ဩဂုတ်လ ၁၉ ရက်
ဖက်ဒရယ် FM၊ The Red Flag
ကရင်နီပြည် မော်ချီးဖက် လေကြောင်းတိုက်ခိုက်မှုအတွင်း KNDF ( ၁၇) ကျော်သေဆုံးခဲ့ကြောင်း ဗီဒီယိုနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိနေပါတယ်။
အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော နေပြည်တော်တယ်လီဂရမ် ချန်နယ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး ဝင်ရောက်ကြည့်ရှု့သူ ကိုးထောင်ကျော်ရှိနေပြီး ပျံ့နှံ့မှုတွေ များနေပါတယ်။
မူရင်းလင့်ခ် – https://t.me/KKM28640/16095
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သတင်းစိစစ်ချက်
လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနဖြစ်တဲ့ Karenni Pepole’s Voice သတင်းဌာနမှာတော့ “ကရင်နီပြည်နယ် ၊ မော်ချီးဒေသကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ (၂၄) ဦးထိ ရှိလာပြီး ပျောက်ဆုံးသူများလည်းရှိနေကြောင်း သြဂုတ်လ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မော်ချီးဒေသရှိ လူစည်ကားရာ (၁၆) ကုန်း ရပ်ကွက် ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကရင်နီပြည်နယ်တွင် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး ရုပ်အလောင်းရှာတွေ့သူ (၂၄) ဦးအထိ ရှိလာကာ ထိခိုက်ဒဏ်ရာ ဆိုးရွားစွာ ရရှိသူများ နှင့် ပျောက်ဆုံးနေသောလူများရှိနေ၍ သေဆုံးသူများထပ်မံတိုးလာနိုင်သည့် အခြေအနေရှိကြောင်းနှင့် ဆေးရုံ အဆောက်အဦများ ပျက်စီးခဲ့ကြောင်း” ကယ်ဆယ်ရေးသမားက ပြောတယ်ဆိုပြီး” သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် – https://www.facebook.com/share/p/17Etg2CtMq/
လွတ်လပ်တဲ့ ဒေသတွင်းမီဒီယာသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်)သတင်းဌာနမှာတော့ “ ဩဂုတ်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖားဆောင်းမြို့၊ မော်ချီးဒေသကို လေကြောင်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးအပါအဝင် (၂၀)ဦးအထိ သေဆုံးမှု ရှိလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလဲ များပြားတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောကြောင်း၊ သြဂုတ်လ ၁၇ ရက် မနက် ၇ နာရီ ၄၅ မိနစ် ဝန်းကျင်နဲ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက မော်ချီးဒေသကို ၂ ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားတဲ့အပြင် နေအိမ်နဲ့ ဆေးရုံထိခိုက်ပျက်စီးမှုလည်း ရှိခဲ့ကြောင်း” သတင်းဖော်ပြထားပါတယ်။
သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် – https://www.facebook.com/share/p/1Arxws8oaD/
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံသတင်းအရင်းအမြစ်ကို ဖက်ဒရယ်FMက ဆက်သွယ်မေးမြန်းထားပါတယ်။
“သေဆုံးတာက ၁၇ ဦး၊ ၁၈ ဦးလောက်သိရတယ်။ အတိအကျတော့ မသိရသေးဘူး။ ကလေးတွေတော့ပါတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်။ လိုခါးလိုဆေးရုံကို တစ်ကြိမ်ကြဲတယ်။ နောက်နေ့လယ် ၁၂ နာရီအချိန်မှာ ၁၆ ကုန်းကို ထပ်ကြဲတာ။ တစ်နေရာတည်းကို နှစ်လုံးကြဲတာ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ်။
သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည် – https://www.facebook.com/share/v/1AKV54Xqun/
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ဒေသခံတွေရဲ့ ဖြေဆိုချက်အရ အဆိုပါလေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေဟာ ကလေးငယ်တွေနဲ့ ပြည်သူတွေသာဖြစ်ကြောင်း တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ မော်ချီးဖက် လေကြောင်းတိုက်ခိုက်မှုအတွင်း KNDF ( ၁၇) ဦးသေဆုံး“ ဆိုတာဟာ တစိပ် တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီတို့ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိနေပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြီးတဲ့ အချိန်တိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ စွပ်စွဲပြီး ရေးသားထားတဲ့သတင်းအမှားတွေကို MFCN မှ စိစစ်ထားသည်များကို အောက်ပါလင့်ခ်တွေ ဖတ်ရှု့နိုင်ပါတယ်။
– https://www.facebook.com/share/v/1B1vDxuKTm/
– https://www.facebook.com/share/v/173zGw6S8p/
– https://www.facebook.com/share/v/1ZzTDuPvx5/
– https://www.facebook.com/share/v/1C19RLfbDZ/
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FactCheck #Mis_Disinformation #FFM