မသက်ဆိုင်သည့် ဗီဒီယိုကိုသုံးပြီး အေအေအဖွဲ့ကနေ ရိုဟင်ဂျာတွေကို သတ်ဖြတ်ရန် ခေါ်လာဆိုကာ သတင်းမှားဖြန့်
Share:FacebookX

မသက်ဆိုင်သည့် ဗီဒီယိုကိုသုံးပြီး အေအေအဖွဲ့ကနေ ရိုဟင်ဂျာတွေကို သတ်ဖြတ်ရန် ခေါ်လာဆိုကာ သတင်းမှားဖြန့်

ရခိုင် သတင်းမှား

Akyab Post/ ဟုတ်တယ် (Vs) မဟုတ်ဘူး/ The Red Flag/ MFCN

Fact-check

အာရက္ခတပ်တော် အေအေဖက်ကနေ  ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်ရန်ခေါ်လာတဲ့ ဗီဒီယိုဖိုင်ဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ ပို့စ်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook လူမှုကွန်ရက်မှာ “နွေဦးရောင်ခြည် မြန်မာ့တပ်မတော်အောင်ပွဲချီ မြန်မာ” ဆိုတဲ့ Page ကနေ ဩဂုတ်လ ၁၈ ရက်နေ့မှာ “အေအေအကြမ်းဖက်များ အရပ်သာဘင်ဂါလီများအား tတ်ဖြတ်ရန် ဖမ်းစီးခေါ်ဆောင်လာတဲ့ဖိုင်” (မူရင်းအရေးအသား) ဆိုပြီးတော့ ဗီဒီယီုနဲ့တကွ ဖြန့်ချိထားပါတယ်။ 

📌 “နွေဦးရောင်ခြည် မြန်မာ့တပ်မတော်အောင်ပွဲချီ မြန်မာ” ရဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/9P2jC  

ဒီဗီဒီယိုကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဩဂုတ်လ ၂၁ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူ 57K ထိရှိပြီးတော့ reaction ပေးသူ ၃၆၁ ဦး comment ပေးသူ ၂၀ ဦးနဲ့ shares ပြုလုပ်သူ ၅၉၁ ဦးထိရှိပြီးတော့ Facebook ဆိုရှယ်မီဒီယာမှာ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဒီပို့စ်ကို Myanmar Fact−checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ အေအေအဖွဲ့ကနေ ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်ရန် ခေါ်လာတာနဲ့ သက်ဆိုင်ခြင်းမရှိပဲ  အိန္ဒိယနိုင်ငံ “Meghalaya” ပြည်နယ်မှာ နယ်စပ်ဖြတ်ကျော်ပြီး ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၄ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ကနေ ဖမ်းဆီးထားတဲ့ ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️ သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools အပါအဝင် Invid tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကို Invid tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ယခုဩဂုတ်လအတွင်း  အိန္ဒိယနိုင်ငံ “Meghalaya” ပြည်နယ်မှာ နယ်စပ်ဖြတ်ကျော်ပြီး ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၄ ဦးကို အိန္ဒိယရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ကနေ ဖမ်းဆီးထားတဲ့ ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။ 

အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ East Mojo ကနေ ဩဂုတ်လ ၉ ရက်နေ့မှာ “ Meghalaya: Four suspected Bangladeshis held after attack on local” ဆိုပြီးတော့ ရေးသားဖော်ပြထားပြီးတော့ “ဒေသခံတွေ၊ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) နဲ့ ပြည်နယ်ရဲတွေ ပူးပေါင်းရှာဖွေမှုအပြီးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလို့ ယူဆရတဲ့ လက်နက်ကိုင် လေးဦးကို မက်ဂါလာယာရဲ့ အနောက်တောင် ခါစီတောင်တန်းမှာ သြဂုတ် ၉ ရက်က ဖမ်းဆီးခဲ့ပါတယ်။ Rongdangai ရွာတွင် လူငယ်တစ်ဦးကို တိုက်ခိုက်ခံရပြီး နှစ်ရက်အကြာတွင် ဖမ်းဆီးခံရခြင်းဖြစ်တယ်”လို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 East Mojo ရဲ့ သတင်းအပြည့်အစုံ – https://www.facebook.com/watch/?v=1227772029036306 

ဒါ့အပြင် ပျံ့နှံ့နေတဲ့​ဗီဒီယိုဖိုင်နဲ့ ဆက်စပ်နေတဲ့ ဗီဒီယိုဖိုင်တွေကို ဆက်စပ်တွေ့ရှိခဲ့ပြီးတော့ “4 Bangladeshi Gangster Arrested in Meghalaya under Jungle by BSF and Police and Public” ဆိုတဲ့ စာသားနဲ့အတူ schmominmixchannel8629 ဆိုတဲ့ youtube အကောက်ကနေ တင်ထားတာကိုလည်း တွေ့ရပါတယ်။

🔗 schmominmixchannel8629 ကနေ တင်ထားတဲ့ ပို့စ် – https://www.youtube.com/shorts/Ce269ZelP78 

အခြားသတင်းဌာနတစ်ခုဖြစ်တဲ့ News 18 ဆိုတဲ့ အိန္ဒီယသတင်းဌာနတစ်ခုကနေလည်း “Armed Bangladeshi Gang Assaults Meghalaya Villager, Caught After Midnight Hunt” ဆိုပြီးတော့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ရေးသားထားပါတယ်။ 

🔗 News 18 ရဲ့ သတင်းအပြည့်အစုံ  – https://www.news18.com/india/armed-bangladeshi-gang-assaults-meghalaya-villager-caught-after-midnight-hunt-9495947.html 

အခြား  youtube အကောက်တစ်ခုဖြစ်တဲ့ “Indian Fauji •B” အကောက်ကနေလည်း “BSF has Arrested Bangladeshi National in Meghalaya” လို့​ ရေးသားထားတာကို တွေ့ရပါတယ်။ 

🔗 “Indian Fauji •B ရဲ့ ပို့စ်အပြည့်အစုံ။ – https://www.youtube.com/shorts/pKboM6Mib0Y

▪️ သုံးသပ်ချက်

Facebook လူမှုကွန်ရက်မှာ “နွေဦးရောင်ခြည် မြန်မာ့တပ်မတော်အောင်ပွဲချီ မြန်မာ” ဆိုတဲ့ Page ကနေ ဩဂုတ်လ ၁၈ ရက်နေ့မှာ ဖြန့်ထားတဲ့ ဗီဒီယိုကို သတင်းမီဒီယာတွေဖော်ပြချက်တွေ ဆိုရှယ်မီဒီယာတွေကနေ စစ်ဆေးတွေ့ရှိတဲ့အကြောင်းအရာတွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်တဲ့ အခါမှာ အေအေအဖွဲ့ကနေ ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်ရန် ခေါ်လာတဲ့ ဗီဒီယိုဖိုင်ဆိုတာ မဟုတ်မမှန်ဘဲ  အိန္ဒိယနိုင်ငံ “Meghalaya” ပြည်နယ်မှာ နယ်စပ်ဖြတ်ကျော်ပြီး ရာဇဝတ်မှုတွေကို ကျုးလွန်နေတဲ့ ဘင်္ဂလားဒေ့ရ်ု နိုင်ငံသား ၄ ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ကနေ ဖမ်းဆီးထားတဲ့ ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။ 

လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းက နိုင်ငံရေးအခြေအနေတွေကြောင့် အာရက္ခတပ်တော် အေအေဖက်ကနေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်လို့ စွပ်စွဲချက်တွေ ထွက်လာတာနဲ့အတူ သတင်းတုသတင်းမှားတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။ 

အမုန်းစကားတွေနဲ့ သတင်းတုသတင်းမှားတွေဟာ ပဋိပက္ခကိုတိုးစေတာကြောင့်  အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ ဗီဒီယိုတွေနဲ့ ပျံနေတာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။​

စစ်ကောင်စီဖက်ကနေ အာရက္ခတပ်တော်ထံ လိုက်လွှတ်လိုက်ရတဲ့ မြို့တွေမှာ လူမျိုးရေး ဘာသာရေးနဲ့ ပဋိပက္ခဖြစ်အောင် ဖြန့်နေတာတွေရှိလို့ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ ဗီဒီယိုတိုင်းကို မယုံကြည်မိဖို့နဲ့ စစ်ဆေးပြီးမှသာ ယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်၊၊

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေနဲ့လဲ အွန်လိုင်းပေါ်က သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ကြဖို့ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါရဲ့ သတင်းတွေကိုသာ ဝင်ရောက်ဖတ်ရှုဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာကြတဲ့ ဝါဒဖြန့်ချိသူတွေကိုလည်း သတိထားဖို့ Social Influencer တွေရဲ့ ပြောစကားတွေကို မယုံကြည်ကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအမှား အကြောင်းအရာဟု သံသယရှိရင်လဲ Akyab Post  (facebook page) နဲ့ Myanmar Fact-checking Network (facebook page) ရဲ့ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #FactCheck #Mis_Disinformation #akyabpost

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .