ကျောက်ဖြူရှိ ရဲတပ်ရင်း(၃၂) ဝင်ရောက်တိုက်ခိုက် ခံရတာဟာ မှားယွင်းနေပြီး အေအေ အနေနဲ့ စိတ်ကူးယဉ်လို့မရတဲ့ နေရာဖြစ်ကြောင်း ဝါဒဖြန့်ချိ
Share:FacebookX

ကျောက်ဖြူရှိ ရဲတပ်ရင်း(၃၂) ဝင်ရောက်တိုက်ခိုက် ခံရတာဟာ မှားယွင်းနေပြီး အေအေ အနေနဲ့ စိတ်ကူးယဉ်လို့မရတဲ့ နေရာဖြစ်ကြောင်း ဝါဒဖြန့်ချိ

Arakan Misinformation
စက်တင်ဘာ ၅ ရက်
Fact-check- ဖက်ဒရယ် FM၊ Akyab Post၊ The Red Flag
 
ရခိုင်ပြည်၊ ကျောက်ဖြူရှိ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ရင်း(၃၂) ဝင်ရောက်တိုက်ခိုက် ခံရတဲ့ အကြောင်းအရာဟာ မှားယွင်းနေပြီး AAအနေနဲ့ စိတ်ကူးပင်ယဉ်လို့မရတဲ့ နေရာဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ western 24 news တယ်လီဂရမ် ချန်နယ်က ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့မှာ ဧရာဝတီသတင်းဌာနက ရေးသားထားတဲ့ သတင်းကို screenshot ယူပြီး ဖြန့်ချိခဲ့တာကြောင့် ပျံ့နှံ့မှုတွေ များနေပါတယ်။
 
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၄ ရက်နေ့ထိ ဝင်ရောက်ဖတ်ရှုသူ ၄၃.၂ k ထိရှိပြီးတော့ reaction ပေးသူ ၂၁ ဦးနဲ့ Comment ပေးသူ ၁ ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။​
 
📌 မူရင်းလင့်ခ် – https://archive.ph/GHTiw
 
တယ်လီဂရမ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FMနဲ့ Akyab Post တို့က ပူးပေါင်းပြီး အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
 
▪️ သတင်းစိစစ်ချက်
 
စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ western 24 news ချန်နယ်မှာ ပျံ့လို့ရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ ဖက်ဒရယ် FMနဲ့ Akayb Post တို့ဖက်ကနေ google reverse image serach နဲ့ google advanced search tools တွေကို သုံးပြီးတေ့ စစ်ဆေးခဲ့ပါတယ်။​
 
လွတ်လပ်နဲ့ မီဒီယာ သတင်းဌာနဖြစ်တဲ့ Myanmar Now သတင်းဌာနမှာတော့ “ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်က ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်လာသဖြင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ကျေးရွာ နှစ်ရွာ လက်လွှတ်လိုက်ရသလို အရပ်သားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိကာ နေအိမ်အချို့မီးရှို့ခံရသည်ဟု ဒေသခံများထံက သိရကြောင်း၊ ကျောက်ဖြူ ဒေသခံတစ်ဦးရဲ့ စကားသံနဲ့ ပြီးခဲ့သည့်ရက်များက ကျောက်ဖြူမြို့နယ်၊ အမှတ် (၃၂) ရဲတပ်ရင်းအနီး၌ AA နှင့် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး AA ထိန်းချုပ်ထားသည့် ရမ်းဗြဲ- ကျောက်ဖြူလမ်းပေါ်မှ လိပ်ခမော် (ရွာသစ်)၊ ပျားတဲကဲ့သို့ ကျေးရွာများကို လက်လွှတ်ပေးလိုက်ရကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
 
🔗 သတင်းလင့်ခ် – https://www.facebook.com/share/p/1CQDEQHmDk/
 
နောက်ထပ်လွတ်လပ်တဲ့ မီဒီယာ သတင်းဌာနဖြစ်တဲ့ ‎ နိရဉ္စရာသတင်းဌာနမှာတော့” ‎ ကျောက်ဖြူမြို့ပြင်က အေအေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်လိုချင်လို့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အကြမ်းဖက်မြန်မာစစ်တပ်ကို အေအေဘက်က တန်ပြန်ထိုးစစ်ဆင် ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတချို့ဟာ အေအေလက်ထဲကို ပြန်လည်ကျရောက်သွားပြီဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အထက်က ဖိအားနဲ့လိုချင်လို့ အသည်းအသန် စစ်ကြောင်းထိုးတိုက်ခိုက်‌နေရာမှာ အေအေဘက်ကလည်း ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ် ထိန်းချုပ်ထားတဲ့ နေရာတချို့ကို အေအေက မနေ့က စက်တင်ဘာ (၁)ရက်နေ့မှာ ပြန်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ယောက်က နိရဉ္စရာ ကို ပြောကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
 
🔗 သတင်းလင့်ခ် – https://www.facebook.com/share/p/179zVB1bBh/
 
‎”အေအေ က စနိုက်ဘာနဲ့ အရာရှိပိုင်းတွေကို ပစ်နေတာဟုတ်ပါတယ်။ ရဲတပ်ရင်းဘက်က လက်နက်ကြီး တွေနဲ့ နေ့တိုင်းပစ်နေတော့ အခု အတိုက်ခံနေရတာလည်း ဖြစ်နိုင်ပါတယ်” ဆိုပြီး ဧရာဝတီတိုင်းမ်က ရခိုင်သတင်းရင်းမြစ်က ပြောတဲ့ စကားသံကို သတင်းမှာ ဖော်ပြထားပါတယ်။
 
🔗 သတင်းလင့်ခ် – https://www.facebook.com/share/p/1FWps3MxGa/
 
▪️ သုံးသပ်ချက်
 
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ သတင်းအရင်းမြစ်တွေရဲ့ ဖြေဆိုချက်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားပြည်သူထိခိုက်မှုတွေရှိနေတာကိုလည်း တွေ့ရှိရပါတယ်။
 
ပြီးခဲ့သည့်ရက်တွေက ကျောက်ဖြူမြို့နယ်၊ အမှတ် (၃၂) ရဲတပ်ရင်းအနီးမှာ အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါတယ်။
 
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ ကျောက်ဖြူရှိ စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ရင်း(၃၂) ဝင်ရောက်တိုက်ခိုက် ခံရတာဟာ မှားယွင်းနေပြီး AAအနေနဲ့ စိတ်ကူးယဉ်လို့မရတဲ့ နေရာဖြစ်ကြောင်း “ ဆိုတာဟာ တစိပ် တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
 
စစ်ကောင်စီဝါဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိနေပါတယ်။
 
▪️ သတိပြုရန်
 
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
 
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
 
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
 
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FactCheck #Mis_Disinformation #FFM #Akayb Post
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .