DKBA ထိန်းချုပ်ထားသော ဆေးရုံကို KNLA အဖွဲ့ ဗုံးကြဲဆိုသည့် သတင်းအမှား
Share:FacebookX

DKBA ထိန်းချုပ်ထားသော ဆေးရုံကို KNLA အဖွဲ့ ဗုံးကြဲဆိုသည့် သတင်းအမှား

7 Sep 2025 Fact-check- Myanmar Pressphoto Agency၊ The Red Flag

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသော ဆေးရုံကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်တော်(KNLA) အဖွဲ့က ဗုံးကြဲဟု စစ်တပ်ထောက်ခံသော ဝါဒဖြန့်သူများက သတင်းအမှားဖြန့်ဝေလျက် ရှိသည်။

“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၄ရက် နံနက် ၁၀နာရီကျော်တွင် “ DKBAထိန်းချုပ် ရာ ကျောက်ခက်ဆေးရုံကိုKNLAက အသေခံဒရုန်း၂ကြိမ်တိုက်ခိုက် မြဝတီမြိုနယ်၊ ကျောက်ခက်ရွာ ဆေးရုံပေါ်ကို KNLAက အသေခံဒရုန်းနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ် လို့ ပြောပါတယ်” ဟု (မူရင်းရေးသားချက်အတိုင်း) အဆောက်အဦး ထိခိုက်ပျက်စီးနေသော ဓာတ်ပုံများနှင့်အတူ ဖြန့်ဝေထားသည်။ သတင်းအမှားလင့်ခ် – https://archive.ph/mQYRG

ထိုသို့ ဖြန့်ဝေထားမှုအား အခြားသော စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များစွာက ကူးယူးဖြန့်ဝေ ထားသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအမှားလင့်ခ်များ

Kyaw Swar – https://archive.ph/Q6abN
U Nay Win – https://archive.ph/Dbi2e

ထို့အပြင် “မြဝတီဟစ်တိုင်” ဖေ့ဘွတ်ခ်ဂရုတွင်လည်း အဆိုပါ သတင်းအကြောင်းအရာကို ဖြန့်ဝေထားသည်။

ဖြန့်ဝေထားသော လင့်ခ် – https://archive.ph/8nJ0s

စစ်တပ်ထောက်ခံသူများ တယ်လီဂရမ်နှင့် ဖေ့ဘွတ်ခ်တွင် ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သော MPA က သတင်းအချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

သတင်းစိစစ်ချက်

ဖြန့်ဝေထားသော အကြောင်းအရာတွင် ပါဝင်သော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေရာ “KIC, CJ Platform သတင်းဌာနတို့က သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။

အဆိုပါ သတင်းဌာနများတွင် မြဝတီမြို့တောင်ဘက် DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခက်ဒေသရှိ ဆေးရုံ ဟောင်းတစ်ခုကို စစ်အုပ်စုက အသေခံ ကာမီကာဇီ ဒရုန်း ၂ စင်းဖြင့် စက်တင်ဘာ ၄ ရက် နံနက် ၈ နာရီခွဲ အချိန် တွင် တိုက်ခိုက်ခဲ့ကြောင်း၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရသည့်အတွက် ကျောက်ခက်ဒေသခံများ လေကြောင်းရန် သတိဖြင့်နေထိုင်နေရသလို စာသင်ကျောင်းများ ယာယီပိတ်ထားလိုက်ကြောင်း သတင်းဖော်ပြထားသည်။

KIC – https://bitly.cx/FZKCb
CJ – https://bitly.cx/57oh

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “မြဝတီမြို့ ကျောက်ခတ်ဆေးရုံ ဗုံးကြဲခံရ”ဟု ရေးသားရှာဖွေရာ People’s Spring နှင့် သံလွင်ခက်မီဒီယာတို့က သတင်းဖော်ပြထားသည်။

ကျောက်ခတ်ဆေးရုံဟောင်းကို စက်တင်ဘာ ၄ရက် နံနက် ၈ ကျော်အချိန်တွင် တိုက်ခိုက်ခဲ့ပြီး ဒေသခံများ ထိခိုက်မှု မရှိကြောင်း၊ ဗုံးကြဲခံရမှုကြောင့် ဆေးရုံဟောင်းအတွင်းရှိ အခန်းတစ်ခန်း ထိခိုက်ပျက်စီးခဲ့ ကြောင်း ရေးထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်တွင်လည်း ဝေါ်လေ​မြိုင်မြို့ရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်း နေအိမ်ကို ဝေါ်လေ​ဗျူဟာရှိ စစ်ကော်မရှင်တပ်ဘက်မှ ကာမီကာဇေဒရုန်း ဖြင့်ကြဲချခဲ့သည်။

ထို့အပြင် ပြီးခဲ့သည် မေ ၂၈ ရက်နေ့တွင်လည်း ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီက မေ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းဌာနများက ရေးသားဖော်ပြထားသည်။

သတင်းလင့်ခ်
People’s Spring – https://bitly.cx/6Hc9
သံလွင်ခက် – https://bitly.cx/aEMaa

သုံးသပ်ချက်

စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသော ဓာတ်ပုံကို အချက်အလက်စစ်ဆေးခြင်းနှင့် သတင်းဌာနများက ဖော်ပြထားသော သတင်းများအရ DKBA အဖွဲ့၏ ကျောက်ခတ်ဆေးရုံဟောင်းကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်း(ကာမီကာဇီဒရုန်း)ဖြင့် ဝင်တိုက်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရ သေဆုံးသူ မရှိခဲ့ပေ။

စစ်တပ်ထောက်ခံသူများက DKBA ဆေးရုံကို KNLA အဖွဲ့ ဗုံးကြဲဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှား ဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .