သံတွဲမြို့က အေအေစခန်းကို လေကြောင်းနဲ့ တိုက်ခိုက်မှုအပြီး အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုသည့် သတင်းအမှား
Share:FacebookX

သံတွဲမြို့က အေအေစခန်းကို လေကြောင်းနဲ့ တိုက်ခိုက်မှုအပြီး အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုသည့် သတင်းအမှား

သံတွဲလေကြောင်းတိုက်ခိုက်မှု

The Akyab Post/ The Red Flag/MFCN

Fact-Check

29 Sep 2025

ရခိုင်ပြည် သံတွဲမြို့က အေအေစခန်းကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီး အေအေတပ်ဖွဲ့ဝင်များ သေဆုံး ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Telegram မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “ka ka han” ဆိုတဲ့ ချန်နယ်ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “အေအေ အကြမ်းဖက်တွေကို ရွံရှာမုန်းတီးနေတဲ့ ဒေသခံတွေရဲ့ သတင်းပေးချက်အရ စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက သံတွဲမြို့ရှိ အေအေ အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိခိုအောင်းနေတဲ့ နေရာအတိအကျကို လေယာဉ်နဲ့ ဗုံးကြဲချေမှုန်းရှင်းလင်းခဲ့ရာ အေအေ အကြမ်းဖက်အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်…ဒါကို ထုံးစံအတိုင်း ပြည်ဖျက်အကြမ်းဖက်အားပေးမီဒီညာတွေက ပြည်သူတွေ ထိပါတယ်ဆိုပြီး မဟုတ်မမှန် မျက်ရည်ချူအော်နေကြလေရဲ့…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 Ka Ka Han – https://archive.ph/kfpF3 

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ 3.3 k၊ reaction ပြုလုပ်သူ ၆၅ ဦး ထိရှိပြီး ဆက်လက်ပြီး ပျံ့နှံ့လျက်ရှိပါတယ်။ 

📌စစ်သွေး – https://archive.ph/vw7S1 

📌 D.I Thameedaw – https://archive.ph/tS0JC 

📌 MT news Myanmar Transparency   – https://archive.ph/ixp2B 

ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူဟာ အရပ်သားပြည်သူတစ်ဦးသာ ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေပြီးတော့နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးများ ပျက်ဆီးခဲ့တာကို တွေ့ရပါတယ်။ 

▪️သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ သံတွဲမြို့က အေအေစခန်းကို စစ်ကော်မရှင်ဖက်က လေကြောင်းနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်မှုအတွင်း အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ Myanmar Now သတင်းဌာနကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “သံတွဲမြို့ကို ညအချိန် လေယာဉ်ဖြင့် ဗုံးကြဲ၍ ဒေသခံ ၁ ဦး သေကာ ၆ ဦးဒဏ်ရာရ” ဆိုပြီးတော့ ရေးသားထားတဲ့ သတင်းကို အမှားခြစ်ပြီး ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။ 

Myanmar Now ရဲ့ ရေးသားချက်တွေအရ “သံတွဲမြို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ညက လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁ ဦးသေကာ ကလေးများအပါအဝင် ၆ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်းသိရသည်။ သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက်ကို ည ၈ နာရီခွဲခန့်တွင် ဗုံး နှစ်ကြိမ်ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးညီညီ (အသက် ၄၇ နှစ်) သေဆုံးသွားသည်၊ မောင်သန့်ဇင်ဖြိုး( ၆ နှစ် )၊ မောင်အောင်သီဟဖြိုး (၁၄ နှစ်)၊ ဒေါ်ခင်ခင်ဌေး(၃၇ နှစ်) ၊ ဒေါ်ခင်ထွေး(၅၃နှစ်)၊ ဦးထွန်းနိုင်မင်း(၄၂ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုဝင်း (၄၃နှစ်) တို့ဒဏ်ရာရရှိသွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။” လို့ ရေးသား ဖော်ပြထားပါတယ်။ 

🔗 Myanmar Now ရဲ့ သတင်းအပြည့်အစုံ – https://bitly.cx/8rOg 

ဒါ့အပြင် သံတွဲမြို့လေကြောင်းတိုက်ခိုက်ခံရဆိုပြီးတော့ google မှာ keywords နဲ့ ရှာကြည့်တဲ့အခါမှာလည်း မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ DVB နှင့် The Irrawaddy သတင်းဌာနတွေမှာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “သံတွဲကို လေတပ်က ဗုံးကြဲ အရပ်သား ၁ ဦးသေဆုံး၊ ပြည်သူများ ဒဏ်ရာရရှိ” ဆိုပြီးတော့ ရေးသားထားကြပါတယ်။ 

🔗 DVB – https://bitly.cx/3Tqrc 

🔗 The Irrawaddy  – https://bitly.cx/0J6a 

ဒီသတင်းကိုပဲ နိုင်ငံတကာ သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ BBC Burmese ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “သံတွဲမြို့ပေါ် ကို စစ်တပ်ဗုံးကြဲလို့ တစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ငါး ဦးဒဏ်ရာရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။ 

🔗 BBC Burmese – https://bitly.cx/Nga2 

▪️သုံးသပ်ချက်

သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ သံတွဲမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာဟာ စစ်ဘေးရှောင်အရပ်သားပြည်သူတစ်ဦးသာ ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားသာ ဖြစ်နေပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-

https://bitly.cx/ahf2

https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .