မဟာချိုင်တွင် မြန်မာ ၁၃၀ ကျော် ဖမ်းဆီးခံရမှုကြောင့် ပန်းရောင်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ် ရပ်တန့်ဆိုသည့် သတင်းအမှား
Share:FacebookX

မဟာချိုင်တွင် မြန်မာ ၁၃၀ ကျော် ဖမ်းဆီးခံရမှုကြောင့် ပန်းရောင်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ် ရပ်တန့်ဆိုသည့် သတင်းအမှား

၂၀၂၅ အောက်တိုဘာလ ၂၂ ရက်

Fact-check_ သျှမ်းသံတော်ဆင့်/ The Red Flag/ MFCN

AAC မဟာမိတ်အဖွဲ့ ကိုရဲမင်းမှ ခေါ်ဆောင်လာသော တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရပြီးနောက် ပန်းရောင်ကတ် လျှောက်ထားခွင့်များလည်း ပိတ်သိမ်းလိုက်ရကြောင်း သတင်းအမှား ဖြန့်ချိနေသည်။

အဆိုပါအကြောင်းအရာကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခု ဖြစ်သည့် နေပြည်တော် ချန်နယ်မှ ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ ၂၅,၀၀၀ ကျော်၊ Reaction ပြုလုပ်သူ ၅၀ ခန့်နှင့် ပြန်လည်မျှဝေသူ ၁၀ ကျော် ရှိခဲ့သည်။

မူရင်းလင့်ခ် – https://archive.ph/MRnXI

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်မှ ဖြန့်ဝေသော အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့်မှ စစ်ဆေးကြည့်သည့်အခါတွင် အဆိုပါအကြောင်းအရာမှာ မှားယွင်းနေကြောင်း စိစစ်တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

စစ်ဆေးတွေ့ရှိချက်အရ အောက်တိုဘာလ ၁၆ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် တရားမဝင် နေထိုင်နေသည်ဟုဆိုပြီး မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ထိုင်းလဝက၊ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် အချို့တွင် နိုင်ငံကူးလက်မှတ်များရှိသော်လည်း ပြည်ဝင်ခွင့် ဗီဇာတုံးမရှိကြောင်း၊ အချို့တွင် စာရွက်စာတမ်းများ လုံးဝမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းများကို ကိုးကားပြီး Dawei Watch သတင်းဌာနက ဖော်ပြထားပါသည်။

Dawei Watch – https://shorturl.at/w2CC9

အဆိုပါဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် စက်ရုံများတွင် အလုပ်ဝင်နိုင်ရန် ပွဲစားများက မဟာချိုင်ထဲရှိ နေအိမ်တွင် စောင့်ခိုင်းခဲ့ပြီးနောက် ပွဲစားများပြန်လည်ရောက်ရှိလာခြင်း မရှိတော့ကြောင်း ထွက်ဆိုခဲ့သည်။

၎င်းတို့သည် စက်ရုံတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို ဘတ် ၄၀,၀၀၀ အထိ ပေးချေထားပြီး နယ်စပ်ဒေသများဖြစ်သော ရနောင်း၊ ကန်ချနဘူရီ၊ တာခ့်ခရိုင်များမှတစ်ဆင့် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်လာကြကြောင်း BBC သတင်းဌာနကလည်း ဖော်ပြထားသည်။

BBC – https://shorturl.at/vazD3

ထိုင်းအလုပ်သမားဝန်ကြီးအသစ် မစ္စတရီနွတ်တီရပ်ဟော်က လုပ်သားရှားပါးမှုကို ဖြေရှင်းရန် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ အလုပ်သမားများ မှတ်ပုံတင်ရေးအစီအစဉ်ကို စတင်မည်ဟု ကြေညာခဲ့သည်။

သို့သော် နာမည်စာရင်တင်သွင်းမှုကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်လက်ခံပြီး နောက်တစ်နေ့မှာပင် နယ်စပ်မတည်ငြိမ်မှုများကြောင့်ဆိုကာ အဆိုပါလုပ်ငန်းစဉ်ကို ယာယီရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

People’s Spring – https://shorturl.at/HV3R1
SHAN News – https://shorturl.at/x7Vtj

သုံးသပ်ချက်

ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ထိုင်းအာဏာပိုင်အဖွဲ့များက ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်မှာ မှန်ကန်သည်။

သို့သော် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် AAC မဟာမိတ်အဖွဲ့ ကိုရဲမင်းက ခေါ်ဆောင်လာသောသူများ မဟုတ်သကဲ့သို့ ယင်းဖြစ်စဉ်များကြောင့် ထိုင်းအစိုးရက ပန်းရောင်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ်အား ရပ်တန့်လိုက်ခြင်း မဟုတ်ပါ။

သတင်းအမှားဖြန့်ချိသူများသည် အကြောင်းအရာများကို ချိတ်ဆက်ပြီး ဖန်တီးရေးသားကာ သတင်းအမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။

ထိုကြောင့် စာဖတ်သူများအနေဖြင့် သတင်းတု/သတင်းအမှားများ၊ စစ်ဆေးစေလိုသော သံသယဖြစ်ဖွယ် သတင်းအကြောင်းအရာများ ရှိလာလျှင်ဖြစ်စေ၊ မှန်ကန်သော သတင်းဟုတ်၊ မဟုတ် အတည်ပြုမေးမြန်းလိုလျှင် ဖြစ်စေ Myanmar Fact-checking Network ၏ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက် စစ်ဆေးပေးရန် အကူအညီတောင်းဆိုနိုင်သည်။

MFCN အဖွဲ့ဝင်များ၏ အချက်အလက် စစ်ဆေးထားသော သတင်းများကိုလည်း အောက်ပါဖော်ပြထားသည့် လင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .