ဘာသာရေးပဋိပက္ခဝှက်ဖဲကို ထုတ်သုံးဖို့စတင်ပြန်လာတဲ့ စစ်အာဏာရှင်အစိုးရ
Share:FacebookX

ဘာသာရေးပဋိပက္ခဝှက်ဖဲကို ထုတ်သုံးဖို့စတင်ပြန်လာတဲ့ စစ်အာဏာရှင်အစိုးရ

ဘာသာရေးပဋိပက္ခဝှက်ဖဲကို ထုတ်သုံးဖို့စတင်ပြန်လာတဲ့ စစ်အာဏာရှင်အစိုးရ
 
၂၀၂၅ခုနှစ် အောက်တိုဘာလ၊ ၂၁ရက်။
 
(Fact-check _DNA/ The Red Flag)
အတုအယောင်ရွေးကောက်ပွဲကာလနီးကပ်လာတာနဲ့အမျှ လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေမှာ ဘာသာရေးနဲ့ဆိုင်တဲ့ အမုန်းတရားဖြန့်ချိတာတွေက တစထက်တစ တိုးပွားလာနေပါတယ်။
 
ဘာသာရေးပဋိပက္ခဆိုတာက လူအဖွဲ့စည်းတွေမှာ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နိုင်တဲ့ အဓိကပြဿနာတွေဖြစ်ပြီး ဒီဆောင်းပါးမှာ စစ်အာဏာရှင်စနစ်က ဖန်တီးလိုက်တဲ့ ဘာသာရေးပဋိပက္ခတွေကို ကာကွယ်ဖို့နည်းလမ်းနဲ့ ဘာသာရေးပဋိပက္ခလမ်းကြောင်းပေါ် စိတ်လိုအင်ဆန္ဒကြောင့် မလိုက်ပါမိစေဖို့အတွက် နည်းလမ်းတွေကို အချက်အလက်နဲ့ ဖော်ပြပေးမှာဖြစ်ပြီး ဒီမိုကရေစီ၊ လူမှုစည်းလုံးညီညွှတ်မှုနဲ့ တရားဥပဒေစိုးမိုးရေးကို DNA Fact Check အဖွဲ့ကနေအလေးထားဆွေးနွေးသွားပါမယ်။
 
 
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာ စတဲ့ ဘာသာရေးမျိုးစုံရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။
 
မြန်မာနိုင်ငံရဲ့ လူဦးရေး ၈၈% က ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး ကရင်၊ ချင်း၊ ရိုဟင်ဂျာစတဲ့ တိုင်းရင်းသားတွေထဲမှာ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာ လူဦးရေများပြားပါတယ်။
ကိုးကားလင့် – https://www.state.gov/reports/2023-report-on-international-religious-freedom/burma/
https://shorturl.at/taXTL
 
ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေက ဒီဘာသာရေးကွဲပြားတာကို အသုံးချပြီး တိုင်းရင်းသား ပဋိပက္ခတွေကို ပြင်းထန်စေခဲ့ပါတယ်။
 
ဥပမာ၊ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က ကြီးမားတဲ့ဖိနှိပ်မှုတခုဖြစ်တဲ့ ဘာသာရေးခွဲခြားဆက်ဆံမှုတခုကို ဖန်တီးခဲ့သလို အမျိုးသားရေးရာဝါဒတွေကိုလည်း အားပေးခဲ့ပါတယ်။
 
ဒီပဋိပက္ခက စစ်အာဏာရှင်တွေရဲ့ အာဏာပါဝါကို ထိန်းသိမ်းဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။
ကိုးကားလင့်-
https://www.bbc.com/news/world-asia-41046729 https://doi.org/10.30884%2Fseh%2F2020.02.06
 
☑️ဘာသာရေးပဋိပက္ခဖန်တီးပုံ
 
ခေတ်အဆက်ဆက်ရှိလာတဲ့ စစ်အာဏာရှင်တွေအနေနဲ့ အောက်ပါနည်းလမ်းတွေနဲ့ ဘာသာရေးပဋိကို ဖန်တီးလေ့ရှိပါတယ်။
 
အုပ်ချုပ်သူတွေက သူတို့ရဲ့ အာဏာတည်မြဲခိုင်မာစေဖို့အတွက်ဘာသာတခုကို နိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်လေ့ရှိပြီး အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်သူတွေအနေနဲ့ သူတို့ကိုယ်သူတို့ပုံဖော်ကာ တခြားဘာသာတွေကိုဖိနှိပ်တာမျိုးပါ။
 
ဥပမာ ဘာသာရေးအဖွဲ့စည်းတွေကို ထိန်းချုပ်တာ၊ ဘာသာရေးအဖွဲ့အစည်းတွေကို စစ်တပ်ရဲ့လွှမ်းမိုးမှုအောက်မှာ ထားပြီးတော့ ဘာသာရေးလှုပ်ရှားမှုတွေကို ကန့်သတ်တာမျိုးပါ။
 
ဦးစံဆိုတဲ့ ဆရာတော်ရဲ့ “လည်သူစား အ သူခံ” ဆိုတဲ့ ရုပ်သံတရားတော်မှာလည်း ဘာသာရေး အမုန်းတရားဝါဒဖြန့်ချိတာကို ကြည့်ရင်သိနိုင်သလို ဦးဓမ္မသုခဆိုတဲ့ ဆရာတော်တပါးရဲ့ “ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိူင်ငံအတွက် ရဲရဲတောက်အစိုးရကို အလိုရှိသည်” ဆိုတဲ့ ဘာသာရးနဲ့ပတ်သက်ပြီး ဝါဒဖြန့် စာရေးသားပြီးဖြန့်ဝေတာကိုကြည့်ရင်လည်းသိနိုင်ပါတယ်။
https://archive.ph/wip/JbYtz
https://archive.ph/Ea3rB
 
လက်ရှိမြန်မာနိုင်ငံမှာ မီဒီယာနဲ့ ဆရာတော်ဘုန်းကြီးတွေကို အသုံးပြုပြီး ဘာသာရေးအုပ်စုတွေကြားမှာ သည်းခံမှုနဲ့ အကြမ်းဖက်မှုကိုလှုံ့ဆော်တာတွေကိုတွေ့ရတာပါ။
 
အဲ့ဒီလိုလှုံ့ဆော်မှုမျိုးကြောင့် ဘာသာရေးအုပ်စုတွေကြားမှာ သံသယနဲ့ ရန်လိုမှုကိုဖြစ်ပေါ်စေပြီး၂၀၁၃ခုနှစ်၊ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ မိတ္ထီလာအရေးခင်းလိုမဖြစ်ရအောင် အင်မတန်သတိထားဖို့ လိုအပ်ပါတယ်။
၂၀၁၃ မိတ္ထီလာအရေးအခင်းအကြောင်းလေ့လာရန် – https://www.rfa.org/burmese/commentaries/meikhtila-riot-03252013052325.html
 
☑️အတုအယောင်ရွေးကောက်ပွဲနဲ့ ဘာသာရေး
 
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင်ကနေ ရွေးကောက်ပွဲပထမအပိုင်းကို ကျင်းပဖို့အတွက် ကြေညာထားခဲ့ပြီး ဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်​(NLD) နဲ့ ဆန့်ကျင်ဘက်ပါတီ အများစုကို ပိတ်ပင်ထားသလို ဆန့်ကျင်သူတွေကိုလည်း သေဒဏ်ပေးဥပဒေချမှတ်ထားတာပါ။
BBC – Burmese https://www.facebook.com/share/p/1Cwkz9Nzxg/
 
ဒါ့အပြင်နိုင်ငံတကာအဖွဲ့တွေကလည်း မင်းအောင်လှိုင်ကျင်းပမယ့် ဒီရွေးကောက်ပွဲကို အတုယောင်ရွေးကောက်ပွဲအဖြစ်ရှုမြင်နေကြပါတယ်။
ကိုးကား – https://www.aljazeera.com/news/2025/8/18/myanmars-military-government-announces-elections-for-december-28
 
ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ စစ်ကော်မရှင်နဲ့ စစ်တပ်အားပေးထောက်ခံအသိုင်းဝိုင်းတွေက ဘာသာရေးဝါဒကို ပိုပြီးဖြန့်ချိလာမှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ဗုဒ္ဓဘာသာဘုရင်များရဲ့ ပုံရိပ်ကို အသုံးချပြီး အာဏာတည်မြဲဖို့အတွက် ကြိုးစားနေသလို ဘာသာရေးခေါင်းဆောင်တွေရဲ့ ထောက်ပံ့မှုရရှိရန်လည်း ဆက်ဆံရေးချဲ့ထွင်နေတာပါ။
https://www.usip.org/publications/2021/12/myanmar-coup-military-regime-seeks-weaponize-religion
https://x.com/IrrawaddyNews/status/1975122566961610820?referrer=grok-com
 
ဒီဝါဒတွေကရွေးကောက်ပွဲကို ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနဲ့ ချိတ်ဆက်ပြီး၊ စစ်တပ်ကိုဆန့်ကျင်တဲ့ တိုင်းရင်းသားတွေနဲ့ တခြားအဖွဲ့တွေကိုအားနည်းစေဖို့ ရည်ရွယ်တာပါ။
ဥပမာ- ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပြီး၊ ခရစ်ယာန်ကရင်တွေကိုပစ်မှတ်ထားတာမျိုးပါ။
ကိုးကားလင့် – https://persecution.org/2025/08/30/myanmar-junta-declares-karenic-separatist-organization-a-terrorist-group/
စစ်ကော်မရှင်တပ်က တော်လှန်ရေးနယ်မြေတွေမှာရှိတဲ့ ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေအပေါ်မှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။
ချင်းပြည်နယ် – https://www.youtube.com/watch?v=CQdnYfJ6vFk
စစ်ကိုင်းတိုင်း – https://shorturl.at/9Jg9x
ကရင်နီပြည်နယ် – https://www.facebook.com/share/p/1J8PfDfWn2/
ကရင်ပြည်နယ် – https://www.facebook.com/share/p/1BL5QzHmHM/
ဗလီမီးရှို့ခံရ – https://myanmar-now.org/mm/news/11497/
 
☑️ ကိုင်တွယ်ရန် နည်းလမ်းများ
ရွေးကောက်ပွဲကာလအနီး ဘာသာရေးဝါဒဖြန့်ချိမှုတွေက ပြည်သူတွေအချင်းချင်းကြားက တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပြီး ပဋိပက္ခတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကိုင်တွယ်ဖို့က အရေးကြီးပါတယ်။
လက်ရှိ စစ်အစိုးရ အုပ်ချုပ်ရေး၊ ပြည်တွင်းစစ်ပွဲတွေနဲ့ နိုင်ငံရေးအခြေနေမတည်ငြိမ်တဲ့အခြေနေမှာ ဘာသာရေးဝါဒဖြန့်ချိတာနဲ့ပတ်သက်ပြီး ကိုင်တွယ်ရမယ့်နည်းလမ်းတွေကို DNA အနေနဲ့လက်တွေ့ကျကျ အကြံပြုပေးပါမယ်။
 
– မိမိပါတ်ဝန်းကျင်နဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံလာတဲ့ ဘာသာရေး၊ လူမျိုးရေးနဲ့ သက်ဆိုင်တဲ့ ထိလွယ်ရှလွယ်သတင်းတွေကို အလွယ်တကူမယုံကြည်ဘဲ သတင်းမီဒီယာလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေတဲ့ သတင်းမီဒီယာဌာနတွေမှာဖော်ပြထားတဲ့အချက်လက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပါ။
 
− မိမိပါတ်ဝန်းကျင်မှာ ဘာသားရေး၊ လူမျိုးရေးနဲ့သက်ဆိုင်တဲ့ လှုံဆော်ခွဲခြား ပြောဆိုမှုတွေရှိရင် မိမိနှင့် သက်ဆိုင်သည့် ပတ်ဝန်းကျင် အသိုက်အဝန်းမှာ အတူယှဉ်တွဲနေလာခဲ့သည့် အကြောင်းအရာများ ပြန်လည်ပြောဆိုပါ။
 
– အချင်းချင်းကြားမုန်းတီးတာတွေ၊ ခွဲခြားဆက်ဆံတာတွေ ဖြစ်လာစေမယ့်အကြောင်းပြချက်တွေကို အလွယ်တကူမယုံကြည်ဘဲ ကိုယ့်ပါတ်ဝန်းကျင်မှာ ဖြစ်လာမယ့်ပဋိပက္ခတွေကို ကိုင်တွယ်ဖို့အတွက် ရပ်ရွာအဆင့် ဆွေးနွေးပွဲတွေပြုလုပ်ပါ။
 
– ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်ရွာခေါင်းဆောင်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကျင်းပတာကလည်း ပဋိပက္ခဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်၊
 
☑️ အတုယောင်ရွေးကောက်ပွဲ ကာလအတွင်း ဘာသာရေး ဝါဒဖြန့်ချိမှုတွေက လူမှုဆက်ဆံရေးတွေကို ပျက်ပြားစေနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နေ့စဥ်ဘဝမှာ သတိပြုနေထိုင်နိုင်ရန် အောက်ပါအချက်တွေကို လိုက်နာပါ။
 
– ဆိုရှယ်မီဒီယာမှာပျံ့နှံ့လာတဲ့ အမုန်းတရားနဲ့ သက်ဆိုင်တဲ့ဖြန့်ဝေတာတွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို အလွယ်တကူမယုံပါနဲ့။ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ထိလွယ်ရှလွယ် မုန်းတီးရေးပို့စ်တွေကို ပြန်လည်မမျှဝေပါနဲ့။
 
– ဘာသာကွဲ အသိမိတ်ဆွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆက်ဆံပါ၊ ဝါဒဖြန့်ချိတာနဲ့ပတ်သက်ပြီး အချင်းချင်းအပြန်အလှန်ဆွေးနွေးတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်တုံ့ပြန်ပါ။
 
– ဝါဒဖြန့်ချိတာကိုတွေ့ခဲ့ပါကလည်း သက်ဆိုင်တဲ့ ရပ်ရွာလူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေဆီကိုမျှဝေပါ၊ လူစုလူဝေးနဲ့ ဆန္ဒပြတာမျိုးကိုရှောင်ပါ။
 
– ဘာသာရေးနဲ့သက်ဆိုင်တဲ့ ဝါဒဖြန့်ချိတာတွေက ကြောက်ရွံ့မှုကိုဖြစ်စေနိုင်တာကြောင့် ယုံကြည်ချက်ရှိတဲ့ ဘာသောရေးလေ့ကျင့်တာတွေကို ဆက်လက်လုပ်ဆောင်ပါ။ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိလာပါကလည်း ယုံကြည်ရတဲ့ လူမှုအသိုင်းဝိုင်းတွေဆီမှာ ဆက်သွယ်အကူညီတောင်းခံတာမျိုးလုပ်ပါ။
 
☑️ သုံးသပ်ချက်
 
 
အာဏာသိမ်းစစ်တပ်က ကြီးမှူးကျင်းပတဲ့ ရွေးကောက်ပွဲက စစ်ကော်မရှင်တပ်ရဲ့ အာဏာတရားဝင်ရေးကို အားဖြည့်ဖို့အတွက် ကိရိယာတခုအဖြစ်အသုံးပြုနေတာဖြစ်ပြီး ဘာသားရေးဝါဒဖြန့်ချိမှုတွေက လူမှုအသိုင်းဝိုင်းကြားမှာ အကွဲအပြဲတွေကို ဖြစ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။
 
စစ်အာဏာရှင် ဖန်တီးတဲ့ ဘာသာရေးပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှု၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူမှုစည်းလုံးညီညွှတ်မှုကို မြှင့်တင်ဖို့အတွက်လိုအပ်ပါတယ်။
 
 
ပညာရေး၊ မီဒီယာလွတ်လပ်မှုနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေက ဒီပြသနာတွေကို တားဆီးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပြီး လူတိုင်းပူးပေါင်းပါဝင်မှသာ တည်ငြိမ်ပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့စည်းတရပ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
 
 
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
 
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
 
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
 
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
 
#DNAFactCheck #DNA #MFCN #FactCheck
 
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .