ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးရောဂါနဲ့ပတ်သက်လို့ လုပ်ကြံသတင်းသာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်
Share:FacebookX

ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးရောဂါနဲ့ပတ်သက်လို့ လုပ်ကြံသတင်းသာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးရောဂါနဲ့ပတ်သက်လို့ လုပ်ကြံသတင်းသာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့်

 

Fact-check- DNA၊ The Red Flag

စက်တင်ဘာလ၊ ၅ရက်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေပိုဆိုးရွားလာတယ်ဆိုတဲ့ သတင်းတွေက ရွေးကောက်ပွဲနီးလာလို့ အချိန်ကိုက်လွှင့်လာတဲ့ လုပ်ကြံသတင်းတွေသာဖြစ်တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲ့ဒီအကြောင်းရာတွေကို စစ်ကောင်စီလက်အောက်ခံလော်ဘီတွေကနေ “စင်္ကာပူကို ဆေးကုသွားမယ်ဆိုပြီး ဒူဘိုင်းပြေးသွားတဲ့ ထိုင်းက သက်ဆင်ရဲ့သတင်းကြားကြားချင်းပဲ … ဒေါ်စု နေမကောင်းဘူးဆိုပြီး ထလုပ်ကြတဲ့ မီဒီယာတွေရဲ့ အကွက်က လည်တော့လည်တယ်၊ တစ်ပတ်မပြည့်ဘူး 😂”  (မူရင်းအတိုင်း) တယ်လီဂရန်ချန်နယ်တွေ၊ Tiktok ကွန်ရက်နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာဖြန့်ဝေနေကြတာကြောင့် ပြည်သူတွေကြား ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

https://archive.ph/HeUWr 

https://archive.ph/2Ydmq 

https://archive.ph/Tmt3g 

 

ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNAကနေ စစ်ဆေးကြည့်တဲ့အခါမှာ ထိုင်းဝန်ကြီးချုပ် (ဟောင်း) သက်ဆင် ရှင်နာဝပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၄ရက်က 

ဆေးကုသမှုခံယူမယ်ဆိုတဲ့အကြောင်းပြချက်ကိုအသုံးပြီး  ထွက်ပြေးတိမ်ရှောင်သွားခဲ့တဲ့ အကြောင်းရာကို ချိိတ်ဆက်အသုံးပြုပြီး နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဆိုးရွားလာတယ်ဆိုတဲ့အခြေနေကို ပြည်တွင်းမီဒီယာတွေရဲ့လုပ်ကြံဖန်တီးရေးသားတဲ့ သတင်းတွေသာဖြစ်တယ်လို့ စစ်ကောင်စီလော်ဘီတွေကဖြန့်ဝေလာတာကိုတွေ့ရပါတယ်။

 

သတင်းစိစစ်ချက်

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေဆက်တိုက်ခံစားနေရပြီး၊ အကျဥ်းချခံထားရတဲ့ အခြေနေတွေကြောင့် ရောဂါအခြေနေကပိုဆိုးရွားလာသလို ထောင်အပြင်က နှလုံးအထူးကုဆရာဝန်နဲ့ ပြသဖို့လိုအပ်နေသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ကုသမှုခံယူနိုင်ဖို့အတွက်တောင်းဆိုထားတယ်ဆိုတာကို The Independent သတင်းဌာနက မနေ့က သတင်းဖော်ပြထားပါတယ်။

သတင်းဖတ်ရန် – https://www.independent.co.uk/asia/southeast-asia/aung-san-suu-kyi-health-myanmar-son-b2819944.html 

 

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလီယံဟိတ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်တန်ပြီဆိုတဲ့အကြောင်းနဲ့ သူမကိုလို အပ်တဲ့ဆေးကုသမှု ခံယူခွင့်ပေးတာကလည်း ကိုယ်ကျင့်တရားဆိုင်ရာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးတရပ်ဖြစ်တယ်ဆိုတာကို စစ်ကောင်စီကို ပြောဆိုလိုက်တယ်ဆိုတဲ့အကြောင်းကိုလည်း Asia News ကသတင်းဖော်ပြခဲ့ပါသေးတယ်။

 

သတင်းလင့်- https://www.asianews.it/news-en/Aung-San-Suu-Kyi-heart-disease-worsening-in-prison%2C-says-son-63801.html 

 

ဒေါ်အောင်ဆန်းစုကြည်က အသက် ၈၀ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်လိုအပ်နေတာကြောင့် နိုင်ငံတကာအသိုင်းဝိုင်းအနေဖြင့် ကူညီပေးရန်နဲ့ စစ်ကောင်စီအနေဖြင့်လည်း

 ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးဖို့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက လူမှုကွန်ရက်စာမျက်နှာမှာမျှဝေလာကြောင်း The Irrawaddy – Burmese Edition က သတင်းဖော်ပြထားပါတယ်။

သတင်းလင့် – https://www.facebook.com/share/p/1D42ar5quJ/ 

 

သတင်းသုံးသပ်ချက်

 

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေနေဆိုးရွားလာတဲ့ဖြစ်စဥ်မှာ မှန်ကန်နေတာကိုတွေ့ရပြီး  ရွေးကောက်ပွဲနီးလာလို့ အချိန်ကိုက်လွှင့်လာတဲ့ လုပ်ကြံသတင်းဖြစ်တယ်ဆိုတာ လွဲမှားနေတဲ့အကြောင်းရာဖြစ်တာကိုတွေ့ရပါတယ်။

 

ထိုင်းဝန်ကြီးချုပ် (ဟောင်း) သက်ဆင် ရှင်နာဝပ်ရဲ့ထွက်ပြေးတိမ်းရှောင်တဲ့အကြောင်းရာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးကျန်းမာရေးအခြေနေမှာ ဆက်စပ်မှုမရှိဘဲ လိုသလိုချိတ်ဆက်ဖြန့်ဝေနေတဲ့သတင်းမှားဖြစ်ကြောင်းကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #ဒေါ်အောင်ဆန်းစုကြည် #နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်_ကျန်းမာရေး #နှလုံးကျန်းမာရေး  #အကျယ်ချုပ် 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .