◾️ နတ်ရေကန်စခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်တယ်ဆိုတာ သတင်းမှားဆိုပြီး ရေးသားဖြန့်ဝေ
Akyab Post/ The Red Flag
14 Oct 2025
Fact-check
အခုရက်ပိုင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ မကွေးတိုင်း ငဖဲမြို့နယ် အမ်း ပဒါန်းလမ်းမပေါ်က နတ်ရေကန်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေကနေ သိမ်းပိုက်တယ်ဆိုတာဟာ မှားယွင်းရေးသားထားကြတဲ့ သတင်းမှားသာဖြစ်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပိုစ့်တွေ ပျံ့နှံံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ”ကနေ အောက်တိုဘာလ ၁၂ ရက်နေ့မှာ “ဘာတွေ လေလှိုင်းပေါ်က အာသီးရောင်နေတာလဲ အေအေအကြမ်းဖက်တို့ နတ်ရေကန် စခန်း ရပြီတဲ့လား နတ်ရေကန်စခန်းမပြောနဲ့ အနားတောင် ကပ်မရလို့ ထွက်ပြေးနေရတဲ့အပြင် ဂုတ်ကြီးနားက ဆက်ကြေးကောက် အေအေ စခန်းကုန်းကို တပ်က ထပ်မံသိမ်းပိုက်လိုက်ပါပြီ” ဆိုပြီးတော့ Mizzima သတင်းဌာနက ရေးသားထားတဲ့ သတင်းကို အမှားခြစ်ပြီး ပုံနဲ့တကွ ဖြန့်ချိထားပါတယ််။
📌 “တိုက်ပွဲသတင်းစုံ” ပို့စ်အပြည့်အစုံ – https://archive.ph/GEcsN
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၄၅.၂K၊ reaction ပြုလုပ်သူ ၉၂၄ ဦးထိ ရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ Western 24 news နဲ့ မှိုင်းဝေ ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။
📌 မှိုင်းဝေ -https://archive.ph/Vbz8s
📌 Western 24 news – https://archive.ph/9pA7H
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ နတ်ရေကန်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်တယ်ဆိုတာ သတင်းမှားဆိုပြီး ရေးသားထားကြတဲ့ အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည်လိုက်တဲ့အခါမှာ ဝါဒဖြန့်ချန်နယ်တွေဟာ မှန်ကန်တဲ့ သတင်းအချက်အလက်အပေါ်မှာ အခြေခံပြီးတော့ သတင်းမှားဖြစ်ပါတယ်ဆိုပြီး ရေးသားဖြန့်ဝေနေကြတာကို တွေ့ရပါတယ်။
▪️ သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့် ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Mizzima ကနေ အောက်တိုဘာလ ၁၂ ရက်နေ့မှာ “နတ်ရေကန်စခန်းကို AA က အပြည့်အဝနီးပါး ပိတ်ဆို့ထိန်းချုပ်၊ စစ်အုပ်စု ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်” ဆိုပြီးတော့ ရေးသားထားတဲ့ သတင်းကို screenshot ရိုက်ပြီး ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရှိရပါတယ်။
Mizzima သတင်းဌာနရဲ့ ရေးသားချက်တွေအရ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်ကမ္ဘာလုံးဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက အပြည့်အဝနီးပါး ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Mizzima သတင်းအပြည့်အစုံ – https://bitly.cx/3cLRZ
ဒါ့အပြင် Google မှာ နတ်ရေကန်စခန်း keywords နဲ့ ရိုက်ရှာကြည့်တဲ့အခါမှာလည်း မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ The Irrawaddy ကနေ အောက်တိုဘာလ ၁၁ ရက်နေ့မှာ “အမ်း – ပဒါန်း လမ်းပေါ်ရှိ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းအတွက် အဓိက ကင်းစခန်းကြီးဖြစ်သည့် ပဇီကျေးရွာအနီး ဖိုက်တာကုန်းစခန်းကို အာရက္ခတပ်တော် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး လက်နက်အမြောက်အမြား သိမ်းဆည်းရမိကြောင်း သိရှိရသည်” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 The Irrawaddy သတင်းအပြည့်အစုံ – https://bitly.cx/r8n8
ဒါ့အပြင် နိုင်ငံတကာသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ BBC Burmese ကနေလည်း အောက်တိုဘာလ ၁၂ ရက်နေ့မှာ “ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ်က စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း ကာကင်းစခန်းဖြစ်တဲ့ ဖိုက်တာကုန်းကို အာရက္ခတပ်တော် (အေအေ)က သိမ်းပိုက်နိုင်ပြီးနောက် နတ်ရေကန်စခန်းမှာ စစ်တပ်နဲ့တိုက်ပွဲဆက်ဖြစ်နေ” ဆိုပြီးတော့ ရေးသားထားပါတယ်။
🔗 BBC Burmese – https://bitly.cx/ZWC3
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေမှာ မကွေးတိုင်း ငဖဲမြို့နယ် အမ်း ပဒါန်းလမ်းပေါ်မှာရှိတဲ့ စစ်ကော်မရှင်ရဲ့ နတ်ရေကန်စခန်းကို အာရက္ခတပ်တော်အေအေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကနေ ထိုးစစ်ဆင်ပြီးတော့ သိမ်းပိုက်ခဲ့တယ်လို့ ရေးသား ဖော်ပြပါတယ်။
ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ စစ်ရေးအရ လက်လွှတ်ဆုံးရှံးခဲ့တဲ့ နေရာတွေကို တော်လှန်ရေးအဖွဲ့တွေကနေ သိမ်းပိုက်နိုင်ခြင်းမရှိဘူးဆိုပြီးတော့ ရေးသားဖြန့်ဝေခဲ့ကြ ပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီး၊ ဒီကျုးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA