Fact-check
Akyab Post/ MPA/ The Red Flag/ MFCN
12 Sep 2025
ရခိုင်ပြည် ကျောက်တော်မြို့နယ်က သရက်တစ်ပင်ကျေးရွာကို စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေတပ်သား ၂၀ ကျော် သေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက် ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်” ချန်နယ်ကနေ စက်တင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်တော်အေအေကိုထပ်မံဗုံးကြဲ၊၂၀ကျော်သေဆုံး ၂၀ ကျော်တိုပြတ်ဖွါဒဏ်ရာရ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်း အေအေစခန်းအား ဗုံးကြဲမှုကြောင့် သေဆုံးတိုပြတ် ထိခိုက်ဒဏ်ရာရများပြားသွားကြောင်း ကနဦး သတင်းရရှိသည်။ ယနေ့ စက်တင်ဘာ၁၂ရက် နံနက်၁နာရီကျော်တွင် အဆိုပါ ကျောင်းသား အေအ အဆောင်အား ဗုံး၂လုံးကြဲချခဲ့ခြင်းဖြစ်သည်။ တိုပြတ်ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန် စုတ်ဖွါလန်နေသူများပါဝင်နေပြီးအေအေ အဆောင်၄ဆောင်ထက် မနည်းလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 နေပြည်တော် – https://archive.ph/BnpAP
“နေပြည်တော်” ချန်နယ်ကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၁၂ ရက်နေ့အတွင်းမှာ ဝင်ရောက်ဖတ်ရှုသူ 5.1 k ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၇ ဦိးနဲ့ comment ပေးသူ ၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
ဒီပို့စ်ကိုပဲ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ View Of Sue၊ “မှိုင်းဝေ”၊ “ဘညွန့်”၊ Ka Ka Han၊ ဟန်ငြိမ်းဦး၊ Ko Thet၊ May Yu Htar Nay၊ Wesrern 24 News၊ Shwe Myanmar စတဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ARF Burmese Facebook Page မှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူတွေဟာ အေအေစစ်သားတွေဆိုပြီးတော့ ရေးသားဖြန့်ချိထားကြပါတယ်။
📌 View of Sue – https://archive.ph/RQy6R
📌 မှိုင်းဝေ – https://archive.ph/TT7E9
📌 ဘညွန့် – https://archive.ph/UWMFQ
📌 Ko Thet – https://archive.ph/GG7aN
📌 Ka Ka Han- https://archive.ph/vfBwg
📌 ဟန်ငြိမ်းဦး – https://archive.ph/wip/36DK8
📌 ARF Burmese – https://archive.ph/VbmVL
📌 Shwe Myanmar – https://archive.ph/6ED3o
📌 May Yu Htar Nay – https://archive.ph/NXGIl
📌 Western 24 News – https://archive.ph/c25Vb
ဒီပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေစစ်သားတွေမဟုတ်ဘဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါဝင်နေပြီးတော့၊ ဗုံးကြဲခံရတဲ့နေရာဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ဖြန့်ထားသလိုမျိုး အေအေစစ်သင်တန်းကျောင်းမဟုတ်ဘဲ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းသာ ဖြစ်နေတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။
▪️ သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေတပ်သားတွေ ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ စက်တင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာ ပညာပန်းခင်းကျောင်းအား အကြမ်းဖက်လေတပ်က ဗုံးကြဲတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ” ဆိုပြီးတော့ ရေးသားထားပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားချက်တွေအရ “သရက်တပင်ကျေးရွာမှ ပညာပန်းခင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၁၉ ဦးနှင့် အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားသုံးဦး၊ စုစုပေါင်း ၂၂ ဦးတို့ကို နာမည်နဲ့တကွ ဖော်ပြထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် အနီးအနားမှာရှိတဲ့ နေအိမ်တွေက အရပ်သားတွေအပါအဝင် စုစုပေါင်း ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူများတွင် ဆက်လက်သေဆုံးနိုင်ဖွယ်ရှိသူများ ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Narinjara သတင်းဌာနရဲ့ သတင်းများ – https://bitly.cx/vtMLm
🔗 Narinjara သတင်းဌာနရဲ့ သတင်းများ – https://bitly.cx/Id3LK
ဒါ့အပြင် ကျောက်တော်မြို့စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရဆိုတဲ့ Keywords နဲ့ Google မှာ ရှာကြည့်တဲ့အခါမှာလည်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေ စက်တင်ဘာလ ၁၂ရက်နေ့မှာ “အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ်ကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်၊ မနက် ၁ နာရီ ၅ မိနစ်ခန့်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့လို့ သေဆုံးသူအရေအတွက် အယောက် ၂၀ အထိရှိလာ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
🔗 BBC Burmese – https://bitly.cx/oaTKg
ကျောက်တော်မြို့နယ် သရက်တပင်က ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေသေဆုံးတယ်ဆိုတဲ့ သတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DMG နဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ The Irrawaddy၊ DVB၊ Myanmar Now၊ MPA၊ Mizzima စတဲ့ သတင်းဌာနတွေကနေ ရေးသားဖော်ပြထားကြပါတယ်။
🔗 The Irrawaddy – https://bitly.cx/TNI2
🔗 DMG – https://bitly.cx/YW2s
🔗 MPA – https://bitly.cx/a2rDk
🔗 Myanmar Now – https://bitly.cx/TRd1g
🔗 DVB – https://bitly.cx/Svup
🔗 Mizzima – https://bitly.cx/AAmQz
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်တော်မြို့နယ် သရက််တစ်ပင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ အေအေတပ်သားတွေ မဟုတ်ကြဘဲ အသက်မပြည့်ကြသေးတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေသာဖြစ်ကြပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပျက်စီးသွားတဲ့ အဆောက်အဦးဟာလည်း အေအေရဲ့ စခန်းဆိုတဲ့ အချက်အလက်ကို မတွေ့ရှိရပါဘူး။
▪️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးတဲ့သူတွေဟာ အာရက္ခတပ်တော်ရဲ့ စစ်သားဖြစ်တယ် ဆိုတာကို မတွေ့ရှိရပါဘူး။
လေကြောင်းတိုက်ခိုက်လို့ သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအများစု ပါဝင်နေပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA