သပိတ်ကျင်းလေကြောင်းတိုက်ခိုက်မှုမှာ TNLA/ PDF တွေသေဆုံးဆိုတဲ့ သတင်းအမှား
၂၀၂၅၊ စက်တင်ဘာလ၊ ၂၃ရက်။
(Fact-check _DNA/ The Red Flag)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နဲ့ စဥ့်ကူးမြို့တွေမှာရှိတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့က စက်တင်ဘာလ၊ ၂၁ရက်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိနေတယ်လို့ ဒေသခံပြည်သူတွေက သတင်းပေးတာကြောင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းမှားတခု တယ်လီဂရန်ချန်နယ်တွေမှာ ပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းရာကို 24 HOUR NEWS ဆိုတဲ့ စစ်ကော်မရှင်လော်ဘီချန်နယ်တခုကနေ “မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာ ဘက်မှာ အကြမ်းဖက် TNLA/PDF တွေစုဖွဲ့နေကြောင်း ဒေသခံပြည်သူတွေက နေရာအတိအကျသတင်းပေးပို့ခဲ့တာကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့က အမြန်ဆုံးငရဲပြည်ရောက်အောင် လေကြောင်းကနေ တိုက်ခိုက်ရှင်းလင်းခဲ့”လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားတာပါ။
သတင်းမှားလင့်
https://archive.ph/JjZGk
https://archive.ph/LJOfa
https://archive.ph/JpFni
ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ စစ်ကော်မရှင်တပ်တွေလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေက တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသခံအရပ်သားထိခိုက်သေဆုံးမှုဖြစ်တာကို တွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ဝေးတဲ့ သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ ကျောက်ဖြာရွာကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄ဦးသေဆုံးခဲ့ပြီး ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ အကြောင်းကို Myanmar Now က မနေ့က စက်တင်ဘာလ ၂၂ရက်မှာ သတင််းဖော်ပြထားပါတယ်။
Myanmar Now – https://myanmar-now.org/mm/news/67892/
စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ မနေ့က စက်တင်ဘာ ၂၁ရက်၊ မွန်းလွဲ ၂နာရီဝန်းကျင်က Y-12 အမျိုးစားလေယာဥ်နဲ့ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Mandalay Free Press – MFPက သတင်းရေးသားထားပါတယ်။
Mandalay Free Press – MFP – https://www.facebook.com/share/p/1BMcQQ7cv2/
ဒါ့အပြင် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂၁ရက် နေ့လည် တနာရီဝန်းကျင်မှာ စဥ့်ကူးမြို့ နဂါးမောက်တောင်ပေါ်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။
The Irrawaddy – Burmese Edition – https://www.facebook.com/share/p/1GKbpxu6qa/
Shwe Phee Myay News Agency – https://www.facebook.com/share/p/174P222TrA/
People’s Spring – https://www.facebook.com/share/p/1Co52EiU47/
သတင်းသုံးသပ်ချက်
စစ်ကော်မရှင်လော်ဘီချန်နယ်တွေက ဒေသခံပြည်သူတွေသတင်းပေးလို့ လေကြောင်းတိုက်ခိုက်ခဲ့ရတာဖြစ်တယ်လို့ ဝါဒဖြန့်ရေးသားထားပေမယ့် လေကြောင်းကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့သူတွေက ဒေသခံအရပ်သားပြည်သူတွေဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
စစ်ကော်မရှင်တပ်တွေလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၄ဦးသေဆုံးခဲ့ပြီး ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေက အရပ်သားသေဆုံးမှုကို ဖုံးကွယ်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေလို့ သတင်းအမှားဖြန့်ဝေတာကိုတွေ့ရပါတယ်။
ဒါကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တွေဖြစ်လို့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းရာမှာမှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သပိတ်ကျဥ်း #လေကြောင်းတိုက်ခိုက် #အရပ်သားထိခိုက်သေဆုံး #စဥ့်ကူး #သတင်းမှားဝါဒဖြန့်