စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းခေါ်နေတာမျိုးမရှိဘူးဆိုတဲ့သတင်းမှား
(FactCheck) DNA – The Red Flag
ဩဂုတ်လ၊ ၁၈ရက်
အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း (အမျိုးသမီး) အတွက် စာရင်းကောက်ယူခြင်းမရှိသေးသလို သင်တန်းဖွင့်လှ စ်သင်ကြားပေးတာမျိုးလည်းမရှိသေးဘူးဆိုတဲ့ သတင်းတခုလူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နှံ့နေပါတယ်။
အဲ့ဒီအကြောင်းကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေနဲ့ လော်ဘီချန်နယ်မှာ ဖြန့်ဝေမှုတွေရှိနေသလို စစ်တပ်ထောက်ခံသူတွေကလည်း ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။
သတင်းမှားလင့်များ
ပျံ့နှံ့လာတဲ့အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့အခါမှာ မှော်ဘီမြို့နယ်ထဲက ပြည်သူ့စစ်မှုထမ်းစစ်သင်တန်းကျောင်းမှာ အမျိုးသမီးပြည်သူ့စစ်တွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ဖြစ်စဥ်မှာ မှန်ကန်နေကြောင်းတွေ့ရပါတယ်။
သတင်းစိစစ်ချက်
စစ်ကောင်စီတပ်ရဲ့မှော်ဘီမြို့နယ် အခြေစိုက် အမှတ်(၄)အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄)မှာ ပြည်သူ့စစ်မှုထမ်း(အမျိုးသမီး) သင်တန်းကျောင်းဖွင့်လှစ်နေတယ်ဆိုတဲ့အကြောင်းကို မြန်မာ့စစ်ဘက်ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSIပြီးခဲ့ ဩဂုတ်လ ၁၃ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်လင့် – https://shorturl.at/hP0Ya
“အမျိုးသမီးစစ်မှုထမ်းတွေကို အိမ်တွင်းမှုသင်တန်းကျောင်းက လူငယ်တွေကိုခေါ်တာများတယ် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်က” လို့ မှော်ဘီမြို့နယ် ပြည်သူ့စစ်သင်တန်းကျောင်းနားမှာနေထိုင်တဲ့ (အမည်မဖော်လိုသူ) ဒေသခံတဦးက DNAကို ပြောပါတယ်။
အမျိုးသမီးစစ်မှုထမ်းအပါတ်စဥ်(၁)က သင်တန်းသားတွေထဲမှာ စစ်တပ်အသိုင်းဝိုင်းက မိသားစုဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးနဲ့ပတ်သက်တဲ့သူတွေပါဝင်နေတယ်ဆိုတာကို DVB TV News ကနေ ဒီကနေ့မှာ သတင်းဖော်ပြထားပါသေးတယ်။
DVB TV News – https://burmese.dvb.no/post/720057
အမျိုးသမီး ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် စစ်ကောင်စီက နိုင်ငံအနှံ့မှာရှိတဲ့ အမျိုးသမီးငယ်တွေကို စစ်မေးတာ၊ မြို့၊ ရွာ၊ ရက်ကွက်အလိုက် စရင်းကောက်ယူတာမျိုးလုပ်ဆောင်နေတာမျိုးရှိတာကြောင့် ရန်ကုန်မြို့အပါအဝင် အခြားဒေသတွေမှာ အမျိုးသမီးပျောက်ဆုံးမှုတွေကလည်း ရှိလာတယ်ဆိုတဲ့ အကြောင်းကိုလည်း The Irrawaddy – Burmese Edition ကပြီးခဲ့တဲ့ ဩဂုတ်လ၊ ၁၄ရက်က MDSIပြီ ထုတ်ပြန်ချက်ကို မှီငြမ်းရေးသားခဲ့ပါသေးတယ်။
သတင်းလင့် – https://shorturl.at/8MEPt
Western News – https://shorturl.at/0ecYo
MPA – https://shorturl.at/LKb0d
အမျိုးသားတွေပါမက အမျိုးသမီးငယ်တွေပါစစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုထမ်းကထွက်ပြေးတိမ်းရှောင်ပါက နေအိမ်မှာရှိသူတွေကို ဖမ်းဆီးသွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၂၃ရက်က စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့တယ်ဆိုတာကို ရှမ်းပြည်အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်ကနေ ပြီးခဲ့ဇန်နဝါရီ ၂၄ရက်ကသတင်းရေးသားထားပါသေးတယ်။
သတင်းလင့် – https://shorturl.at/u9gcG
သုံးသပ်ချက်
အမျိုးသမီးပြည်သူ့စစ်မှုထမ်းကို မှော်ဘီမြို့နယ်အခြေစိုက် အမှတ်(၄)အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄)မှာ ဖွင့်လှစ်သင်တန်းပေးနေတယ်ဆိုတာက မှန်ကန်ကြောင်းတွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက စစ်မှုထမ်းနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ထဲမှာလည်း စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေအနေနဲ့ စစ်မှုထမ်းကနေထွက်ပြေးတိမ်ရှောင်ရင်လည်း နေမှာရှိတဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသွားမယ်ဆိုတဲ့ အကြောင်းရာကိုလည်းတွေ့ရပါတယ်။
အထက်ပါ အချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ရင် အမျိုးသမီးပြည်သူ့စစ်မှုထမ်းဖွင့်လှစ်ခြင်းမရှိဘူး၊ ကောလဟာလသာဖြစ်တယ်ဆိုတဲ့ အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းတွေ့ရပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #အချက်အလက်စစ်ဆေးခြင်း #ပြည်သူ့စစ် #အမျိုးသမီးစစ်မှုထမ်း