ကောင်းမွန်နေတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

ကမ္ဘာနဲ့အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သူတွေစေလွှတ်ပြီး ထောက်ခံနေလို့ သံတမန်ရေး မှာ NUG ထက် ကောင်းမွန်နေတယ်ဆိုတဲ့ သတင်းမှား

ကမ္ဘာနဲ့အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သူတွေစေလွှတ်ပြီး ထောက်ခံနေလို့ သံတမန်ရေး မှာ NUG ထက် ကောင်းမွန်နေတယ်ဆိုတဲ့ သတင်းမှား

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁   ရက်

(Fact-check _DNA/ The Red Flag) 

အနှစ်ချုပ်

မြန်မာရဲ့အိမ်နီးခြင်း တရုတ်နိုင်ငံနဲ့ ရုရှားစတဲ့နိုင်ငံအနည်းငယ်ကသာ မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်သူ စေလွှတ်တာ၊ ထောက်ခံတာ‌တွေပြုလုပ်နိုင်ပြီး စစ်လော်ဘီတွေ ဝါဒဖြန့်သလိုကမ္ဘာနဲ့အာဆီယံက ထောက်ခံ တယ်၊ မြန်မာရွေးကောက်ပွဲကို အာဆီယံနဲ့ကမ္ဘာက ပူးပေါင်းဆောင်ရွက်မယ်၊ ရွေးကောက်ပွဲစောင့်ကြည့် အဖွဲ့စေလွှတ်မယ်လို့ ပြောဆိုရေးသားခဲ့သည့် ကြောင်းအရာက ပုံဖျက်လှည့်စားရေးသားထားတဲ့ သတင်းမှား ဖြစ်ပါတယ်။

 

လက်ရှိ လူမှုကွန်ယက်စာမျက်နှာတွေမှာ ကမ္ဘာနဲ့အဆီယံက မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်သူတွေ စေ လွှတ်ပြီး ထောက်ခံနေလို့ သံတမန်ရေးမှာ NUG ထက်ကောင်းမွန်နေတယ်ဆိုတဲ့သတင်းမှား ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။

စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ Kyaw Swar ကနေ” တရားမျှတပြီး လွတ်လပ်သော

ရွေးကောက်ပွဲဖြင့် ပြည်သူလူထုရွေးချယ်တင်မြှောက်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာတော့မည်။ ထို အရေးမှာ တောခိုသူပုန် Nld nugများအတွက် အင်မတန်မှ ရင်ထုမနာကိစ္စတရပ်ဖြစ်နေသည်။ ကမ္ဘာနှင့် အာဆီယံက ထိုရွေးကောက်ပွဲကြီးကို စောင့်ကြည်သူများစေလွှတ်ပြီးထောက်ခံလျှက်ရှိရာ သံတမန်ရေးတွင် အရည်အချင်းနိမ့်ကျရှုးနိမ့်နေသော ပြည်ပြေးသူပုန် Nug အဖျက်သမားများသည် ပဒက်များ အကြားတွင် ၎င်းတို Nug ၏ သိက္ခာမရှိရှုးနိမ့်မှုကို ပိုမိုထင်ရှားစေလျှက်ရှိသည်”လို့ရေးသားကာ အောက်တိုဘာ ၁၄ ရက် ကစတင်ရေးသားဖြန့်ဝေခဲ့တာကိုတွေ့ရှိရပါတယ်။

Kyaw Swar-https://archive.ph/HmTiG 

 

ဒီအကြောင်းအရာကို အောက်တိုဘာလ ၁၅ ရက်အထိဝင်ရောက်ကြည့်ရှုသူ ၆၀,၅၄၂ ဦး၊ React ပေးသူ ၅၁၅ ဦး၊ comment ၂၀၉, မျှဝေသူ ၂၄ ဦးရှိတာကို တွေ့ရပါတယ်။

အခြားလော်ဘီတယ်လီဂရမ်ချန်နယ်တွေကလည်း ထပ်ဆင့်မျှဝေခဲ့လို့ ပျံ့နှံ့နေခဲ့တာ တွေ့ရှိရပါတယ်။

Snow Queen-         https://archive.ph/GeqXK

Ye Yint Htet(#yyh)- https://archive.ph/ScrTy 

Ko Thet-                 https://archive.ph/QSPhB  

Ko Chit(MDY)-       https://archive.ph/lsu9a 

Lashio Thar-          https://archive.ph/NnajJ 

ဘညွန့်-                    https://archive.ph/Ldvi9   

မှိုင်းဝေ–                   https://archive.ph/ngRzi

ဒါအပြင် MOI ကနေ ‌အောက်တိုဘာလ ၁၀ ရက်မှာ စစ်‌ကော်မရှင်ဥက္ကဌနဲ့မလေးရှား နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံစဉ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးက”မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ပြင်ဆင်နေမှုများ  ကိုတွေ့ရလို့ ဝမ်းမြောက်ဝမ်းသာဖြစ်မိပြီး အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက် ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ပါကြောင်း”ဆွေးနွေးပြောကြားခဲ့တယ်လို့ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

MOI-https://archive.ph/4A1u1 

အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ စကစ လော်ဘီတွေဝါဒဖြန့်သလို မြန်မာရွေးကောက်ပွဲကို အာဆီယံက ပူးပေါင်းဆောင်ရွက် မယ်၊ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ စေလွှတ်မယ်လို့ ပြောဆိုခဲ့တာမတွေ့ရတဲ့အတွက် ပုံဖျက်လှည့်စားရေး သားထားတဲ့ သတင်းမှား ဖြစ်တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

“နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ရွေးကောက်ပွဲ စောင့် ကြည့်အဖွဲ့ စေလွှတ်ဖို့ကိစ္စ  အာဆီယံထိပ်သီးအစည်းအဝေးမှာ တင်ပြဆွေးနွေးမယ်လို့ ပြောခဲ့ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြသလို မြန်မာရွေးကောက်ပွဲကို အာဆီယံက ပူးပေါင်းဆောင်ရွက်မယ်လို့ပြောဆိုခဲ့တာမရှိသလို ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ စေလွှတ် မယ်လို့လည်း ပြောဆိုခဲ့တာ မတွေ့ရပါဘူး”ဆိုပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကို ကိုး ကားပြီး DVB ကရေးသားထားတာကိုတွေ့ရပါတယ်။

DVB- https://archive.ph/AaNrr 

 

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အတွင်း ရွေးကောက်ပွဲဟာတရားမျှတပြီး ဘက် ပေါင်းစုံ ပါဝင်ဖို့လိုတယ်လို့ ပြောကြားခဲ့သလို ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့စေလွှတ်ဖို့ကို တနိုင်ငံခြင်း စီ မဟုတ်ဘဲ အာဆီယံအတွင်း ဆုံးဖြတ်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောတယ်” ဆိုပြီး BBC က ရေးသားထားတာကို တွေ့ရပါတယ်။

BBC- https://archive.ph/PAOLE 

“မလေးရှားသည် မြန်မာ့ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန် သဘောတူထား သည်ဆိုတဲ့ကိစ္စကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ဆွေးနွေးပြီး ဆုံးဖြတ်မှာပါ။ စောင့်ကြည့်လေ့လာသူတွေစေလွှတ်ဖို့ အာဆီယံက သဘောတူလိမ့်မယ် လို့တော့ ကျွန်တော်မထင်ဘူး”ဟု မိုဟာမက်က မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး အတွက် ပြင်ဆင်မှုများကို စစ်ဆေးပြီးနောက် သတင်းထောက်များအား အောက်တိုဘာ ၁၃ ရက်က ပြောကြားခဲ့သည်။”

“မိုဟာမက်သည် နေပြည်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် “မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖွဲ့များ စေလွှတ်ရန် ကတိပြုခဲ့သည်” ဟု စစ်ကော်မရှင်ထိန်းချုပ် သည့် Global New Light of Myanmar က ဖော်ပြခဲ့တဲ့သတင်းဖော်ပြချက်ကြောင့် People’s Justice Party (PKR) ပါတီမှ ဆူဘန်အမတ် ဝေါင်ချန်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာတို့က “အတု အယောင်ရွေးကောက်ပွဲ” ကို ထောက်ခံမှုရှိ/မရှိ ဖြေရှင်းချက်ပေးရန် တောင်းဆိုသည်အထိ ဖြစ်ခဲ့သည်။”ဟု Mizzima ကရေးသားထားတာကို တွေ့ရပါတယ်။

Mizzima-https://bur.mizzima.com/2025/10/14/70202

“လာမည့် ဒီဇင်ဘာလတွင် စစ်ကော်မရှင်ပြုလုပ်မည့် ရွေးကောက်ပွဲသည် ယုံကြည်ရသော ရလဒ်ထွက်လာ မည် မဟုတ်သောကြောင့် မြန်မာနိုင်ငံသို့ လေ့လာသူစေလွှတ်ရန် အစီအစဉ်မရှိကြောင်း ဥရောပသမဂ္ဂ(EU) လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren ကမလေးရှား၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသည်” ဆိုကာ The Irrawaddy ကရေးသားထားတာ ကိုတွေ့ရပါတယ်။

The Irrrawaddy- https://archive.ph/nvlfM 

“မလေးရှားနိုင်ငံခြားရေး ဝန်ကြီးမိုဟာမက်ဟာဆန်က ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး အပိုင်းလိုက် ပြုလုပ် မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲဆီ စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ဖို့ အာဆီယံနိုင်ငံတွေကြားမှာ သဘောတူညီမှု ရမယ့် အရိပ်အခြေမမြင်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ရာမှာတော့ ရွေးကောက် ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။ အဲဒီ ဖော်ပြချက်နဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဟာဆန်က ဒီကိစ္စဟာ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဆီက သဘောထားဆန္ဒတွေ လိုအပ် ကြောင်း၊ ဒီတော့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများညီလာခံမှာ ဒါကို ထပ်ဆွေးနွေးရမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ သူ့အမြင်အရ အာဆီယံကတော့ လက်ခံမယ့်ပုံ မပေါ်ကြောင်း ပြန်ဖြေသွားပါတယ်ဟု People’s Spring ကရေးသားထားပါတယ်။

People’s Spring- https://archive.ph/l7mAN 

 

“မလေးရှားနိုင်ငံခြားရေး ၀န်ကြီးက ရွေးကောက်ပွဲလေ့လာသူများ စေလွှတ်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများ သို့ ထပ်လောင်း ဖိတ်ကြားထားကြောင်း၊ မလေးရှားအတွက် ဖိတ်ကြားချက်ကို မလေးရှားရွေးကောက်ပွဲ ကော်မရှင် (SPR)သို့ ပေးပို့ခဲ့ပြီး အာဆီယံသဘာပတိအနေနဲ့ ဒီကိစ္စကို ကွာလာလမ်ပူမှာ ပြုလုပ်မယ့် ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဖော်ထုတ်ဆွေးနွေးသွားမှာ ဖြစ်ကာစစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဆီ အာဆီယံက စောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ဖွယ် မရှိဘူးလို့ မလေးရှား အစိုးရက ပြောပါတယ်”လို့ Minister of Foreign Affairs Malaysia က ရေးသားထားတာကို တွေ့ရပါတယ်။

Minister of Foreign Affairs Malaysia- https://archive.ph/So9I5 

 

မလေးရှားနိုင်ငံခြားရေး ၀န်ကြီးဟောင်း Saifuddin Abdullah ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya နဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂကျွမ်းကျင်ပညာရှင်ဟောင်းသုံးဦးဖြစ်သည့် မြန်မာနိုင်ငံ အထူး အကြံပေးကောင်စီ စတင်တည်ထောင်သူ အဖွဲ့ဝင်တွေက ယခုလ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး 

“မလေးရှားနိုင်ငံခြားရေး ၀န်ကြီးဟောင်း Saifuddin Abdullah ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂကျွမ်းကျင်ပညာရှင်ဟောင်း သုံးဦးဖြစ်သည့် မြန်မာနိုင်ငံ အထူး အကြံပေးကောင်စီ စတင်တည်ထောင်သူ အဖွဲ့ဝင်များက ယခုလ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးသည် အစုအဖွဲ့၏ “နောက်ဆုံး အခွင့်အလမ်း” ဖြစ်ပြီး “ရွေးကောက်ပွဲ အတုအယောင်” ကို ပြတ်ပြတ်သားသား ပယ်ချရန် ဖြစ်ကြောင်း ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

 

၎င်းတို့၏ ထုတ်ပြန်ချက်တွင် Saifuddin၊ Kasit နှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်း သုံးဦးတို့သည် စစ် အစိုးရ၏ ရွေးကောက်ပွဲကို ပယ်ချပြီး အာဆီယံ အစည်းအဝေးများမှ စစ်အစိုးရ ကိုယ်စားလှယ်အားလုံးကို ဖယ်ထုတ်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် မဟာဗျူဟာသစ် ချမှတ်ရန် အာဆီယံကို တိုက်တွန်းထားသည်။”Free Malaysia Today ကရေးသားထားတာကိုဖတ်ရှုနိုင်ပါတယ်။

Free Malaysia Todayhttps://archive.ph/DURyj  

 

☑️သုံးသပ်ချက် 

အာဆီယံဟာ ဒီမိုကရေစီနိုင်ငံတွေချည်းမဟုတ်တဲ့အပြင် အာဆီယံကိုယ်တိုင်က ဒီမိုကရက်တစ်အဖွဲ့အစည်း မဟုတ်ပါဘူး။ ဒီမိုကရစီနိုင်ငံအနေနဲ့ အင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်ရှိပြီး ထိုင်းနဲ့မလေးရှားက တစိတ်တပိုင်း ဒီမိုက ရေစီသုံး နေကြတာကိုတွေ့ရပါတယ်၊ ဒါကြောင့် အာဆီယံတခုလုံး အနေနဲ့ကတော့ မြန်မာနိုင်ငံဒီမိုကရေစီ ရေး အတွက် ခိုင်မာတဲ့ရပ်တည်ချက် ရှိမှာမဟုတ်ပါဘူး။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အတွင်း ရွေးကောက်ပွဲဟာတရားမျှတပြီး ဘက် ပေါင်းစုံ ပါဝင်ဖို့လိုတယ်လို့ပြောကြားခဲ့တဲ့အပြင် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့စေလွှတ်ဖို့ကို အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကဆွေးနွေးမှာဖြစ်ပြီး သဘောတူညီမှု မရှိနိုင်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ဒါအပြင် EU အနေနဲ့ ယုံကြည်ရတဲ့ရလာဒ်မရနိုင်တဲ့အတွက် မြန်မာနိုင်ငံကို ရွေးကောက်ပွဲလေ့လာသူ စေလွှတ်ရန် အစီအစဉ်မရှိဘူးလို့ ဥရောပသမဂ္ဂ(EU) လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren ကပြောဆိုထားပြန်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .