မင်းပြားမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် သေဆုံးဆိုကာ သတင်းမှားဖြန့်
Share:FacebookX

မင်းပြားမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အေအေတပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက် သေဆုံးဆိုကာ သတင်းမှားဖြန့်

ရခိုင်လေကြောင်းတိုက်ခံရမှု
Fact-check
Akyab Post/ The Red Flag/ MFCN
27 Aug 2025

 

ရခိုင်ပြည်နယ်က မင်းပြားမြို့နယ်က ကျောက်ခုတ်ကျေးရွာကို စစ်တပ်ဖက်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အေအေတပ်ဖွဲ့ဝင်တွေ ရာနဲ့ချီပြီးတော့ အစုလိုက်အပြုံလိုက် သေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်” ချန်နယ်ကနေ ဩဂုတ်လ ၂၆ ရက်နေ့မှာ “ကျောက်ခုတ်AAကင်၊ဖုတ် မင်းပြားမြို့နယ်၊ကျောက်ခုတ်ကျေးရွာကိုဩဂုတ်၂၆ရက်ညနေ၃နာရီတွင်AAစခန်းအားဗုံးကြဲသုတ်သင်ရှင်းလင်းခြင်းဖြစ်ပြီးAAအကြမ်းဖက်ရာနဲ့ချီအစုလိုက်အပြုံလိုက်ထိခိုက်တိုပြတ်သေဆုံးဆန့်ငင်အခြေအနေရိှကြောင်းကနဦးသိရ​သည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။​

📌 “နေပြည်တော်” ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ​ – https://archive.ph/dTh5I 

ဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ 19.4 K Reaction ပေးသူ 56 ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် အခြားချန်နယ်တွေ ဖြစ်ကြတဲ့ DI Thameedaw ချန်နယ်နဲ့ Facebook ပေါ်က ARF Burmese page တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

📌 DI Thameedaw – https://archive.ph/1EjyE 

📌 ARF Burmese – https://archive.ph/s5EQh 

ဒီပို့စ်ကို Myanmar Fact−checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ မင်းပြားမြို့နယ်က ကျောက်ခုတ်ကျေးရွာကို ကျောက်ခုတ်ကျေးရွာကို စစ်တပ်ဖက်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကို တွေ့ရှိရပြီးတော့ အေအေတပ်သား စခန်းချနေထိုင်တာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပဲ ဝါဒဖြန့်ချန်နယ် တွေကနေ ဖြန့်ထားတဲ့ပို့စ်ဟာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။​

▪️ သတင်းစိစစ်ချက် 

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့  လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေတပ်သားတွေ ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို “မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာ” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ ဩဂုတ်လ ၂၆ ရက်နေ့မှာ “မင်းပြားမြို့နယ်၊ ကျောက်ခုတ်ရွာအနီးကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့်ဗုံးကြဲ” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။ 

Narinjara သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ကျောက်ခုတ်ရွာအနီးအနားကို အကြမ်းဖက်လေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ဩဂုတ် ၂၆ ရက်၊ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက်လေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့ခြင်းဖြစ်သည်” လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံ – https://burmese.narinjara.com/news/detail/68ad7efdffdcb3b2de00bd36?fbclid=IwY2xjawMbw85leHRuA2FlbQIxMQABHh0OjhzbsXU1RbCMs03Sa7knRc8AT-rE6khC_ITFQEeFaQ_OpSamHX3v5CDp_aem_vvCnm5LuIFBfQ0YNyBGRLQ 

ဒါ့အပြင် ဒီသတင်းကို မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ ဩဂုတ်လ ၂၆ ရက်နေ့မှာ “မင်းပြားမြို့နယ်ကို စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်” လို့ ရေးသားဖော်ပြပါတယ်။ 

DVB ရဲ့ရေးသားချက်တွေမှာလည်း​ “အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ် ကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၂၆ ရက်  ဒီနေ့ နေ့လယ်ပိုင်းကစပြီး ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ နေ့လယ် ၃ နာရီ ကျော်ကနေစပြီး အနည်းဆုံး ဗုံး ၃ လုံးလောက် ကြဲချခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေတော့ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

🔗 DVB သတင်းဌာနရဲ့ သတင်းအပြည့်အစုံ –  https://burmese.dvb.no/post/721322 

မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာကို လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ “Development Media Group” သတင်းဌာနကနေလည်း “မင်းပြားမြို့နယ်အတွင်းက မင်းပြား-မြေပုံကားလမ်းမပေါ်ရှိ ကျောက်ခုတ်ကျေးရွာကို စစ်ကောင်စီက ယနေ့ (ဩဂုတ်လ ၂၆ ရက်)၊ နေ့လည်ပိုင်းက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။” လို့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။

🔗 DMG ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/share/p/1AhG7vdsmy/ 

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ ရေးသားဖော်ပြချက်တွေအရ မင်းပြားမြို့နယ်က ကျောက်ခုတ်ကျေးရွာကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်ခဲ့တာမှန်ပေမဲ့ အေအေတပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရတဲ့အပြင် အေအေတပ်သားတွေ စခန်းချရာနေရာကို ထိမှန်ခဲ့တယ်ဆိုတဲ့ အကြောင်းကို မတွေ့ရှိရပါဘူး။ 

▪️ သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်တာကြောင့် အေအေတပ်သားတွေစခန်းကို ထိမှန်ပြီး အစုလိုက်အပြုံလိုက် သေဆုံးတယ် ဆိုတာကို မတွေ့ရှိရပါဘူး။ 

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်ကလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးတိုင်း  အေအေတပ်သားတွေ အစုလိုက်အပြုံလိုက်သေဆုံးတယ်ဆိုပြီးတော့ သတင်းမှားတွေ ဖြန့်လေ့ရှိကြပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/v/16FZbuqjfD/ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .