စာသင်တာရပ်ဖို့နှင့် ကျောင်းတွေပိတ်ဖို့ PDF ခြိမ်းခြောက်ဆိုပြီး AI နှင့်ပြုလုပ်ထားသည့် သတင်းမှား
Share:FacebookX

စာသင်တာရပ်ဖို့နှင့် ကျောင်းတွေပိတ်ဖို့ PDF ခြိမ်းခြောက်ဆိုပြီး AI နှင့်ပြုလုပ်ထားသည့် သတင်းမှား

စာသင်တာရပ်ဖို့နှင့် ကျောင်းတွေပိတ်ဖို့ PDF ခြိမ်းခြောက်ဆိုပြီး AI နှင့်ပြုလုပ်ထားသည့် သတင်းမှား

 

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၄ရက်။

(Fact-check _DNA/ The Red Flag) 

 

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကျောင်းတကျောင်းမှာစာသင်နေတဲ့ ကျောင်းဆရာမတဦးကို စာသင်တာရပ်ဖို့နဲ့၊ ကျောင်းတွေပိတ်ထားဖို့ ခြိမ်းခြောက်ပြောဆိုနေတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းအရာကို စစ်ကော်မရှင်တပ်လက်အောက်ခံမှာ လည်ပတ်နေတဲ့ မီဒီယာတခုဖြစ်တဲ့ NP News ကနေ “စာသင်နေတဲ့ ဆရာမကို အကြမ်းဖက်သမားတွေက စာသင်တာရပ်တန့်ဖို့၊ ကျောင်းတွေပိတ်ထားဖို့ ခြိမ်းခြောက်နေတာ ကလေးသူငယ်တွေပညာတတ်သွားရင် အကြမ်းဖက်သမားတွေ နေရာပျောက်သွားမှာ စိုးလို့” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး အခြားလော်ဘီချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

သတင်းမှားလင့်များ

https://archive.ph/f93Ju 

https://archive.ph/MYtMk 

https://archive.ph/pesEx  

https://archive.ph/CexMD 

 

ပျံ့နှံ့လာတဲ့အဲ့ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာ Ai အသုံးပြုပြီးဖန်တီးထားတဲ့ရုပ်ပုံဖြစ်တာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

ဆရာမတဦးနဲ့ မျက်နှာကိုအဝတ်စည်းထားတဲ့ လက်နက်ကိုင်အမျိုးသားသုံးဦးပါဝင်တဲ့အဲ့ဒီရုပ်ပုံကို မီဒီယာ စိစစ်အတည်ပြုရေး ကိရိယာတခုဖြစ်တဲ့ Image Whisperer ဆိုတဲ့ ကိရိယာကိုအသုံးပြုပြီးစစ်ဆေးကြည့်တဲ့အခါမှာ AI ကိုအသုံးပြုပြီးဖန်တီးထားတဲ့ ရုပ်ပုံတခုဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။

 

စစ်ဆေးထားတဲ့ ရလာဒ်ကိုကြည့်ရန် https://drive.google.com/file/d/11qOjmS_jz1TccLR1xY965CIS4K-JkKdL/view?usp=sharing 

 

ဒါ့အပြင် အဲ့ဒီပုံရဲ့ ညာဘက်အခြေမှာရှိတဲ့ စိန်တုံးပုံအမှတ်အသားအရလည်း Google Ai တခုဖြစ်တဲ့ Gemini Ai ကို အသုံးပြုပြီးဖန်တီးထားတဲ့ ရုပ်ပုံဖြစ်တာကိုလည်း တွေ့ရပါတယ်။

 

Gemini AI အမှတ်သားကိုကြည့်ရန် – https://aistudio.google.com/models/gemini-2-5-flash-image 

 

Ai  အသုံးပြီးဖန်တီးထားတာ ဟုတ်၊မဟုတ် Fotoforensics ကိုအသုံးပြုပြီးစစ်ဆေးကြည့်တဲ့အခါမှာလည်း အလင်းရောင်နဲ့ အမှောင်ထုကြားမှာရှိတဲ့ အရိပ်၊ noise pattern နဲ့ texture ပုံစံတွေက တရောင်ထဲဖြစ်နေတယ်ဆိုတာကို တွေ့ရပြီး Ai အသုံးပြုဖန်တီးထားတဲ့ရုပ်ပုံဖြစ်တယ်ဆိုတာကို အတည်ပြုစစ်ဆေးနိုင်ခဲ့ပါတယ်။

FotoForensics – https://fotoforensics.com/analysis.php?id=ca06c06b2fbbd416a5dde9355e422444aa1d1c7f.129130 

 

သတင်းသုံးသပ်ချက်

 

စစ်ကော်မရှင်လက်အောက်ခံမီဒီယာတွေနဲ့ လော်ဘီချန်နယ်တွေကနေ AI နဲ့ဖန်တီးထားတဲ့ရုပ်ပုံတခုကိုအသုံးပြုပြီး ပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကြား ယုံကြည်မှုကျဆင်းအောင် လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတခုဖြစ်တာကိုတွေ့ရပါတယ်။

 

ပျံ့နှံ့လာတဲ့အဲ့ဒီသတင်းမှားမှာ တိကျတဲ့နေရာဒေသမပါဝင်သလို၊ Ai နဲ့အသုံးပြုပြီး စာသင်နေတဲ့ဆရာမတဦးကို စာသင်တာရပ်ဖို့နဲ့ ကျောင်းမဖွင့်ဖို့ တော်လှန်ရေးတပ်တွေကခြိမ်းခြောက်တယ်ဆိုတဲ့အကြောင်းရာမှာ လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားဖြစ်တာကို အတည်ပြုနိုုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Ai_generated  #ဆရာမတဦး  #နိုင်ငံရေးပါတီ #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့် 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .