ရုပ်ပုံအဟောင်းကိုသုံးပြီး တောင်သာPDFတွေကိုဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သတင်းမှားဖြန့် 
Share:FacebookX

ရုပ်ပုံအဟောင်းကိုသုံးပြီး တောင်သာPDFတွေကိုဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သတင်းမှားဖြန့် 

ရုပ်ပုံအဟောင်းကိုသုံးပြီး တောင်သာPDFတွေကိုဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ သတင်းမှားဖြန့် 

 

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ ၁၉ရက်။

(Fact-check _DNA/ The Red Flag) 

 

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ တောင်သာမှာစစ်ကော်မရှင်တပ်ကနေ မနေ့က စက်တင်ဘာလ၊ ၁၈ရက်မှာ လေကြာင်းအသုံးပြုပြီး တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတခုဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီသတင်းကို စစ်ကော်မရှင်တပ်ရဲ့ လော်ဘီမီဒီယာတခုဖြစ်တဲ့ Truth Media ကနေ “တောင်သာPDF ကင်တောင်သာPDFတွေကကြွတ်ယွကုန်တယ်။ လုပ်ရင်ဒီလိုအပြတ်ဖြတ်သာဓုသာဓုသာဓု” လို့ (မူရင်းအတိုင်း) စတင်ဖြန့်ဝေထားပြီး တခြားလော်ဘီချန်နယ်တွေမှာလည်း ပြန်လည်ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။ 

 

သတင်းမှားလင့် 

https://archive.ph/3ZJ7h 

 

ပျံ့နှံ့နေတဲ့အဲ့ဒီအကြောင်းရာနဲ့ ရုပ်ပုံကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ ပြီးခဲ့ မတ်လ၊ ၂၂ရက်နဲ့ ၂၃ရက်တွေမှာ စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြုပြီး မြင်းခြံ လက်ဝဲကုန်းနှီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ပုံကို အသုံးပြုထားတာဖြစ်တာကိုတွေ့ရှိရပါတယ်။

မူရင်းပုံပါ သတင်းလင့် – https://www.facebook.com/share/p/1APzSvvwPc/ 

 

သတင်းစိစစ်ချက်

 

အင်အား ၁၀၀ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းက ပြီးခဲ့စက်တင်ဘာ ၁၁ရက်က မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာရှိတဲ့ ရုံးစည်ကြီးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေသလို၊ ရွာမှာရှိတဲ့ဒေသခံအမျိုးသမီးတွေကိုလည်း အဓ္ဓမပြုကျင့်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 

သတင်းလင့် –

မြေလတ်အသံ – Myaelatt Athan  – https://www.facebook.com/share/p/16wcJEv1Ub/ 

 

ဒါ့အပြင် မြင်းခြံခရိုင်၊ တောင်သာနယ်မှာရှိတဲ့ ရုံးစည်ကြီးရွာနဲ့ သံဘိုရွာကို အဲ့ဒီအင်အား၁၀၀ကျော်ပါ  စစ်ကောင်စီစစ်ကြောင်းက မနေ့က စက်တင်ဘာလ ၁၈ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာကိုလည်း လွပ်လပ်တဲ့ သတင်းမီဒီယာဌာနတွေမှာ သတင်းရေးသားဖော်ပြထားပါတယ်။

သတင်းလင့် – 

Mandalay Free Press – MFP – https://www.facebook.com/share/p/19ULdjzcJM/ 

 

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီးတဲ့နောက် မနေ့ကစက်တင်ဘာလ၊ ၁၈ရက် မနက်ပို ၁၀နာရီကျော်ဝန်းကျင်မှာပဲ မြင်ခြံမြို့နယ်၊ ကျောက်တိုင်ရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီလိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတပါး ပျံလွန်တော်မူခဲ့သလို အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းဌာနတွေမှာရေးသာဖော်ပြထားပါတယ်။

သတင်းလင့်များ

မြေလတ်အသံ – Myaelatt Athan – https://www.facebook.com/share/p/1EU8u4iwEg/ 

Mandalay Free Press – MFP – https://www.facebook.com/share/p/19T41cZSoZ/ 

Myanmar Press Photo Agency – https://www.facebook.com/share/p/1BeAT2p1gv/ 

 

သတင်းသုံးသပ်ချက်

 

မြင်းခြံမြို့နယ်မှာ စစ်ကော်မရှင်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါးပျံလွန်တော်မူခဲ့ပြီး အမျိုးသမီးတဦး ထိခိုက်ခဲ့တာဖြစ်လို့ စစ်ရေးမဟုတ်တဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။

 

စစ်ကော်မရှင်တပ်တွေက ဒေသခံတွေရှိတဲ့ ရပ်ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးတာတွေနဲ့ ဒေသခံအမျိုးသမီးတွေကို အဓ္ဓမပြုကျင့်တာ၊ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

 

ဒါ့အပြင် စစ်ကော်မရှင်တပ်ရဲ့လော်ဘီချန်နယ်တွေမှာ ဖြန့်ဝေနေတဲ့ ပုံကလည်းပြီးခဲ့တဲ့မတ်လ၊ ၂၂ရက်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေနဲ့ သာသနာ့အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ပုံဖြစ်တာကိုလည်း တွေ့ရပါတယ်။

 

ဒါ့ကြောင့် စစ်ကော်မရှင်တပ်က မနေ့က စက်တင်ဘာက ၁၈ရက်နေ့မှာ လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့တယ်ဆိုတဲ့အ ကြောင်းရာမှာ မှားယွင်းနေပြီး အရပ်သားထိခိုက်သေဆုံးတာကို ဖုံးကွယ်ဖြန့်ဝေနေတဲ့ သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ 

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #အရပ်သားထိခိုက်သေဆုံး #တောင်သာ #မြင်းခြံ #လေကြောင်းတိုက်ခိုက် #သတင်းမှားဝါဒဖြန့် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .