မြောက်စလုံးရွာရှိ ပြည်သူ့နေအိမ်များကို တော်လှန်ရေး တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းမှား 
Share:FacebookX

မြောက်စလုံးရွာရှိ ပြည်သူ့နေအိမ်များကို တော်လှန်ရေး တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးဆိုသည့် သတင်းမှား 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့

Fact-check_(အချက်လက် စစ်ဆေးခြင်း)

ခမ်းသားငေါဝ်း/ The Red Flag/ MFCN

ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကရင်နီ နယ်စပ် မြောက်စလုံးကျေးရွာရှိ ပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ဖြန့်ဝေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် PNA ပြည်သူ့စစ်မှ ထုတ်ပြန်သည့်  မြောက်စလုံးကျေးရွာကို စစ်တပ်နှင့် PNA ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဆိုသည့် သတင်းထုတ်ပြန်ချက်ထဲတွင် မြောက်စလုံးကျေးရွာကို တော်လှန်ရေးဘက်က ပြန်လည်ဆုတ်ခွာစဥ် ကျေးရွာနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် ကြောင်းအရာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် လော်ဘီဆန်းအောင်၏ ဖေ့ဘွတ်အကောင့် “KHUN SAN AUNG” နှင့် PNA ပြည်သူ့စစ် ဖေ့ဘွတ်စ်ပေ့စ်တို့မှ ဖြန့်ဝေထားခြင်းဖြစ်သည်။

 ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ရီအက်ရှင်ပြုလုပ်သူ (၁၃၀၀) ကျော် မှတ်ချက်ပေးသူ (၁၃၅)ခုနှင့် ထပ်ဆင့်မျှဝေသူ ၅၁ ထိ ရှိနေပြီးဖြစ်၍ ပျံနှံမှု များနေပါသည်။ 

ဖြန့်ဝေထားသည့် လင့် – https://archive.ph/z1bG3

ဖြန့်ဝေထားသည့် လင့် – https://archive.ph/7azQk

၎င်းဖြန့်ဝေထားသည့်အကြောင်းအရာကို Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်ကြည့်သည့်အခါ စွပ်စွဲဖြန့်ဝေထားသော သတင်းမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

#သတင်းစိစစ်ချက်

Google Advanced Search Tool ကို အသုံးပြုကာ “ မြောက်စလုံးကျေးရွာ မီးရှို့ခံရမှု” ဆိုသည့် အဓိက စကားလုံးဖြင့် ရှာဖွေစစ်ဆေးခြင်းနှင့် ထိုဒေသရှိ ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်များဖြစ် စစ်ဆေးအတည်ပြုခဲ့ပါသည်။ 

ထိုကိစ္စနှင့်ပတ်သက်၍ မဲခေါင်သတင်းဌာန၏ ဖော်ပြချက်တွင် စစ်တပ်နှင့် PNO ပြည်သူ့စစ် တို့သည် အောက်တိုဘာလ ၇ ရက်နေ့ မှစတင်ဖော်ဆောင်ခဲ့သည့် တောင်မဲသင်းရွာတိုက်ပွဲနှင့် တဆက်တည်း မြောက်စလုံး ကျေးရွာကိုပါ စစ်ကြောင်းထိုးခဲ့ရာ အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က ထိန်းချုပ်နိုင်ခဲ့ပြီး နောက်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံနေအိမ်များကို မီးရှိုခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့တွင် PNDF-KK စကားသံနှင့်အတူ ဖော်ပြထားပါသည်။ 

မဲခေါင်သတင်းဖော်ပြလင့် – https://www.facebook.com/share/p/1FjKhQnVYb/

ဒေသတွင်း သတင်းဌာနဖြစ်သည့် ဖက်ဒရယ် FM သတင်းဌာနတွင်လည်း ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာကို စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ရေးသားဖော်ပြထားပြီး စစ်တပ်နှင့် PNO တပ်တို့ စစ်ကြောင်းစထိုးလာခြင်းကြောင့်  ပင်လောင်း-ဖယ်ခုံမြို့နယ်အစပ်ရှိ ကျေးရွာ ၅ ရွာ ထက်မနည်းနှင့် လူဦးရေ ထောင်နှင့်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြထားပါသည်။ 

ဖက်ဒရယ် FM သတင်းဖော်ပြလင့် – https://www.facebook.com/share/v/17LEfyf9am/

ဒါအပြင် ခမ်းသားငေါဝ်း သတင်းဌာန၏ ဖော်ပြချက်တွင်မှာလည်း တော်လှန်ရေးတပ်ဖွဲ့မှ ၃ နှစ်ကျော်ကြာ ထိန်းချုပ်ထားသည့် တောင်မဲသင်း၊ လုံးပြင်၊ နန်းနိမ်း၊ ပင်ပုံ၊ မြောက်စလုံးကျေးရွာများကို စစ်တပ် နှင့် PNO ပြည်သူ့စစ်တို့က စက်တင်ဘာလမှ စတင်ပြီး အင်အားအလုံးအရင်း ထိုးစစ်တိုက်ခိုက်လာမှုကြောင့် စစ်ရေးအရနောက်ဆုတ်ပေးခဲ့ရပြီး စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါသည်။ ထိုမြောက်စလုံးရွာကို အောက်တိုဘာ ၉ ရက်နေ့က စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့ ပြန်လည်ထိန်းချုပ်ပြီး ရွာတွင်းဝင်ရောက်နေရာယူထားကာ အောက်တိုဘာ ၁၂ ရက်နေ့အထိ ဒေသခံနေအိမ်အများအပြားကို မီးရှို့လိုက်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ဖော်ပြထားပါသည်။

ခမ်းသားငေါဝ်း သတင်းဖော်ပြလင့် – https://www.facebook.com/share/p/19ucSyccCu/

ခမ်းသားငေါဝ်း သတင်းဖော်ပြလင့် – https://www.facebook.com/share/v/1GpTCgXV49/

ဘောရန်ကျေးရွာကို စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့ မီးရှို့လိုက်သည့်သတင်းကို DVB သတင်းဌာနမှ ဖော်ပြရေးသားချက်ထဲတွင်မှာလည်း စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက အောက်တိုဘာ ပထမအပတ်ထဲမှာ ပင်လောင်းကနေတဆင့် တောင်စလုံးကျေးရွာမှာ တပ်စွဲပြီး မြောက်စလုံးကျေးရွာကို စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ပြီး ဘောရန်ရွာကိုပါ ထပ်ရှို့ခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖော်ပြထားပါသည်။

DVB သတင်းဖော်ပြလင့် – https://burmese.dvb.no/post/728764

#သုံးသပ်ချက် 

ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်း-ကရင်နီနယ်စပ် မြောက်စလုံးကျေးရွာကို အောက်တိုဘာလ ၉ ရက်နေ့တွင် စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်မှာ သတင်းအမှန် ဖြစ်ပါသည်။ စစ်တပ်မှ ပြန်လည်ထိန်းချုပ်ပြီး နောက်မနက်အကြာ အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်တပ်နှင့် PNO ပြည်သူ့စစ်တို့က မြောက်စလုံးရွာရှိ ဒေသခံ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၏ ဖော်ပြချက်များအရ တွေ့ရှိရပါသည်။ 

ထို့ကြောင့် မြောက်စလုံးကျေးရွာပြည်သူ့နေအိမ်အချို့ကို တော်လှန်ရေးတပ်ဖွဲ့များမှ ဆုတ်ခွါစဉ် ကျေးရွာနေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ဆိုသည့် အကြောင်းအရာမှာ သတင်းမှားဖြစ်ပါသည်။ 

PNO ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသအတွင်း ပြည်သူ့နေအိမ်မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူသတ်ဖြတ်ခြင်းနှင့် ပြည်သူ ပိုင်ပစ္စည်းများ ခိုးယူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နေယုံ သာမက စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကာကွယ်ပြောဆိုလျက်ရှိနေပါသည်။ ထိုသို့ကာကွယ်ပေးလိုရန်အတွက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများသို့ လွဲချ စွပ်စွဲပြောဆို့လေ့ရှိကြောင်းကို ယခင် MFCN မှ အချက်အလက်စစ်ဆေးထားသည့် အကြောင်းအရာအချို့ကို ဖတ်ရှု့နိုင်ပါသည်။

ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာ – https://www.facebook.com/share/p/15MBnnjYwf9/?mibextid=wwXIfr

ဟိုပုံးမြို့နယ် ပင်လျမ်း (ပင်လျံ) – https://www.facebook.com/share/p/1FdJPJp98L/?mibextid=wwXIfr

ရေပူ ဘုရားတောင်ရွာ – https://www.facebook.com/share/v/1BFZ4VunEB/

သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။

နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်း လိုပါသည်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

Fb- https://www.facebook.com/KhamSarNgor

#MFCN #RedFlag # #FactCheck #Mis_Disinformation# #ခမ်းသားငေါဝ်း

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .