၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့
ခမ်းသားငေါဝ်း/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ပြီး တစ်နှစ်အကြာတွင် ၎င်းတံတားနှင့် ပတ်သက်၍ ပြန်လည်ဖြန့်ဝေမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။
ပြီးခဲ့သည့်နှစ် ဆီဆိုင်မြို့တိုက်ပွဲအတွင်း ကယန်းPDFအဖွဲ့များက ကျေးရွာတွင်းနေထိုင်ပြီး မိုင်းများ ထောင်ကာ ဝိန်းကောင်တံတားကို ဖျက်ဆီးခဲ့ကြောင်း ထိုအချိန်တွင် မည်သည့်အဖွဲ့က ဖျက်ဆီးခဲ့သည်ကို ဒေသခံများသိသော်လည်း မပြောရဲကြကြောင်းကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့တွင် ပအိုဝ်းဘာသာဖြင့် ပြန်လည်ရေးသားဖြန့်ဝေထားပါသည်။
ထိုအကြောင်းအရာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် လော်ဘီဆန်းအောင်၏ ဖေ့ဘွတ်အကောင့် “SAN AUNG” အကောင့်တစ်ခုမှ ဖြန့်ဝေထားခြင်း ဖြစ်ပြီး ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးနေချိန်၌ ရီအက်ရှင် ပြုလုပ်သူ ၂၀၃ ခု၊ မှတ်ချက်ပေးသူ ၇ ခုနှင့် ထပ်ဆင့်ဖြန့်ဝေသူ ၄ ဦးထိ ရှိနေပါသည်။
ဖြန့်ဝေထားသည့် လင့် – https://archive.ph/lSRi4
၎င်းဖြန့်ဝေထားသည့်အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် ခမ်းသားငေါဝ်း အချက်အလက်စစ်ဆေးရေးအဖွဲ့မှ စိစစ်ကြည့်သည့်အခါ စွပ်စွဲဖြန့်ဝေထားသော သတင်းအမှား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
သတင်းစိစစ်ချက်
Google Advanced Search Tool ကို အသုံးပြုကာ “ဆီဆိုင်မြို့၊ ဝိန်းကောင်ကျေးရွာ တံတား” ဆိုသည့် အဓိက စကားလုံးနှင့် ၎င်းဖြန့်ဝေထားသည့် ဓာတ်ပုံကို Google Lens Tool တို့ဖြင့် စိစစ်ရှာဖွေရာတွင် ယုံကြည်စိတ်ချရသည့် သတင်းဌာနများ၏ ဖော်ပြချက်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ၏ ထုတ်ပြန်ချက်ကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် ကုန်စည်ကူးသန်းရာတွင် အခက်အခဲဖြစ်ရကြောင်းကို ဒေသခံ တစ်ဦးမှ RFA သတင်းဌာနထံသို့ ပြောကြားမှုကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဖော်ပြထားပါသည်။
RFA သတင်း လင့် – https://www.rfa.org/…/hsisenb-bridge-mine…
၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ ညပိုင်းတွင် ဆီဆိုင်မြို့ နောင်ရင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားများက သဘက်ချောင်းကျေးရွာဘက်သို့ တိမ်ရှောင်ထွက်ပြေးရာတွင် စစ်တပ်က ထိုတံတားမှတဆင့် ဖြတ်သန်းခွင့်မပေးဘဲ နောက်နေ့တွင် ၎င်းတံတားဟာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံ၏ ပြောကြားချက်ကို မဲခေါင်သတင်းဌာနမှ ၂၀၂၄ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဖော်ပြထားပါသည်။
မဲခေါင်းသတင်း လင့် – https://mekongnewsmm.com/%e1%80%85%e1%80%85%e1%80…/13969/
ထို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) မှ “အများပြည်သူအသုံးပြုနေသည့် ဝိန်းကောင်ကျေးရွာ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ မိုင်းဖြင့် ဖျက်ဆီးဖောက်ခွဲခဲ့ကြောင်း” ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ည ၆နာရီဝန်ကျင်၌ စစ်ကောင်စီ (စစ်တပ်) တပ်ဖွဲ့ဝင်များက ရောက်ရှိလာပြီး ဝိန်းကောင်ကျေးရွာရှိ သဘက်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ပြီး ကားများသွားလာ၍ မရလို့ တော့ဘဲ ပျက်စီးသွားခဲ့ကြောင်းကို ထုတ်ပြန်ချက်ကို ကိုးကား၍ တာချီလိတ်သတင်းဌာန နှင့် People’s Spring သတင်းဌာနတို့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဖော်ပြထားပါသည်။
တာချီလိတ် သတင်းလင့် – https://www.tachileik.net/mm/news/35752
People’s Spring သတင်းလင့် – https://www.ludunwayoo.com/news-mm/2024/04/28/91073/
ရှမ်းတောင်အခြေစိုက် ခမ်းသားငေါဝ်း သတင်းတိုက်မှလည်း ထိုတံတားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းကို ဧပြီလ ၂၈ ရက်နေ့တွင် ဖော်ပြထားပါသည်။
ခမ်းသားငေါဝ်း သတင်းလင့်- https://www.facebook.com/share/p/164LJbpjwi/
ထို့အပြင် ထိုတံတား ဖျက်ဆီးခံခဲ့ရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများကို သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးခြင်းမှ အချက်အလက်စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ထိုဆီဆိုင်မြို့ ဝိန်းကောင်တံတားကို KNDF နှင့် PDF များက မိုင်းခွဲဖျက်ဆီးခဲ့သည်မှာ စစ်ကောင်စီက သတင်းအမှားဖြန့်ဝေခြင်းဖြစ်ကြောင်းကို ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် စိစစ်ဖော်ပြမှုကို တွေ့ရှိရပါသည်။
သျှမ်းသံတော်ဆင့် မှ အချက်အလက်စစ်ဆေးထားသည့် လင့် – https://burmese.shannews.org/archives/41475
သုံးသပ်ချက်
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့၊ ဝိန်းကောင်ကျေးရွာရှိ သဘက်ချောင်းတံတား (ဝိန်းကောင်တံတား) ကို စစ်တပ် (စစ်ကောင်စီ) တပ်ဖွဲ့ဝင်များက မိုင်းခွဲ ဖျက်ဆီးခဲ့သည်မှာ သတင်းအမှန် ဖြစ်ပါသည်။
စစ်တပ်၏ လက်အောက်ခံ PNO ပြည်သူ့စစ်၏ လော်ဘီ ဆန်းအောင်မှ ဖြန့်ဝေထားသည့် ကယန်းအဖွဲ့များက ကျေးရွာတွင်းနေထိုင်ကာ မိုင်းထောင် ဖျက်ဆီးခဲ့ဆိုသည့်အကြောင်းအရာမှာ သတင်းအမှားဖြစ်ပါသည်။
PNO ပြည်သူ့စစ်တို့သည် ပအိုဝ်းဒေသအတွင်း ပြည်သူ့နေအိမ်မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူသတ်ဖြတ်ခြင်းနှင့် ပြည်သူ ပိုင်ပစ္စည်းများ ခိုးယူခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နေယုံ သာမက စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ကာကွယ်ပြောဆိုလျက်ရှိနေပါသည်။ ထိုသို့ကာကွယ်ပေးလိုရန်အတွက် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အခြားဆန့်ကျင်ဘက်အဖွဲ့အစည်းများသို့ လွဲချ စွပ်စွဲပြောဆို့လေ့ရှိကြောင်းကို ယခင် MFCN မှ အချက်အလက်စစ်ဆေးထားသည့် အကြောင်းအရာအချို့ကို ဖတ်ရှု့နိုင်ပါသည်။
ယခင် လင့် – https://shorturl.at/25n7P
ယခင် လင့် – https://shorturl.at/hutgl
ယခင် လင့် – https://shorturl.at/XE10W
ယခင်လင့် – https://shorturl.at/YfrDq
ထို့အပြင် သတင်းတုသတင်းအမှားများကို ခွဲခြားစိစစ်နိုင်မည့် နည်းလမ်းများကိုလည်း MFCN နှင့် ခမ်းသားငေါဝ်းတို့မှ ပညာပေး ဗီဒီယိုရုပ်သံဖြင့် ထုတ်လွင့်ဖော်ပြထားခဲ့ပြီး စာဖတ်သူများအနေဖြင့် သွားရောက်ကြည့်ရှူ့နိုင်ပါသည်။
သတင်းတုသတင်းအမှာ စိစစ်ဖတ်ရှု့ရန် နည်းလမ်း ဗီဒီယိုလင့် – https://www.facebook.com/share/v/16BYhCPe73/
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ များကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းသည့် သတင်းမီဒီယာဌါနမှ သတင်းများကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါသည်။
နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာ ကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်း လိုပါသည်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက ခမ်းသားငေါဝ်း ဖေ့ဘုတ် (facebook page) နှင့် Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။