လက်ရှိ စစ်ကောင်စီတွင်လည်း ယင်းသို့သော စိတ်ခံစားချက်ရှိနေသေးသည်။ ကိုလိုနီအမွေကြောင့် တိုင်းပြည် ယခုကဲ့သို့ ပဋိပက္ခရောပြွန်းနေရဆဲဖြစ်ကြောင်း အပြစ်ဖို့နေဆဲဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၅ နှစ်တိုင် ဖြစ်ပွားနေသော မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခသည် ကိုလိုနီခေတ်သွေးခွဲအုပ်ချုပ်ရေး၏ ဆိုးမွေဖြစ်သယောင် အပြစ်တင် ပြောဆိုခဲ့သည်။ ယနေ့ဖြစ်ပွားနေသော တိုင်းပြည် အခြေအနေသည် လွတ်လပ်ရေး ရပြီးခါစ အခြေအနေမျိုးဖြစ်ကြောင်း ပါလီမန်ခေတ် မြန်မာနိုင်ငံ အခြေအနေကို ရည်ညွှန်းပြောဆိုခဲ့သည်။ ယင်းအပြင် နိုင်ငံအမည် နာမ တပ်ပြောခြင်း မရှိသော်လည်း အနောက်နိုင်ငံများကိုလည်း ယင်းအခမ်းအနားတွင် အပြစ်တင် ပြောဆိုခဲ့သည်။ “ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေပါတယ်ဆိုတဲ့ သူတွေကိုယ်တိုင်က မဲမသမာမှုတွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့ အညီ ဒီမိုကရေစီ နည်းလမ်းကျဖြေရှင်းခဲ့ခြင်း မရှိဘဲ၊ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံးနေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံ အချို့ကလည်း ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော် ပြုလုပ်နေတာ တွေ့ရပါတယ်” ယင်းအပြင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုလည်း မြန်မာကို စိုးမိုးခြယ်လှယ်ရန် ကြိုးစားနေကြောင်း စစ်ခေါင်းဆောင်တို့က ဆိုသည်။ နယ်စပ်ဒေသ၊ ကျေးလက်ဒေသ နှင့် ဝေးလံခေါင်သီသော ဒေသများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအဖွဲ့များ၏ အကူအညီရယူလိုပါကြောင်း NGO INGO မှတ်ပုံတင်ရေး အစည်းအဝေး တစ်ရပ်တွင် စစ်ဝန်ကြီးတစ်ဦးက ပြောဆို[2]သော်လည်း အခြားတစ်ဖက်တွင်မူ အချို့သော နိုင်ငံအဖွဲ့အစည်းများသည် INGO NGO များမှ တစ်ဆင့် မြန်မာနိုင်ငံကို အသုံးချနေကြောင်း စစ်ခေါင်းဆောင်က စစ်အစိုးရ အဖွဲ့အစည်းအဝေးတွင် ပြောဆိုထားသည်[3]။
လက်ဝေခံ ဆိုရှယ်မီဒီယာများ
အာဏာရှင်တို့ လက်စွဲတော် အတိုင်း စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် မီဒီယာများကို နှိပ်ကွပ်သည်၊ ဖမ်းဆီးထောင်ချသည်။ အချို့မီဒီယာတို့ကို လိုင်စင်ပိတ်သိမ်းသည်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ သတင်းထောက် ၅၁ ကျော်[4] ရှိပြီး လိုင်စင် ပိတ်သိမ်းခံလိုက်ရသော သတင်းဌာန အနည်းဆုံး ၁၃ ခု[5] ရှိသည်။ လွတ်လပ်သော မီဒီယာများကို ထိန်းချုပ်ကန့်သတ်ပြီးနောက် အာဏာသိမ်းစစ်တပ်၏ နောက်ထပ်ခြေလှမ်းမှာ လက်ဝေခံ မီဒီယာ၊ ဆိုရှယ်မီဒီယာ သုံးစွဲသူများ မွေးမြူခြင်းဖြစ်သည်။ တရားခံရှာ အပြစ်ဖို့ရာတွင် ၎င်းတို့ထိန်းချုပ်ထားသော မီဒီယာများမှ တစ်ဆင့် သာမက စစ်တပ်ထောက်ခံ လော်ဘီ ဆိုရှယ်မီဒီယာများကိုပါ လက်သပ်မွေး ဝါဒဖြန့်လျက်ရှိသည် (တရုတ်၏ ပြား ၅၀ ပါတီ နှင့် အလားတူသည်)။ The Red Flag က စောင့်ကြည့်နေသောTelegram ဆိုရှယ်မီဒီယာ အကောင့်ပေါင်း ၆၀ ဝန်းကျင်ရှိပြီး ယင်းတို့ကို လူပုဂ္ဂိုလ် ၁၅ ဦးခန့်က (Main Bad Actors များအဖြစ်) အဓိက ကိုင်တွယ်ကာ သတင်းတု သတင်းမှား ဝါဒဖြန့် ခြိမ်းခြောက်မှုများ သီးခြား လုပ်ကိုင်လျက်ရှိသည်။ ယင်း အကောင့် ၆၀ မှာ The Red Flag က စောင့်ကြည့်နေသော အဓိက ကျသော အကောင့်များသာဖြစ်ပြီး အခြားအကောင့်များနှင့် ပေါင်းပါက စုစုပေါင်း ရာချီရှိနိုင်သည်။ ယင်းတို့တွင် ဩဇာလွှမ်းမိုးသူ အုပ်စု၊ မီဒီယာအယောင်ဆောင်များနှင့် လူပုဂ္ဂိုလ်များနှင့် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူအချို့ပါဝင်သည်။ ယင်းအပြင် ဒေသအလိုက် တိုင်းနှင့် ပြည်နယ် ၁၃ ခု အမည်ဖြင့် ဖွင့်လှစ်ထားသော Facebook အပါအဝင် ဆိုရှယ်မီဒီယာ အကောင့်ရာချီလည်း ရှိသေးသည်။ ယင်းတို့သည် တစ်ရက်လျှင် ပို့စ် အနည်းဆုံး ၅၀ မှ အများဆုံး ၂၀၀ ခန့်ပုံမှန်တင်လေ့ရှိပြီး တင်သည့် သတင်းအများစု ၇၀ ရာခိုင်နှုန်းခန့် တူညီလေ့ရှိသည်။ ယင်းအပြင် ယင်းအကောင့်များမှာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်လျက်ရှိကြောင်း တွေ့ရသည်[6]။ ယင်းကို ကချင်ပြည်နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက်ကျေးရွာတွင် အောက်တိုဘာ ၉ ရက်နေ့ ညသန်းခေါင်ယံ ဗုံးကြဲမှု ဖြစ်စဉ်တွင် အထင်အရှားတွေ့နိုင်သည်။ ယင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၁၁ ဦး၊ အမျိုးသမီး ၁၅ ဦး အပါအဝင် စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့သည်။ ၅၇ ဦးဒဏ်ရာရခဲ့သည်။ မူကြိုကျောင်းနှင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်းအကြာ အောက်တိုဘာ ၁၀ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခွဲခန့်မှ စ၍ စစ်လော်ဘီ Telegram ချယ်နယ် အနည်းဆုံးငါးခုက ယင်းဗုံးကြဲမှုကို စစ်တပ်က လုပ်ဆောင်နိုင်၍ ဝမ်းသာအားရ ပုံစံဖြင့် သတင်းများ တင်ခဲ့သည်။ သို့သော် စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် မုန်လိုင်ခက် စစ်တပ်က ပြုလုပ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုပြီးနောက် စစ်လော်ဘီ တယ်လီဂရမ်များ၏ ပြောဆိုချက် ဇာတ်ကြောင်း ပြောင်းသွားခဲ့သည်။ KIA ၏ လက်နက်တိုက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း၊ ယင်းသို့ပေါက်ကွဲခြင်းမှာ သာသနာ ထွန်းကားသော စစ်ကိုင်းတွင် သံဃာတော်များကို သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းကြောင့် ဖြစ်ကြောင်း စစ်လော်ဘီ တယ်လီဂရမ်များက ပြောင်းလဲ ဖြန့်ချိခဲ့သည်ကို တွေ့ရသည်။

အဆိုပါ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချယ်များသည် သတင်းတု သတင်းမှားများ ဖြန့်ဝေရုံတင် မက စစ်အာဏာရှင် ဆန့်ကျင်ရေး လွတ်လပ်စွာ ပြောဆိုသူများကိုပါ မှတ်တမ်းတင်ခြင်း၊ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းတို့ ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန် အတွင်း ၎င်းတို့ ဖမ်းဆီးရန် လှုံ့ဆော်မှုကြောင့် စုစုပေါင်း လူပုဂ္ဂိုလ် ၁၂၂၄ ဦး ဖမ်းဆီးခံခဲ့ရသည်[7]။ ယင်းတို့တွင် နိုင်ငံကျော် မော်ဒယ်သရုပ်ဆောင်များ၊ သတင်းစာဆရာများလည်း ပါဝင်သည်။ နောက်ဆုံး အထူးထင်ရှားသူမှာ သမ္မတ ဦးသိန်းစိန်လက်ထက် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်ဖြစ်သည်။ ယင်းကို ပုဒ်မ နှစ်ခုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချခဲ့သည်။ ယင်းတို့ကို ထောက်ရှုခြင်းအားဖြင့် သတင်းအချက်အလက် လှည်ဖျားခြင်းကို စစ်တပ်၏ ထိန်းချုပ်ထားသော ပင်မ ရုပ်သံ၊ ပုံနှိပ်၊ ရေဒီယိုမီဒီယာများသာမက ဆိုရှယ်မီဒီယာတွင် လက်သပ်မွေးထားသော အကောင့်များဖြင့်ပါ စုစည်းလုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထိုသို့ လုပ်ဆောင်ရာတွင် သတင်းတု သတင်းမှား ဖြန့်ခြင်း၊ အခြားမတူညီသော အုပ်စုများကို တရားခံရှာ အပစ်ပုံချခြင်း၊ ဘာသာရေး လူမျိုးရေး အမုန်းစကားပြောဆိုခြင်း၊ ဖမ်းဆီးရန် လှုံ့ဆော်ခြင်းတို့ အထိ လုပ်ဆောင်လျက်ရှိသည်။
တရားခံ – အမေရိကန်၊ တရုတ်
အမေရိကန်မှာ စစ်အုပ်စု အဓိက ပစ်မှတ်ထားသော တရားခံဖြစ်သည်။ ကိုလိုနီနယ်ချဲ့ ဗြိတိသျှကို သာမက အမေရိကန်ကို နီယိုကိုလိုနီ၊ ကိုလိုနီနယ်ချဲ့ လက်သစ်ဝါဒီအဖြစ် ခေတ်အဆက်ဆက်သော စစ်အစိုးရက ၎င်းတို့၏ မီဒီယာများမှ တစ်ဆင့် မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ တရုတ်ကို ထိန်းချုပ်ရေး အတွက် အမေရိကန်ဦးဆောင်သည့် အဖွဲ့သည် မြန်မာအရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ နေပြည်တော် အစည်းအဝေးတွင် ပြောဆိုခဲ့သည်။ ယင်းနောက် တစ်ရက်အကြာ မြောက်ပိုင်း တော်လှန်ရေး မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ကြီးကြောင့် စစ်တပ်မှာ မကြုံဖူးသော အရှုံးဖြင့် ရင်ဆိုင်ရလျက်ရှိသည်။ ယင်းစစ်ဆင်ရေးနှင့် ပတ်သက်၍ အနည်းဆုံးတော့ တရုတ်က မကန့်ကွက်ဟူသော သုံးသပ်ချက်များစွာ ထွက်ပေါ်လာသည်။ များမကြာမီတွင်ပင် ရန်ကုန်လမ်းမများထက်တွင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပေါ်လာသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် မျိုးချစ်ရဟန်းနှင့် အမျိုးသားရေး လှုပ်ရှားသူဆိုသူတို့က ရန်ကုန်မြို့လယ် မြို့တော်ခန်းမမှ ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ်သံရုံးသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ တရုတ်ဆန့်ကျင်ရေး ကြွေးကျော်သံများ၊ ဆိုင်းပုဒ်များ ကိုင်ဆောင် ဆန္ဒပြခဲ့သည်။ တိုင်းရင်းသားများအချင်းချင်း သတ်ဖြတ်ခိုင်းနေသည့် တရုတ်နိုင်ငံကို ကန့်ကွက်ကြောင်း ဆန္ဒပြ ဘုန်းတော်ကြီး တစ်ဦးက ဆိုသည်။ ယင်းစစ်ပွဲကို ကျူးကျော်စစ်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုခဲ့သည်။ ထိုသို့သော တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ မြန်မာနိုင်ငံမြို့ ဆယ်ချီတွင် ဖြစ်ပွားခဲ့ပြီး ထိုပွဲများကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Myanmar Now က ရေးသည်[8]။ သို့သော် စစ်အာဏာရှင်တို့၏ ထိုင်ခုံကို ခြိမ်းခြောက်နေသော မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့၏ စစ်ရေး အရှိန်ကို ရပ်တန့်နိုင်ရန် အခြားတစ်ဖက်ကလည်း တရုတ်ကို လိုအပ်နေပြန်သည်။ ထိုကြောင့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရေရှည် မလုပ်နိုင်။ ရပ်ပေးလိုက်ရသည်။ “. . . စစ်ကောင်စီဘက်က တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အခုတော့ နောက်ပြန်ဆုတ်သွားပါတယ်။ ဘာလို့လဲဆိုရင် တရုတ်ရဲ့ အကူအညီကို သူတို့ လိုအပ်နေချိန်မှာ အခုလိုမျိုး ဝါဒဖြန့်လုပ်ရပ်တွေဟာ စစ်ကောင်စီရဲ့ မိုက်မဲမှုပဲလို့ ကျနော် မြင်ပါတယ်”ဟု အမေရိကန်ပြည်ထောင်စု၏ ငြိမ်းချမ်းရေး အင်စတီကျူ (USIP) မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဆိုသည်[9]။
(အပိုင်း ၃ ကို ဆက်လက်ဖော်ပြပါမည်)
◀︎◀︎ စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၁)
▶︎▶︎ စစ်အာဏာရှင်ရဲ့ ‘သေနတ် တစ်ဖက်၊ မိုက်ခွက် တစ်ဖက်’ (အပိုင်း ၃)
◼︎တီမို
References – [1] Selth. (2021) Myanmar Military’s mindset: An Exploratory Survey. [2] https://www.moi.gov.mm/npe/index.php/niungngntteaaciimnaupkhuprekeaangciiaphaiwng-pnnythairewnkiitthaan-pnnytheaangcuwnkii-1 [3] Team, Npmn. (n.d.). INGO၊ NGO များမှတစ်ဆင့် ပြည်ပအဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိနေ၍ ကြပ်မတ်ထိန်း သိမ်းရန် တပ်ချုပ်ပြော. NPNews. https://npnewsmm.com/news/64f049327ccef33b6841079a [4] မြန်မာသတင်းမီဒီယာတွေ ဆက်လက်ဖိနှိပ်ခံနေရ. Radio Free Asia. (2023, May 3). https://www.rfa.org/burmese/program_2/media-05032023021956.html?fbclid=IwAR0TOMRyk_FFOSZor7gfG1GJ8oJrrQKmCeeoRfqshph5M80EXjDmdwIaYaE [5] ဧရာဝတီသတင်းဌာန လိုင်စင်ပိတ်သိမ်းခံရ. Radio Free Asia. (2022, October 31). https://www.rfa.org/burmese/program_2/irrawaddy-news-license-bans-10312022064946.html?fbclid=IwAR3XgvltmpmMjQd7P7-TWXuUhRUwbkQ-EYwguhMIGfTpD4EFhRoiO4U3OIc [6] အွန်လိုင်းပေါ်မှ အကြမ်းဖက်ခြင်း၊ မြန်မာ စစ်ကောင်စီ ဝါဒဖြန့်ချိရေး အွန်လိုင်း ယန္တရားလေ့လာချက်၊ ၂၀၂၃ ခုနှစ် [7] စစ်ကောင်စီကို ဝေဖန်ရေးသားမှုနဲ့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာ ~~~~~ ■ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ လူမှုကွန်ရက်ပေါ်မှာ…: By RFA burmesefacebook. Facebook. (n.d.-c). https://www.facebook.com/rfaburmese/videos/2109421766059349/ [8] မင်းအောင်လှိုင် ဖန်တီးခိုင်းသည့် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ. Myanmar Now. (2024, February 8). https://myanmar-now.org/mm/news/45854/ [9] ပြန်ပေးဆပ်ရမယ့် တန်ဖိုးကြီးမားတဲ့ တရုတ်အကူအညီ. ဗွီအိုအေ. https://burmese.voanews.com/a/democracy-forum-jason-tower-on-1027-operation/7401450.html?fbclid=IwAR2775teos4VDAXIU5PTU6OXg10pk3yol6vksjdZXj0_mmz-Ed_vH4gPGYg
ကိုလိုနီနယ်ချဲ့ခေတ်တွင် ဗြိတိသျှ မျက်နှာဖြူနှင့် ၎င်းတို့ အိန္ဒိယမှ ခေါ်ဆောင်လာသော ကုန်သည် လယ်လုပ်လူတန်းစားတို့မှာ မြန်မာမျိုးချစ် ဝါဒီများအတွက် အဓိက ရန်သူများဖြစ်ခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်တွင်လည်း ကွန်မြူနစ်များ၊ တိုင်းရင်းသား လက်နက်ကိုင်များကြောင့် တိုင်းပြည် မတည်မငြိမ်ဖြစ်နေသည်။ ကိုလိုနီအကြွင်းအကျန် ဂုတ်သွေးစုပ် စီးပွားရေးသမားများက တိုင်းပြည် အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ထားပြီး လူအများစု မြန်မာများမှာ ဆင်းရဲ ကျပ်တည်းရနေရသည်။ ထိုသို့ အစဉ်တစ်စိုက်ပုံဖော်သည်။ ထိုသို့ဖြင့် မြန်မာစစ်တပ်က ၁၉၆၂ အလုံးစုံ အာဏာသိမ်းပြီးချိန်တွင် အများအားဖြင့် နိုင်ငံခြားသားများ၊ မြန်မာတိုင်းရင်းသားမဟုတ်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူပိုင် အမည်ခံကာ သိမ်းယူသည်။ ယင်းမှာ မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်နှင့် ကိုလိုနီအလွန်ကာလတွင် ပြည်ပနိုင်ငံများနှင့် ပြည်ပ စီးပွားရေးလုပ်ငန်းများကြောင့် အောက်ကျ နောက်ကျ ဆင်းရဲရခြင်းအတွက် စိတ်ဒဏ်ရာတစ်စိတ်တစ်ပိုင်း၏ ရလာဒ်ဖြစ်နိုင်ကြောင်း သုံးသပ်ချက်များရှိသည်[1]။ (အခြားအကြောင်းခြင်းရာရှိနိုင်လင့် ကစား) အာဏာရှင် ဦးနေဝင်းတွင် နိုင်ငံခြားမှ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး တို့ကို မလွှမ်းမိုးခံလိုသည့် စိတ်ရှိနိုင်သည်။ ဆိုးဆိုးဝါးဝါး နိုင်ငံခြားကြောက်ရောဂါကြောင့် ဦးနေဝင်းလက်ထက်တွင် နိုင်ငံခြားခရီးသွားများကို ၂၄ နာရီသာ ခွင့်ပြုခဲ့သည်။ ၁၉၆၉ ခုနှစ်ရောက်မှ ၇၂ နာရီ၊ ၁၉၇၁ ခုနှစ်တွင် ၇ ရက် ခွင့်ပြုခဲ့သည်။ နိုင်ငံခြားကြောက်ရောဂါသည် ထိုမျှ မကပါ။ ဗြိတိသျှတို့က စစ်သုံးကြိမ်ခင်း၍ ကျူးကျော်မှု၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်အဝင်နှင့် မဟာမိန် ဗြိတိသျှတို့ အဝင်တွင် နှစ်ကြိမ်စလုံး စစ်ဒဏ်ကို ထောင်းလမောင်းကြေအောင် ခံခဲ့ရခြင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ထိုစဉ်က အစိုးရအသုံးအနှုန်း) ရောင်စုံ သူပုန်၊ တရုတ်ဖြူတို့၏ ကျူးကျော်မှုတို့က မြန်မာ စစ်တပ်ကို နိုင်ငံခြားကြောက်ရောဂါ ပိုသည်းစေသည်။ ထို့အပြင် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း စစ်အစိုးရကို အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခြင်း၊ စစ်အစိုးရက ရန်သူသဖွယ် ဆက်ဆံခဲ့သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူတော်စင် တပါးတစ်ဖွယ် ချီးမြှင့်မြှောက်စားခြင်းတို့က စစ်ခေါင်းဆောင်တို့ကို ပိုမိုအသည်းနာစေကြောင်း Myanmar Military’s mindset စာတမ်း ရေးသားသူ Andrew Selth က ဆိုသည်။ ယင်းအပြင် အမေရိကန်ပြည်ထောင်စု အစိုးရ ကျောထောက်နောက်ခံပြု National Endowment for Democracy နှင့် အလှူရှင် သူဌေးကြီး ဂျော့ဆိုးရော့စ်၏ ဆိုးရော့စ်ဖောင်ဒေးရှင်းကိုလည်း တိုင်းဖျက်ပြည်ဖျက်သဖွယ် ရှုတ်ချပြောဆိုခဲ့သည်။ ယင်းတို့မှာ ကိုလိုနီခေတ် စိတ်ဒဏ်ရာကို အခြေပြု၍ ခေတ်သစ်စစ်အုပ်စု၏ နာကြဉ်းချက်၊ နောက်ဆုံး ထွက်ပေါက်ပိတ်ချိန်တွင် တရားခံရှာ အပြစ်ဖို့စရာများ ဖြစ်သွားနိုင်သည်။