ဩဂုတ်လ ၂၀ ရက်
ဖက်ဒရယ် FM၊ The Red Flag၊ MFCN
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို စစ်ကောင်စီတပ်က အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချိနေပါတယ်။
အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Pepole Media တယ်လီဂရမ် ချန်နယ်က မနေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး ဝင်ရောက်ကြည့်ရှု့သူ နှစ်သောင်းကျော်ရှိနေပါတယ်။
ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ နေပြည်တော်ချန်နယ်၊ ဟန်ငြိမ်းဦးချန်နယ်တို့ကလည်း ထပ်ဆင့်ဖော်ပြခဲ့ပြီး ပြန့်နှံ့မှု များပြားနေပါတယ်။
မူရင်းလင့်ခ် – https://t.me/peoplemedianews/80161?single
နေပြည်တော် – https://t.me/KKM28640/16181
ဟန်ငြိမ်းဦး – https://t.me/Hno969888/14571
တယ်လီဂရမ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး Myanmar Fact-checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သတင်းစိစစ်ချက်
လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနဖြစ်တဲ့ Karenni Pepole’s Voice သတင်းဌာနမှာတော့ “ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်များတွင် ကြေညာထားသော်လည်း အလုံးစုံထိန်းချုပ်ထားနိုင်ခြင်းမဟုတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောကြားကြောင်း၊ စစ်ကောင်စီသည် သြဂုတ်လ အစပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီးနောက် ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း မြို့အဝင် ဆိုင်းဘုတ်၊ ငွေတောင်ဆည်၊ မြို့နယ်ခန်းမ၊ မြို့နယ်တရားရုံး၊ မီးသတ်ရုံး စသည့် နေရာများနှင့် ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြောင်း၊ စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပရေး နယ်မြေပြန်လည်ရရှိရန် ဒီးမော့ဆိုမြို့နယ်ကို အင်အား (၅၀၀)ကျော်နှင့်အတူ လက်နက်ကြီးများ၊ ဒရုန်းများအပြင် လေကြောင်းပါ အသုံးပြု၍ ထိုးစစ်ဆင်ခဲ့ကြောင်း၊ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က နေရာတော်တော်များများကို ဆုတ်ခွာပေးလိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောကြားတဲ့ အကြောင်း”သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/1GcsXiGzcT/
လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်)သတင်းဌာနမှာတော့ “ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ပြီလို့ စစ်ကော်မရှင်တပ်က ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပေမယ့် မြေပြင် မှာ တော်လှန်ရေးတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောတဲ့ အကြောင်း၊ နေ့စဥ် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကော်မရှင်ဖက်က ထိခိုက်ကျဆုံးမှုများကာ တိုက်ပွဲအတွင်း လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း၊ ဩဂုတ်လ ၄ ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့ပေါ်ကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ယနေ့အထိ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသလို နှစ်ဖက်ကျဆုံးမှုတွေလည်း ရှိကြောင်း” သတင်းဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/16C3o1DTsE/
ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်တဲ့ စကားသံနဲ့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တဦးကသုံးသပ်ထားတာကို People’s Spring သတင်းဌာနမှာသတင်းဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/1PMv2BWnJH/
“ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးခြင်း ၊ အကြောင်းရင်းမရှိ တမင် ပစ်ခတ်သတ်ဖြတ်ခြင်းနဲ့ လူသားဒိုင်းကာအဖြစ် အသုံးချကြောင်း” ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF – ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်လင့်ခ် – https://www.facebook.com/share/v/14EqT1Ui4ZB/
ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးကို ဖက်ဒရယ်FMက ဆက်သွယ်မေးမြန်းထားပါတယ်။
“သူ့ဟာက နေရာတချို့တလေပေါ့နော်။ အကုန်လုံးထိန်းချုပ်နိုင်တာမဟုတ်ဘူး။ Attention (အာရုံစိုက်တာ) လိုချင်လို့ ဆိုင်းဘုတ်တွေမှာ လိုက်ရိုက်နေတာပေါ့။ တစ်ဖက်က တော်လှန်ရေးသမားတွေစိတ်ဓာတ်ကျအောင်လုပ်ချင်တယ်။ ဒါ သူတို့ရဲ့ ပရိယာယ်တစ်မျိုး” လို့ ရှေ့တန်းရဲဘော်တစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/1BPXhPWuNV/
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ဖြေဆိုချက်အရ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တော်လှန်ရေးတပ်ပေါင်းစုကလည်း နေရာအချို့ကို လက်လွတ်ပေးခဲ့ရပေမဲ့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသေးကြောင်းကို တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ ဒီးမော့ဆိုမြို့ကို စစ်တပ်မှ အပြည့်အဝပြန်လည်ထိန်းချုပ်လိုက်ပြီဟု ဓာတ်ပုံနဲ့တကွ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်က ဖြန့်ချီထားတာဟာ တစိပ်တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်ကာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။
အထက်ပါ အချက်အလက်စစ်ဆေးထားခြင်းသည့် ယနေ့ ၂၀ ဩဂုတ် ၂၀၂၅ ရက်နေ့ ၅ နာရီအထိ အချက်အလက်များကို ကိုးကားထားခြင်းဖြစ်ပါတယ်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FactCheck #Mis_Disinformation #FFM