တာဝေးမာရသွန်ပြိုင်ပွဲမှာ ဦးကျော်သူသမီးဖြစ်သူမြန်မာဝတ်စုံနဲ့အပြေးပြိုင်ခဲ့တာမဟုတ်ဘူးလို့ စစ်အုပ်စု သတင်းမှားဖြန့် 
Share:FacebookX

တာဝေးမာရသွန်ပြိုင်ပွဲမှာ ဦးကျော်သူသမီးဖြစ်သူမြန်မာဝတ်စုံနဲ့အပြေးပြိုင်ခဲ့တာမဟုတ်ဘူးလို့ စစ်အုပ်စု သတင်းမှားဖြန့် 

တာဝေးမာရသွန်ပြိုင်ပွဲမှာ ဦးကျော်သူသမီးဖြစ်သူမြန်မာဝတ်စုံနဲ့အပြေးပြိုင်ခဲ့တာမဟုတ်ဘူးလို့ စစ်အုပ်စု သတင်းမှားဖြန့် 

 

၂၀၂၅ စက်တင်ဘာလ၊ ၈ရက်။

(Fact-check _DNA/ The Red Flag)

 

ဩစတြေးလျနိုင်ငံမှာ ပြီးခဲ့တဲ့ ဩဂုတ်လ၊ ၃၁ရက်က ပြုလုပ်ခဲ့တဲ့ ဆစ်ဒနီမာရသွန်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးတဦး ရိုးရာဝတ်စုံဆင်မြန်းပြီး တာဝေးမာရသွန်အပြေးပြိုင်ပွဲဝင်ပြိုင်ခဲ့တယ်ဆိုတာ လုပ်ကြံပြောဆိုနေတဲ့အကြောင်းရာတခုသာဖြစ်တယ်ဆိုတဲ့အကြောင်း သတင်းမှားတခုလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာကို ပြီးခဲ့တဲ့ စက်တင်ဘာ၅ရက်မှာ @sanhtay7630ဆိုတဲ့ tiktok အကောင့်ပိုင်ရှင်ကနေ တာဝေးပြေးသူ မမြင့်မိုရ်ဦးရဲ့ရုပ်ပုံကို AI (Artificial Intelligence)  ရုပ်သံတိုတခုဖြန့်ဝေထားပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေက “မီဒီယာ တွေကနေ မြန်မာပြည်သူတွေကို ဂျင်းထည့်တာ သူတို့အတွက် သိပ်လွယ်ခဲ့တယ်။ ပြစမ်းပါအုံး မြန်မာဝတ်စုံ” (မူရင်းအတိုင်း)စာသားတွေနဲ့ဖြန့်ဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

https://archive.ph/wip/JPbkC 

https://archive.ph/rlxHl 

 

ပျံ့နှံ့လာတဲ့ အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ ဂင်းနစ်စံချိန်တင်မြန်မာ့ရိုးရာဝတ်စုံနဲ့ တာဝေးပြေးနေတဲ့ မမြင့်မိုရ်ဦးရဲ့ရုပ်ပုံကို AI အသုံးပြုဖန်တီးထားတာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

ရုပ်ပုံကိုစစ်ဆေးကြည့်တဲ့အခါမှာ မမြင့်မိုရ်ဦးဟာ မြန်မာရိုးရာရင်ဖုံး၊ ထဘီ၊ ပဝါခြုံထားတဲ့အပြင် ပိတောက်ပန်းတွေပါပန်ဆင်ထားခဲ့ပြီး ပြိုင်ပွဲဝင်နေတဲ့ပုံကို AI အသုံးပြုပြီးဖန်တီးခဲ့တာကြောင့် ရိုးရာထဘီကနေ ဘောင်းဘီအဖြစ် အဲ့ဒီပျံ့နှံ့နေတဲ့ရုပ်သံမှာပြောင်းလဲသွားခဲ့တာကိုတွေ့ရပါတယ်။

 

Image Whisperer ဆိုတဲ့ Aiနဲ့ပြုလုပ်ထားတဲ့ ရုပ်ပုံတွေ Videoတွေကို စစ်ဆေးဖော်ထုတ်ပေးနဲ့ ဝဘ်ဆိုက်မှာ ဒီရုပ်ပုံကိုစစ်ဆေးကြည့်တဲ့အခါမှာလည်း “ Ai-Generated” (Aiနဲ့ပြုလုပ်ထားတဲ့ရုပ်သံ)ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

Image Whisperer –  file:///Users/khin/Downloads/image_whisperer_report_1757325401952.pdf 

 

ဒါ့အပြင် ၁၀စက္ကန့်အချိန်ကြာမြင့်တဲ့ အဲ့ဒီ AI ဖန်တီးထားတဲ့ရုပ်သံရဲ့ ၈စက္ကန့်မြောက်မှာ  မမြင့်မိုရ်ဦးရဲ့ ဘယ်ဘက် မျက်နှာချင်းဆိုင်က ပြေးလွှားနေတဲ့ ဘောင်းဘီအပြာဝတ်အမျိုးတဦးက ရုတ်တရက်ပျောက်ကွယ်သွားတာကိုလည်း တွေ့ရှိရပါတယ်။

 

လွတ်လပ်ပြီး အမှီခိုကင်းတဲ့သတင်းဌာနတခုဖြစ်တဲ့ DVB – TVNews သတင်းဌာနကလည်း ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ မာရသွန်ပြိုင်ပွဲမှာ  မမြင့်မိုရ်ဦးက မြန်မာဝတ်စုံရင်ဖုံးအင်္ကျီ၊ ထဘီနဲ့ ပဝါခြုံကာ ဝင်ရောက်ပြိုင်ပွဲခဲ့တာဖြစ်ကြောင်း အဲ့ဒီပြိုင်ပွဲကိုသွားရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ်တဦးကိုမေးမြန်းပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ၊ ၁ရက်က သတင်းဖော်ပြထားပါသေးတယ်။

သတင်းလင့် – https://www.dvb.no/post/722018 

 

မမြင့်မိုရ်ဦး ပြိုင်ပွဲဝင်နေစဥ်အတွင်းမှာ ရိုက်ကူးထားတဲ့ရုပ်သံဖိုင်ထဲမှာလည်း မြန့်မာရိုးရာဝတ်စုံ ထဘီ၊ ရင်ဖုံးကိုဝတ်ဆင်ပြီး ပြိုင်ပွဲဝင်နေတာဖြစ်ပြီး ဘောင်းဘီလိုမျိုးပြောင်းလဲသွားတာမျိုးမရှိတာကိုလည်း သူမရဲ့ ကိုယ်ပိုင်လူမှုစာမျက်နှာမှာ ဖော်ပြထားတဲ့ ရုပ်သံမှာလည်း အတည်ပြုကြည့်ရှုနိုင်ပါတယ်။

သတင်းလင့် – https://www.facebook.com/share/r/1B9xUUETcR/ 

 

ဒါ့အပြင် မမြင့်မိုရ်ဦးဟာ မြန်မာရိုးရာဝတ်စုံဖြစ်တဲ့ ရင်ဖုံး၊ တဘီနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာကြောင်း ဂင်းနစ်စံချိန်တင်ခဲ့ပါသေးတယ်။

ဖတ်ရှုရန်လင့် – https://www.facebook.com/share/p/1FMfubzJt1/ 

 

သတင်းသုံးသပ်ချက် 

 

ပျံ့နှံ့လာတဲ့အဲ့ဒီ ချိတ်ထဘီကိုဘောင်းဘီအဖြင့်ပြောင်းလဲပြေးလွှားနေတဲ့ရုပ်သံဖိုင်က AI နဲ့ပြုလုပ်ထားတဲ့ ရုပ်သံဖိုင်ဖြစ်တာကိုတွေ့ရှိရပြီး လုပ်ကြံဖန်တီးထားတဲ့ ရုပ်သံဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Guinness #Marathon #မြန့်မာရိုးရာဝတ်စုံ #ဂင်းနစ်စံချိန်တင် #သတင်းမှားဝါဒဖြန့် #AiFakevideo

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .