Akayb Post- The Red Flag- MFCN
Fact-check – 3 Sep 2025
အာရက္ခတပ်တော် အေအေဆီမှာ ဘိန်းနဲ့လဲလှယ်မယ့် ကုန်စည်တွေကို ဘင်္ဂလားဒေ့ရ်ုနယ်ခြားစောင့်တပ် ဖက်ကနေ ဖမ်းဆီးခဲ့တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “Ko Thet” ချန်နယ်ကနေ “ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်မှ ရခိုင်သို ပိုပြီး AA ဆီမှာ ဘိန်းနဲ့ လဲမယ့် ပဲအိတ် ၆၂၀ ကျော်နှင့် ကုန်စည်အများအပြား ဖမ်းဆီး၂၀၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ မွန်းတည့်ပိုင်းတွင် စစ်တကောင်းဒေသ ကာနာဖူလီ ရေလက်ကြားတွင် ရခိုင်ဘက်သို ပိုရန် တင်ဆောင်လာသည့် ကုန်စည်အများအပြားကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် (BCG) မှ ဖမ်းဆီးခဲ့ကြောင်း စနေနေ့ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ Dhaka Tribune သတင်းဌာနကနေ ဖော်ပြထားတယ်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။

ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၃ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ 22.4 k ထိရှိပြီးတော့ Reaction ပြုလုပ်သူ 507 ဦးထိရှိပြီးတော့ စစ်ကောင်စီ ဝါဒဖြန့် အခြားချန်နယ်တွေဖြစ်ကြတဲ့ Kyaw Swar၊ ရွေနေကြာ ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။


ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကုန်စည်တွေကို ဘင်္ဂလားဒေ့ရ်ုနယ်ခြားစောင့်တပ် ဖက်ကနေ ဖမ်းဆီးခဲ့တယ်ဆိုတာကို တွေ့ရပြီး အေအေဆီမှာ ဘိန်းနဲ့လှဲလှယ်မယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။

စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
“Ko Thet” ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကိုသိရှိဖို့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရ်ုသတင်းဌာန တစ်ခုဖြစ်တဲ့ Dhaka Tribune ကနေ ဩဂုတ်လ ၃၀ ရက်နေ့မှာ “Food, daily essentials smuggled to Myanmar in exchange for drugs” ဆိုတဲ့ သတင်းကပုံတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
Dhaka Tribune သတင်းဌာနရဲ့ ရေးသားချက်တွေအရ စစ်တကောင်းဒေသ ကာနာဖူလီရေလက်ကြားမှာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် လုံခြုံရေး ကင်းလှည့်ချိန်မှာ သံသယဖြစ်ဖွယ် ဘုတ်တစ်စင်းကို ရပ်တန့်ပြီးတော့ စစ်ဆေးခဲ့တဲ့အခါမှာ ရခိုင်ကိုပို့ဖို့ တင်ဆောင်လာတဲ့ ပဲ ၆၂၀ အိတ်၊ ချင်းတက် ၁၀ အိတ်၊ လုံချည်အထည် ၄၈၀ နှင့် ဆာရီအထည် ၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းတန်ဖိုးသည် တာကာငွေ သိန်း ၅၀ ကျော်ခန့်ရှိတယ်လို့ ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ကုန်စည်တွေကို ရခိုင်ဘက်ကို တင်ပို့ပြီးတော့ ရခိုင်ဘက်မှနေ ယာဘ စိတ်ကြွဆေးပြားတွေ တင်သွင်းဖို့ မူးယစ်ဂိုဏ်းတွေကနေ လုပ်ဆောင်နေတယ်လို့ Dhaka Tribune ကနေ ရေးသားဖော်ပြထားပါတယ်။

ဒီသတင်းကိုပဲ ဘင်္ဂလားဒေ့ရ်ုအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Daily Observer ကနေ ဩဂုတ်လ ၃o ရက်နေ့မှာ “Smuggled goods seized in Ctg river” လို့ ရေးသား ဖော်ပြထားပါတယ်။
Daily Observer ကနေလည်း “ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့မှ မြန်မာနိုင်ငံကို မှောင်ခိုတင်သွင်းမဲ့ ပဲမျိုးစုံ ၆၂၀ အိတ်၊ ဂျင်း ၁၀ အိတ်၊ အဆုတ် ၄၈၀ ကျပ်နှင့် ဆာရီထွက်ကုန် ၄၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်” လို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် Dhaka Tribune သတင်းဌာနရဲ့ သတင်းကို ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခု ဖြစ်တဲ့ Development Media Group (DMG) ကနေ ဩဂုတ်လ ၃၁ ရက်နေ့မှာ “ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး” လို့ ရေးသားဖော်ပြထားပါတယ်။

သတင်းဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ရခိုင်ကိုပို့ဖို့ တင်ဆောင်လာတဲ့ တရားမဝင် ကုန်စည်တွေကို ဖမ်းဆီးရမိခဲ့တာတွေ့ရပြီးတော့ အေအေဆိီမှာ ဘိန်းနဲ့ လှဲလှယ်မယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဘင်္ဂလားဒေ့ရ်ု အခြေစိုက် သတင်းမီဒီယာဌာနကြီးတွေနဲ့ ပြည်တွင်းသတင်းဌာနကြီးတွေရဲ့ သတင်းဖော်ပြချက်တွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အေအေဆီမှာ ဘိန်းနဲ့လဲလှယ်မယ့် ကုန်များကို ဘင်္ဂလားဒေ့ရ်ုဖက်မှနေ ဖမ်းဆီးဆိုတာဟာ သတင်းမှန်ကို အခြေပြုပြီး အမှန်တစ်ဝက် အမှားတစ်ဝက်နဲ့ လိုရာဆွဲပြီးတော့ ရေးသားထားတဲ့ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီးတော့ “အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဆိုကာ India OPINDIA ကနေ ဖော်ပြ” ဆိုပြီး စစ်ကောင်စီချန်နယ်တွေကနေ ဝါဒဖြန့်ခဲ့ကြတာတွေရှိပါတယ်။
ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။
မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။