လူသတ်မှု ၃၀ကျော်၊ မုဒိမ်းမှု နှစ်ဒါဇင် ကျူးလွန်ခဲ့သော ဒုစရိုက်ဂိုဏ်းသားကို PDF ဟု တံဆိပ်ကပ်၍ စစ်လော်ဘီများ သတင်းအမှားဖြန့်ဝေနေ
13 Aug 2025 By RaHu/MPA/ DNA- The Red Flag
လူသတ်မှု ၃၄မှု၊ မုဒိမ်းမှု ၂၄မှုအနက် မုဒိမ်းကျင့် လူသတ်မှု ၁၃မှု၊ နေအိမ်ဝင် စီးမှု ၁၁မှုတို့ကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသူသည် PDF ဖြစ်သည်ဟု တံဆိပ်ကပ်၍ စစ်ကောင်စီတပ်ထောက်ခံသူများက သတင်းအမှားဖြန့်ဝေ လျက်ရှိသည်။
သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသော “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဩဂုတ် ၈ရက် မွန်းလွဲပိုင်းတွင် လူသတ်မှု၊ မုဒိမ်းကျင့်လူသတ်မှုများအကြောင်း ဝန်ခံထားသူတစ်ဦး၏ ရုပ်သံဗီဒီယိုဖိုင်နှင့်အတူ “PDF အကြမ်းဖက်သမားတွေ အချင်းချင်း ပြန်ဖမ်း၊ မုဒိမ်းသမားဖြစ်နေ”ဟု(မူရင်းရေးသားချက်အတိုင်း) ရေး သား ဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/ygGaG
အဆိုပါအကြောင်းအရာကို အခြားစစ်ကောင်စီတပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များဖြစ်သော “နေပြည် တော်၊ နောင်ရိုးဟစ်တိုင်၊ ကိုလှရွှေ(သတင်းမှန်)” စသည့် ချန်နယ်များက ကူးယူဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ်များ
နေပြည်တော် – https://archive.ph/h1iRz
နောင်ရိုးဟစ်တိုင်- https://archive.ph/1LVys
ကိုလှရွှေ(သတင်းမှန်)- https://archive.ph/RwhxM
ရုပ်သံဖိုင်နှင့်အတူ ပျံ့နှံ့နေသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာ ဖြစ်သော MPA သတင်းဌာနနဲ့ DNA Fact Checkအဖွဲ့တို့ကနေ အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရ သည်။
သတင်းစိစစ်ချက်
လူသတ်မှု၊ မုဒိမ်းမှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထားသော ရုပ်သံဗီဒီယိုဖိုင်အကြောင်း အသေးစိတ်သိရှိရန် Google တွင် “လူသတ်မှု ၃၄မှု၊ မုဒိမ်းမှု ၂၄မှု ကျူးလွန်သူ” ဟု ရေးသားရှာဖွေရာ Irrawaddy Burmese Edition, People’s Spring, Mizzima, Nation Voice, PVTV, လူငယ်ခေတ်၊ ခေတ်သစ်မီဒီယာ၊ သံလွင်ခက် စသော သတင်းမီဒီယာတို့၌ သတင်းဖြစ်စဉ် အကြောင်း အသေးစိတ်ဖော်ပြထားသည်။
Irrawaddy Burmese Editionတွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်၊ မုဒိမ်းမှုများကို ဂိုဏ်းဖွဲ့ ပြီး ကျူးလွန်နေသူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးဖော်ထုတ် အရေးယူခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က သတင်းထုတ်ပြန်ကြောင်း ရေး သားထားသည်။
သတင်းလင့်ခ် – https://shorturl.at/nA0Ez
People’s Spring တွင် လူသတ်မုဒိမ်းမှုအုပ်စုဖွဲ့ကျူးလွန်သောဂိုဏ်းအဖွဲ့ဝင် ငြိမ်းချမ်းဦး(ခ)ဂျပန်ကြီးအား စစ်ဆေးမေးမြန်းခဲ့ရာ တစ်နှစ်ခွဲကာလအတွင်း လူသတ်မှု ၃၄ မှု၊ မုဒိန်းမှု ၂၄ မှု (ယင်းအမှုကြီးများတွင်မုဒိန်း ကျင့်သတ်မှု ၁၃မှု) ၊ နေအိမ်ဝင်စီးမှု ၁၁ မှု ကျူးလွန်ခဲ့ကြောင်း ရေးသားထားသည်။
သတင်းလင့်ခ် – https://shorturl.at/GGaRo
Mizzima သတင်းမီဒီယာတွင် အဆိုပါ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ငြိမ်းချမ်းဦး (ခ) ဂျပန်ကြီးသည် စစ်ဆေးမေးမြန်းစဉ် ကာလအတွင်း မူးယစ်ဆေးဝါးသုံးဆွဲခဲ့သောသူဖြစ်သောကြောင့် ဆေးပြတ်သည့် လက္ခဏာပြသပြီး ကယောက်ကတမ်းများပြောဆိုကာ စက်တင်ဘာလ ၄ရက် နံနက် ၁နာရီအချိန်တွင် နှလုံးဖောက်ပြန်ပြီး သေဆုံးသွားခဲ့ကြောင်း ဆိုသည်။
ဂျပန်ကြီး၏ ထွက်ဆိုချက်များထဲမှ ၎င်းနှင့်အတူရာဇဝတ်မှုကျူးလွန်ရာတွင် ခေါင်းဆောင်ခဲ့သူ ဇော်ဦး (ခ) ဆံရှည် ဆိုသူအား စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြောင်း ရေးသားထားသည်။
သတင်းလင့်ခ် – https://shorturl.at/NFv7z
လူငယ့်ခေတ်သတင်းတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဂျပန်ကြီး၏ ထွက်ဆိုချက်အရ လူသတ်မှု (၃၄) မှု ၊ မုဒိန်းမှု (၂၄) မှု (ယင်းအမှုကြီးများတွင်အဓမ္မကျင့်ပြီးသတ်ဖြတ်မှု ၁၃ မှု)၊ နေအိမ်ဝင်စီးမှု (၁၁) မှု အထိကျုးလွန်ခဲ့ သည်ကို ဝန်ခံခဲ့ကြောင်း၊ ထိုပြင် အသက်မပြည့်သေးသည့် (၁၄) နှစ်အရွယ် ကလေးတစ်ဦး ကိုလည်း အဓမ္မပြုကျင့်ခဲ့ကြောင်းဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/SO8tm
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ရက်တွင် စစ်ကိုင်းတိုင်း မုံရွာတွင် စစ်ကောင်စီ၏ အားပေး မှု ဖြင့် မုဒိန်းမှု၊ လူသတ်မှုများကျူးလွန်နေသော ဒုစရိုက်ဂိုဏ်းကို မုံရွာခရိုင် PDF ဖမ်းဆီးအရေးယူခဲ့မှု အကြောင်း ရေးသားဖော်ပြထားသည်။
ပြစ်မှုကျူးလွန်သူသည် PDF တပ်ဖွဲ့ဝင်မဟုတ်ဘဲ ဒုစရိုက်မှုများအား အုပ်စုဖွဲ့ကျူးလွန်သော ဂိုဏ်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် စစ်ကောင်စီအားပေးထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ၂၀၂၂ ခုနှစ်က ရုပ်သံဖိုင်အဟောင်း တစ်ခုကို အသုံးပြု၍ လူသတ်၊ မုဒိမ်းမှုများအား ကျူးလွန်သူကို PDF ဟု တံဆိပ်ကပ် ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။
ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork