ကျောက်မဲဌာနဆိုင်ရာရုံးတွေကို TNLA က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှား
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၁ရက်။
(Fact-check _ DNA/ The Red Flag)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာရှိတဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေနဲ့ ဘုန်းကြီးကျောင်းတွေကို မနေ့စက်တင်ဘာ ၃၀ရက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကနေမီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
ဒီအကြောင်းရာကို စစ်အစိုးရလက်အောက်မှာလည်ပတ်နေတဲ့ Eleven Media၊ People Media အပါအဝင် စစ်ကော်မရှင်လော်ဘီချန်နယ်တွေကနေ ဖြန့်ချိနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နှံ့လာတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြီးတဲ့အခါမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့အကြောင်းရာမှာ မှားယွင်းနေတာကို တွေ့ရပါတယ်။
သတင်းစိစစ်ချက်
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ကျောက်မဲမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တဲ့အချိန်မှာ မီးရှို့ခံခဲ့ရတဲ့ ကျောက်မဲရဲစခန်းမှာ တပ်စွဲနေထိုင်ဖူးသလို၊ အဲ့ဒီရဲစခန်း မီးမလောင်ခင်တရက်အလိုမှာပဲ TNLA တပ်ဖွဲ့ဝင်တွေက ကြိုတင်ပြောင်းရွှေ့တာတွေပြုလုပ်ခဲ့တယ်လို့ The Irrawaddy Burmese Edition က သတင်းဖော်ပြထားပါတယ်။
The Irrawaddy Burmese Edition – https://www.facebook.com/share/p/16NqJs2twm/
စစ်ကော်မရှင်တပ်တွေက ကျောက်မဲမြို့အတွင်းကို ထိုးဖောက်ဝင်ရောက်နေသလို မြို့မှာရှိတဲ့ အဆောက်အဦးတချို့ကို မီးလောင်ဗုံးတွေအသုံးပြုပြီး တိုက်ခိုက်နေတာဖြစ်တယ်ဆိုတာကို ရှမ်းမြောက်အခြေစိုက် မီဒီယာတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကလည်း သတင်းတင်ဆက်ထားပါတယ်။
Shwe Phee Myay News Agency – https://www.facebook.com/share/v/1H7NVGhxbw/
ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျောက်မဲပြန်လည် ရရှိရေးတိုက်ပွဲမှာ လေကြောင်းက Y-12 အမျိုးစား တိုက်လေယာဥ်အပြင် အသေခံဒရုန်းတွေအသုံးပြီး မီးလောင်ဗုံးအပါအဝင် အဆိပ်ဗုံးတွေနဲ့ မြို့ကို တိုက်ခိုက်နေတယ်လို့ Mandalay Free Press ကလည်း သတင်းဖော်ပြထားပါတယ်။
Mandalay Free Press – https://www.facebook.com/share/p/1HJHMwGnD2/
စစ်ကော်မရှင်တပ်က မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဌာနဆိုင်ရာရုံးတချို့ မနေ့က စက်တင်ဘာ ၃၀မှာ မီးလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ TNLAက ဒီကနေ့ မွန်းလွဲအချိန်က သတင်းထုတ်ပြန်ထားပြီး Myanmar Now သတင်းဌာနကလည်း ကျောက်မဲမြို့ရဲ့လက်ရှိအခြေနေနဲ့ပတ်သတ်ပြီး သတင်းရေးသားထားပါတယ်။
TNLA တပ်ဖွဲ့သတင်းထုတ်ပြန်ချက် – https://t.me/taangtv2023/6922
Myanmar Now – https://www.facebook.com/share/p/1Dz9f1Ban7/
သတင်းသုံးသပ်ချက်
ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့တွေ အလုံးစုံထိန်းချုပ်နိုင်တဲ့အချိန်မှာ ကျောက်မဲမြို့မရဲစခန်းမှာ တပ်စွဲနေထိုင်နေသလို သစ်တောရုံးမှာလည်းဝင်ထွက်သွားလာနေတယ်ဆိုတာကိုတွေ့ရပါတယ်။
မီးမလောင်ခင်တရက်အလို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ရက်မှာ TNLAတပ်ဖွဲ့ဝင်တွေက ကျောက်မဲရဲစခန်းအပြင် တခြားနေရာတွေကနေ ကြိုတင်ရွှေ့ပြောင်းသွားခဲ့တာကိုလည်း တွေ့ရပါတယ်။
အဲ့ဒီကျောက်မဲရဲစခန်းမှာ TNLAတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်တွေက လေကြောင်းကနေ မီးလောင်ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် ကျောက်မဲဌာနဆိုင်ရာရုံးတွေနဲ့ ဘုန်းကြီးကျောင်းတွေကို TNLAတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့တယ်ဆိုတဲ့အကြောင်းရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #ကျောက်မဲ #TNLA #မီးရှို့ #လေကြောင်း #လုပ်ကြံပြောဆို #သတင်းမှားဝါဒဖြန့်