နွားထိုးကြီးလေကြောင်းတိုက်ခိုက်မှုမှာ သက်ကြီးပိုင်းသေဆုံးသူတွေက PDFတွေဆိုသည့် သတင်းမှား
Share:FacebookX

နွားထိုးကြီးလေကြောင်းတိုက်ခိုက်မှုမှာ သက်ကြီးပိုင်းသေဆုံးသူတွေက PDFတွေဆိုသည့် သတင်းမှား

နွားထိုးကြီးလေကြောင်းတိုက်ခိုက်မှုမှာ သက်ကြီးပိုင်းသေဆုံးသူတွေက PDFတွေဆိုသည့် သတင်းမှား

 

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ရက်။

(Fact-check _DNA/ The Red Flag) 

 

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုင်ခဲ့တာကြောင့် ကျေးရွာမှာရှိတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတဦးအပါအဝင် ၄ဦးသေဆုံးခဲ့ပြီးတဲ့နောက် သေဆုံးသူတွေက တော်လှန်ရေးတပ်သားတွေဖြစ်တယ်လို့ စစ်ကော်မရှင်ဘက်ကနေ ဖြန့်ဝေလာတဲ့သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို စစ်ကော်မရှင်လော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Media ကနေ “နွားထိုးကြီးPDFနွားထိုးကြီးခွေးသစ်ကင်၊တို၊ပြတ်၊ဖွါလန်…” လို့ (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး အခြား လော်ဘီချန်နယ်တွေမှာလည်းပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

https://archive.ph/D1K5u 

https://archive.ph/uCOPk 

https://archive.ph/laZe2 

 

ပျံ့နှံ့လာတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA FactCheck အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဲချက်ကျေးရွာနေ ဒေသခံအသက်(၉၁)နှစ်အရွယ်အမျိုးသမီးတဦးအပါဝင် ၂ဦးနဲ့ အသက်၆၀ ဝန်းကျင်အမျိုးသားနှစ်ဦးသေဆုံးခဲ့ပြီး ၂ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ 

 

သတင်းစိစစ်ချက်

 

နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မနေ့က အောက်တိုဘာလ၊ ၁၉ရက် မနက် ၆နာရီဝန်းကျင်မှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီးသုံးစီးနဲ့ လေကြောင်းကတဆင့် ကျေးရွာအတွင်းကို ဗုံး၅လုံးကြဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်း Myanmar Now သတင်းဌာနက ဒီကနေ့ အောက်တိုဘာလ၊ ၂၀ရက််မှာ သတင်းဖော်ပြထားပါတယ်။

Myanmar Now – https://www.facebook.com/share/p/1GgZSVyZ3P/ 

 

ပဲချက်ကျေးရွာမှာရှိတဲ့ အိပ်ပျော်နေတဲ့ဒေသခံတွေရဲ့ အိမ်အပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက်(၉၁)နှစ်အရွယ် သက်ကြီးရွယ်အိုအမျိုးသမီးတဦး၊ အသက် ၅၅နှစ်အရွယ်ဦးကျော်နိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု၊ အသက် ၅၇နှစ်အရွယ် ဦးခင်မောင်ဝင်းတို့သေဆုံးခဲ့ပြီး အသက်၁၀နှစ်အရွယ်ကလေးငယ်တဦးနဲ့ အသက်၄၅နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတာကို မြေလတ်အသံသတင်းဌာနကနေ သတင်းရေးသားထားပါတယ်။

မြေလတ်အသံသတင်းဌာန – https://www.facebook.com/share/p/1A4GSjcDrH/ 

 

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေထိခိုက်သေဆုံးခဲ့ရသလို၊ နေအိမ်တွေလည်းထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ Mandalay Free Press-MFPမှာ သတင်းဖော်ပြထားပါတယ်။

 

စစ်ကော်မရှင်တပ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် နယ်မြေစိုးမိုးနိုင်ရေးရည်ရွယ်ချက်နဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ဒေသခံတွေကိုဖမ်းဆီးသ

တ်ဖြတ်တာ၊ အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် အမျိုးသမီးတွေကို အဓ္ဓမပြုကျင့်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဆိုတဲ့အကြောင်း ဒေသခံတွေက MFP ကို ဖြေဆိုထားတာကိုလည်းတွေ့ရပါတယ်။

Mandalay Free Press-MFP – https://www.facebook.com/share/p/17Ak92cA7y/ 

 

သတင်းသုံးသပ်ချက်

 

သေဆုံးခဲ့သူတွေက အသက်၆၀ဝန်းကျင် အမျိုးသားနှစ်ဦး၊ အသက်၉၁နှစ်အရွယ်အသက်ကြီးအမျိုးသမီးတဦးအပါအဝင် ၊ ၆၀ဝန်းကျင် အမျိုးသမီးတဦးတို့ဖြစ်တာကိုတွေ့ရပါတယ်။ 

 

စစ်ကော်မရှင်တပ်တွေကနေ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အရပ်သားပြည်သူတွေရဲ့နေအိမ်ပေါ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားသေဆုံးမှုကို ဖုန်းကွယ်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေသေဆုံးလို့ ဖြန်ံဝေတဲ့သတင်းမှားဖြစ်တာကိုတွေ့ရပါတယ်။

 

ဒါကြောင့် နွားထိုးကြီးလေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရသူတွေက PDFတပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုတဲ့အကြောင်းရာမှာ လုပ်ကြံရေးသားထားတဲ့သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #လေကြောင်းတိုက်ခိိုက်  #စက်တပ်လေထီး #နွားထိုးကြီး #မန္တလေးတိုင်း #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့် 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .