ကျောက်ဖြူ မင်းတပ်တောင်စခန်းကို စစ်ကော်မရှင်တပ်မှနေ ထိန်းချုပ်ဆိုကာ သတင်းအမှားဖြန့်
Share:FacebookX

ကျောက်ဖြူ မင်းတပ်တောင်စခန်းကို စစ်ကော်မရှင်တပ်မှနေ ထိန်းချုပ်ဆိုကာ သတင်းအမှားဖြန့်

rakhine misinfomation

20 Sep 2025

Fact-check

Akyab Post/ MPA/ The Red Flag

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ မင်းတပ်တောင်စခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ရရှိ ထားကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။ 

စစ်တပ်လော်ဘီ “U Kyaw Soe Oo” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၁၈ရက် နံနက်အစောပိုင်းတွင် “ကျောက်ဖြူမြိုနယ် မင်းတပ်တောင်ကို တပ်မတော် ပြန်လည် ထိန်းချုပ် ရရှိသွားကြောင်းပါ”ဟု (မူရင်းရေးသား ချက်အတိုင်း) ဖြန့်ဝေထားသည်။ 

ထိုသို့ ဖြန့်ဝေထားသော အကြောင်းအရာကို စက်တင်ဘာ ၁၉ရက် ညပိုင်းအထိ ဖတ်ရှုသူ ၁၉,၀၀၀ကျော်၊ Like and react ပေးသူ ၈၀၀ ကျော်ရှိပြီး အခြားသော လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေထားကြသည်။ 

သတင်းအမှားလင့်ခ်များ

📌 U Kyaw Soe Oo – https://archive.ph/V371b 

📌 Snow Queen   – https://archive.ph/ht8Yd 

📌 Ye Yint Htet   – https://archive.ph/moIXk 

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-checking Network၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA နှင့် Akyab Post ကို ပူးပေါင်း၍ အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ 

▪️ သတင်းစီစစ်ချက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ မင်းတပ်တောင်ရွာတွင်ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေအား သိရှိနိုင်ရန် Google တွင် “ကျောက်ဖြူ မင်းတပ်တောင် တိုက်ပွဲ” ဟု ရေးသားရှာဖွေရာ ရခိုင်ပြည်နယ်သတင်းဌာန များက သတင်းရေးသားဖော်ပြထားကြသည်။ 

Narinjara TV News က စက်တင်ဘာ ၁၅ရက်တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းအာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသည် ပိုမိုပြင်းထန်လာပြီး စစ်ကော်မရှင်ဘက် က အကျအဆုံး များနေကြောင်း၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကား ၅ စီးဖြင့်  အမှတ်(၃၂)ရဲ တပ်ရင်းကို လက်နက်အင်အား၊ လူအင်အားများ ဖြည့်တင်းခဲ့သည်ဟုမြေပြင်စစ်ရေးသတင်းအရင်းအမြစ် ကို မေးမြန်း၍ သတင်းဖော်ပြထားသည်။ 

🔗 သတင်းလင့်ခ် – https://bitly.cx/K25rJ 

 Western News သတင်းဌာနက စက်တင်ဘာ ၁၈ရက် နံနက် ၁၁နာရီကျော်တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ နယ် အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေကြောင်း၊ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံး အများအပြားနှင့် အထိနာလျက်ရှိကြောင်း သတင်းရင်းမြစ်များကို မေးမြန်း၍ သတင်းဖော်ပြထားသည်။

🔗 သတင်းလင့်ခ် –  https://bitly.cx/lJHc 

ဆက်လက်ပြီး Western News က စက်တင်ဘာ ၁၉ရက် နံနက် ၁၁နာရီကျော်တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ နယ်တွင် အာရက္ခတပ်တော် AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၌ အောင်ပွဲရနေကြောင်း စစ်ကောင်စီ လော်ဘီများက လူမှုကွန်ရက်စာမျက်နှာများတစ်ဆင့် ဓါတ်ပုံနှင့်တကွ ဝါဒဖြန့်နေကြောင်း သတင်းရေးထား သည်။ 

🔗 သတင်းလင့်ခ် – https://bitly.cx/bJ18r 

ဒီသတင်းနဲ့ ဆက်စပ်လို့ မြန်မာဒေသတွင်း သတင်းမီဒီယာတွေဖြစ်ကြတဲ့ Mizzima၊ DVB နဲ့ “သံလွင်ခက်” သတင်းဌာနတွေမှာလည်း ကျောက်ဖြူတ်ိုက်ပွဲမှာ ပြင်းထန်နေတာကြောင့် စစ်ကောင်စီနဲ့ အေအေဖက်ကနေ ထိပ်တိုက်တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်းကို ရေးသားဖော်ပြထားကြပါတယ်။​

🔗 Mizzima – https://bitly.cx/JEZx3 

🔗 DVB – https://bitly.cx/GgSDD 

🔗 “သံလွင်ခက်” – https://bitly.cx/2PrZd 

▪️ သုံးသပ်ချက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရှင်တပ်တို့ ဖြစ်ပွားနေသော တိုက်ပွဲသည် ပြင်းထန်လျက်ရှိပြီး၊ စစ်တပ်ဘက်က အကျအဆုံးများနေကြောင်း ဒေသခံသတင်းရင်းမြစ်များ ကို မေးမြန်း၍ သတင်းဌာနများက သတင်းဖော်ပြထားသည်။ 

စစ်ကော်မရှင်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေထားသော “မင်းတပ်တောင်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်” ဟု ရေးသားထားခြင်းသည် လိုရာဆွဲရေးသားထားသော သတင်းအမှားဖြစ်သည်။ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်မြေစိုးမိုးသိမ်းပိုက်မှု ရရှိရန် အပြန်အလှန် တိုက်ခိုက်နေလျက်ရှိသည်။ 

စစ်မြေပြင်သတင်းများသည် အချိန်နှင့် တပြေးညီ နယ်မြေသိမ်းပိုက် စိုးမိုးမှုရှိနိုင်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနများက သတင်းများကို ဖတ်ရှု၍ အတည်ပြုချက်ရယူနိုင်ပါသည်။ 

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင်  အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ  အချက်အလက် စစ်ဆေးထားသော သတင်းများကို  အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork    

#MFCN #MPA #AkyabPost #Fact_Check #တိုက်ပွဲ #ရခိုင် #ကျောက်ဖြူ 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .