သဲဖြူကျွန်းအနီးမှာ အေအေရဲ့ မူးယစ်ဆေးများ ဖမ်းဆီးရမိဆိုကာ ပုံအဟောင်းသုံးပြီး သတင်းမှားဖြန့် 
Share:FacebookX

သဲဖြူကျွန်းအနီးမှာ အေအေရဲ့ မူးယစ်ဆေးများ ဖမ်းဆီးရမိဆိုကာ ပုံအဟောင်းသုံးပြီး သတင်းမှားဖြန့် 

Rakhine Misinformation

Akyab Post/ The Red Flag/MFCN

25 Sep 2025

Fact – check

အခုရက်ပိုင်း Facebook လူမှုကွန်ရက်မှာ ဧရာဝတီတိုင်း သဲဖြူကျွန်းအနီးက ပင်လယ်ပြင်မှာ ၅ ဘီလီယံကျော် တန်ဖိုးရှိပြီး အေအေနဲ့ ဆက်စပ်နေတဲ့  မူးယစ်ဆေးတွေကို ဖမ်းဆီးရမိတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook မှာ သတင်းတုသတင်းမှားတွေကို ဖြန်လေ့ရှိတဲ့ ARF Burmese page ကနေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ “လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သဲဖြူကျွန်း အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ် စက်လှေတစ်စင်းအား စစ်ဆေးရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့သည်။နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ဆေးမှုအတွင်း စက်လှေ AA-01312 မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂ သိန်းခန့်ကို သိမ်းဆည်းနိုင်ခဲ့ပြီး၊ ဒေသကာလ တန်ဖိုးငွေကျပ် ၅ ဒသမ ၂၄ ဘီလီယံကျော်ရှိသည်ဟု ခန့်မှန်းထားသည်။ ထိုစက်လှေကို ဦးထွန်းနိုင်က ဦးဆောင်သယ်ဆောင်နေခဲ့ပြီး၊ တရားခံအဖြစ် ဖမ်းဆီးခံရသည်။ ဦးထွန်းနိုင်က မူးယစ်ဆေးဝါးများသည် အေအေအဖွဲ့နှင့် ပတ်သက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ လုံခြုံရေးအဖွဲ့များက ဆက်လက်စုံစမ်းဆဲဖြစ်ပြီး၊ တရားဥပဒေအရ ဆောင်ရွက်သွားမည်ဟု သိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 ARF Burmese – https://archive.ph/phmzS 

ဒီပို့စ်ကို စတင်ဖြန့်ဝေတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၂၄ ရက်နေ့အထိ reaction ပြုလုပ်သူ ၁၁၇ ဦး၊ comment ပေးသူ ၂ဦးနဲ့ share ပြုလုပ်သူ ၃၁ ဦးထိရှီပြီးတော့ Facebook စာမျက်နှာမှာ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook လူမှုကွန်ရက်မှာ သဲဖြူကျွန်းအနီးက ပင်လယ်ပြင်မှာ ၅ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အေအေနဲ့ ဆက်စပ်နေတဲ့  မူးယစ်ဆေးတွေကို ဖမ်းဆီးရမိဆိုတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့က  ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းအနောက်မြောက်ဘက်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို အေအေဖက်ရဲ့ မူးယစ်ဆေးတွေပါဆိုပြီး စစ်ကော်မရှင်ပြန်ကြားရေးရဲ့ ပုံအဟောင်းတွေကို သုံးပြီးတော့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။​  

🔗 စစ်ကော်မရှင်ရဲ့ “Ministry of Information” ထုတ်ပြန်ချက်အပြည့်အစုံ – https://archive.ph/xh7Ia 

ဒါ့အပြင် ဒီအကြောင်းအရာကိုလည်း စစ်ကော်မရှင်ရဲ့ သတင်းဌာနတစ်ခုဖြစ်ကြတဲ့ Eleven ကနေလည်း ၂၀၂၄ ခုနှစ် မတ်လ ရက်မှာ “ပုသိမ်မြို့ရှိ ပင်လယ်ပြင်၌ စက်လှေတစ်စီးအား စစ်ဆေးရာ ကျပ် ၅ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ သိန်းကျော် ဖမ်းဆီးရမိ”  ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။ 

🔗 Eleven ရဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/A92GA 

အခြားစစ်ကောင်စီရဲ့ စစ်ကော်မရှင်ဝါဒဖြန့်သတင်းဌာနတစ်ခုဖြစ်တဲ့ NP News ကနေလည်း ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ “မြန်မာ့ပင်လယ်ပြင်တွင် စက်လှေတစ်စီးပေါ်မှ ငွေကျပ် ၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ” ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်။ 

🔗 NP News ရဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/0koKR 

စစ်ကော်မရှင်ရဲ့ သတင်းနဲ့ ပြန်ကြားရေး ထုတ်ပြန်ချက်တွေနဲ့ စစ်ကော်မရှင်စီမီဒီယာတွေရဲ့ ရေးသား ဖော်ပြချက်တွေမှာ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းကျေးရွာအနီးမှာ ငွေကျပ် ၅ ဘီလျံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးခဲ့ရတာတွေ့ရပေမဲ့ အာရက္ခတပ်တော် အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီးတော့ ရေးသားထားတာမျိုးမရှိပါဘူး။ 

▪️သတင်းစိစစ်ချက် 

Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။ 

အဆိုပါ အကြောင်းအရာကို လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာတွေမှာ သတင်းဖော်ပြထားတာမျိုးမရှိဘဲ၊ စစ်ကော်မရှင် ဝါဒဖြန့်သည့် မီဒီယာတွေမှာ တင်ထားတာကိုတွေ့ရှိရပါတယ်။ 

▪️သုံးသပ်ချက် 

Facebook လူမှုကွန်ရက်မှာ သတင်းတု သတင်းမှားတွေကို ဖြန့်နေတဲ့ “ARF Burmese” page ကနေ သဲဖြူကျွန်းအနီးမှာ အေအေရဲ့ မူးယစ်ဆေးများ ဖမ်းဆီးရမိဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်ကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေရဲ့ ရေးသားချက်တွေနဲ့  တိုက်ကြည့်တဲ့အခါ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးတွေကုန်သည်တွေရဲ့ ပုံအဟောင်းကို သုံးပြီးတော့ အေအေမူးယစ်ဆေးတွေကို ဖမ်းဆီးရမိပါတယ်ဆိုပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။

ယခင်ကလည်း “ARF Burmese” page ဟာ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေအပါအဝင်  စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူတွေကို သတ်ဖြတ်နေပါတယ်၊  မူးယစ်ဆေးတွေနဲ့ အေအေကို စွပ်စွဲတဲ့ ရေးသားချက်တွေကို ရေးသားဖော်ပြခဲ့ပါတယ်။ 

✅ Akyab Post ကနေ မူးယစ်ဆေးနဲ့ ပတ်သက်လို့ စစ်ဆေးထားတဲ့ Debunking factcheck –   ​https://www.facebook.com/share/v/19nTkCRAEU/ 

ARF Burmese  page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – 

https://www.facebook.com/share/p/17751dw6o2/ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက် တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .