ကယားတော်လှန်ရေးရဲဘော်များမှ ပအိုဝ်းဒေသမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဆိုကာ သတင်းမှားဖြန့်
Share:FacebookX

ကယားတော်လှန်ရေးရဲဘော်များမှ ပအိုဝ်းဒေသမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဆိုကာ သတင်းမှားဖြန့်

◾️ ကယားတော်လှန်ရေးရဲဘော်များမှ ပအိုဝ်းဒေသမှ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဆိုကာ သတင်းမှားဖြန့်
Akyab Post/ MPA/ The Red Flag
Fact -check
16 Oct 2025
အခုရက်ပိုင်း တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ကယားတော်လှန်ရေးရဲဘော်တွေကနေ ပအိုဝ်းဒေသမှာရှိိတဲ့ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်ဆိုပြီးတ ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ ဗီဒီယီုနဲ့တကွ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” ကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ “အကြမ်းဖက် ကယားပဒပ်များက ပအိုဝ်းဒေသရှိပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီး” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။​
📌 “မှိုင်းဝေ” – https://archive.ph/hkyfL
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ MPA ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃၅.၈K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၁၆ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ ဖြစ်ကြတဲ့ ကိုနှင်းမောင် MDY image Ye’ Ba Nyein ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ကိုနှင်းမောင် – https://archive.ph/3UqUn
📌 Ye’ Ba Nyein – https://archive.ph/VHCCs
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ပို့စ်မှာပါရှိတဲ့ ပအိုဝ်းဒေသမှ ပြည်သူတွေရဲ့နေအိမ်တွေကို ကယားတော်လှန််ရေးသမားတွေက မီးရှို့ပါတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Akyab Post နဲ့ MPA တို့ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မီးရှို့ခဲ့တာဟာ ကယားတော်လှန်ရေး တပ်ဖွဲ့ဝင်တွေ မဟုတ်ကြဘဲ စစ်ကောင်မရှင်တပ်နဲ့ PNO ပြည်သူ့စစ်တွေကနေ ပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့တာကို တွေ့ရှိရပါတယ်။
▪️သတင်းစိစစ်ချက်
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools အပြင် Invid Video Tool တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကို Invid Video Tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ “မောင်း” ကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ဗီဒီယိုဖိုင်ကို တွေ့ရှိိရပါတယ်။
မောင်းမီဒီယာရဲ့ သတင်းမှာ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာမှ နေအိမ်တွေကို စစ်တပ်နဲ့ PNO ပူးပေါင်းအုပ်စုက အောက်တိုဘာ ၁၃ရက်နေ့ ညနေပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 မောင်း မီဒီယာ – https://bitly.cx/1VVEZ
ဒါ့အပြင် google မှာ “ဖယ်ခုံ ဘောရန်ရွာ မီးရှို့ခံရ” ဆိုတဲ့ keywords နဲ့ ရှာကြည့်လိုက်တဲ့ အခါမှာလည်း မြန်မာပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ DVB ကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ “ဖယ်ခုံအနောက်ခြမ်း ဘောရန်ရွာကို PNO ပြည်သူ့စစ် မီးရှို့” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
DVB ရဲ့ သတင်းရေးသားချက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ ခေါင်းအိကျေးရွာအုပ်စု ဘောရန်ကျေးရွာ အပေါ်ရွာ၊ အောက်ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက အောက်တိုဘာ ၁၃ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီသတင်းနဲ့ ဆက်စပ်လို့ အခြားမြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ People’s Spring နဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနတို့ကနေလည်း ဖယ်ခုံမှာ စစ်ကောင်မရှင်နဲ့ PNO ပြည်သူ့စစ်တွေကနေ ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာမှ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
🔗 People’s Spring – https://bitly.cx/tWpLT
🔗 သျှမ်းသံတော်ဆင့် – https://bitly.cx/bi0q0
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ ခေါင်းအိကျေးရွာအုပ်စု ဘောရန်ကျေးရွာ အပေါ်ရွာ၊ အောက်ရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ ကယားတော်လှန်ရေး တပ်ဖွဲ့ဝင်တွေမဟုတ်ကြဘဲ စစ်ကောင်မရှင်တပ်နဲ့ PNO ပြည်သူ့စစ်တွေကနေ ပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့တာကို တွေ့ရှိရပါတယ်။
စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကော်မရှင်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အရပ်သားပြည်သူတွေရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကနေ ဖျက်ဆီးနေပါတယ်ဆိုပြီး ရေးသားဖော်ပြလေ့ရှိပါတယ်။
လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်လျက်ရှိပြီးတော့ ဒီကျူးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .