ရွေးကောက်ပွဲအတွက် စစ်ကိုင်းထိုးစစ်ကြောင့် ဗိုလ်နဂါး လက်နက်ချဖို့ လေသံပြောင်းဆိုတဲ့ သတင်းအမှား
၂၀၂၅၊ ဩဂုတ်လ ၂၁ ရက်။
(Fact Check) လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN
ရုပ်သံဖိုင်အဟောင်းကို ဖြတ်ညှပ်ကပ်ပြုလုပ်ပြီး စစ်ကိုင်းတိုင်းကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ထိုးစစ် ဆင်လာတာကြောင့် ဗိုလ်နဂါး လက်နက်ချဖို့ လေသံပြောင်း ပြောဆိုလာကြောင်း သတင်းမှား ပြန့်နေပါတယ်။
အဆိုပါ ရုပ်သံဖိုင်တွင် “တပ်က အလုံးအရင်းနဲ့ စစ်ကိုင်းကို ထိုးနေပြီဆိုတော့ လေသံပြောင်းလာတဲ့ ဗိုလ်နဂါး” ဟု ဆိုကာ ဩဂုတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် “Truth waves 01” Tik Tok အကောင့်ကနေ ဖော်ပြထားပါတယ်။
ဩဂုတ်လ ၂၁ ရက်နေ့ထိ Reaction 132.9k, Comment 5,306 ခုနဲ့ Share 7,845 ဦးရှိ Truth waves 01 ရဲ့ မူရင်းဖော်ပြချက်ကို http://archive.today/YW9fr ဒီမှာကြည့်ပါ။
အဆိုပါ ရုပ်သံဖိုင်ကို အသုံးပြုပြီး ခေါင်းစဉ် အမျိုးအမျိုးတပ်ကာ တဆင့်ပြန် ဖော်ပြနေကြတဲ့ Youtube ချန်နယ်၊ Facebook, Tik Tok အကောင့်တွေ များစွာရှိနေပြီး တချို့ကို အောက်မှာကြည့်နိုင်ပါတယ်။
Myanmar Breaking News – https://youtu.be/s2-HMExIkhw?si=kOg9xdqiNN3eJi3E
Pingyeko Official – https://youtu.be/x4lt2QtXSck?si=UD0imJDZhGbzWjUw
Myanmar Family Group – MFG- https://www.facebook.com/share/v/19y7Mbqgx1/
ပျံနှံနေတဲ့ ရုပ်သံဖိုင်ကို Myanmar Fact Checking Network အဖွဲ့ဝင် လဂွန်းအိမ် Fact-check Team က စီစစ် ကြည့်ရာမှာ ရုပ်သံဖိုင် အဟောင်းတစ်ခုကို ဖြတ်ညှပ်ကပ် လုပ်ထားတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။
ရုပ်သံဖိုင်ကို InVID tools ဖြင့် စစ်ဆေးကြည့်ရာမှာ ၂၀၂၄၊ အောက်တိုဘာ ၁ ရက်နေ့က Freelance Journalist တစ်ဦးဖြစ်တဲ့ Thet Htwe Naing နဲ့ ဗိုလ်နဂါး တို့ အင်တာဗျူးထားတဲ့ ရုပ်သံဖိုင် အဟောင်းထဲက ဖြတ်ညှပ်ကပ် ပြုလုပ်ထားတာ ဖြစ်ကြောင်း တွေ့ရပါတယ်။
Thet Htwe Naing – Freelance Journalist နဲ့ ဗိုလ် နဂါးတို့ရဲ့ အင်တာဗျူး အပြည့်အစုံကို ဒီမှာကြည့်ပါ။
Thet Htwe Naing (Facebook) – https://shorturl.at/e5Smt
Thet Htwe Naing (Youtube) – https://shorturl.at/POsWO
ပျံနှံနေတဲ့ ရုပ်သံဖိုင်နဲ့ ပတ်သက်ပြီး အင်တာဗျူး အဟောင်းတစ်ခုကို ဖြတ်ညှပ်ကပ် ပြုလုပ်ထားတာဖြစ်ကြောင်း ဗိုလ် နဂါးက ဖြေရှင်းထားတာကို ဒီမှာကြည့်ပါ။
ဗိုလ် နဂါး – https://shorturl.at/oBQ1X, https://shorturl.at/kMLAT
စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့တွေ အပါအဝင် ၁၅ မြို့ထပ်မနည်းကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်ဆိုတာ မှန်ကန်ပါတယ်။
ယခုလဆန်းပိုင်းထဲက စစ်ကောင်စီဟာ ပျူစောထီးနဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို အများအပြား အသုံးပြုကာ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေ စစ်ဘေးရှောင်နေကြရတဲ့ အခြေအနေကို DVB, Myanmar Now စတဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
DVB – https://burmese.dvb.no/post/719630
Myanmar Now – https://myanmar-now.org/mm/news/66591/
သို့ပေမယ့် စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် စစ်ကိုင်းတိုင်း အတွင်းက ဗိုလ်နဂါး (BNRA) အပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေ အလင်းဝင်တဲ့ သတင်းကိုတော့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း အပါအဝင် ၎င်းတို့ လက်လွတ်ထားရတဲ့ နေရာဒေသ တချို့ကို အင်အား အလုံးရင်းနဲ့ ထိုးစစ်ဆင်နေပြီး လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပါတယ်။
၎င်းတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ပြည်သူတွေ နေ့စဉ် သေဆုံး နေရတာကို ဖုံးကွယ်နိုင်ဖို့ တော်လှန်ရေး ရဲဘော်တွေ အများအပြား ဆက်သွယ်အလင်းဝင်လာကြောင်း ဝါဒဖြန့် မီဒီယာတွေကနေ တောက်လျောက်ဖော်ပြ နေပါတယ်။
“Truth waves 01” က ဖော်ပြထားတဲ့ ရုပ်သံဖိုင်ဟာ အင်တာဗျူး ရုပ်သံ အဟောင်းကို လိုရာဆွဲ ဖြတ်ညှပ်ကပ် ပြုလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်နိုင်ဖို့ ဝါဒဖြန့် ဖော်ပြနေတဲ့ သတင်းမှား တစ်ခုသာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အတွက် အဲ့ဒီ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေ နေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Check ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။