သက်ငယ်မုဒိန်းပပျောက်ဖို့လှုံ့ဆော်လို့ မချောစုဟန်လုပ်ကြံခံရဆိုတဲ့သတင်းမှား
Share:FacebookX

သက်ငယ်မုဒိန်းပပျောက်ဖို့လှုံ့ဆော်လို့ မချောစုဟန်လုပ်ကြံခံရဆိုတဲ့သတင်းမှား

သက်ငယ်မုဒိန်းပပျောက်ဖို့လှုံ့ဆော်လို့ မချောစုဟန်လုပ်ကြံခံရဆိုတဲ့သတင်းမှား

 

ဩဂုတ်လ၊ ၁၂ရက်။

(FactCheck) DNA-The Red Flag

 

သက်ငယ်မုဒိန်းမှုတွေပပျောက်ဖို့ ကျူးလွန်သူတွေကို ပြင်းထန်စွာအရေးယူပေးဖို့

အတွက် လှုံ့ဆော်ခဲ့တာကြောင့် မြေပြင်သပိတ်တက်ကြွလှုပ်ရှားသူ မချောစုဟန်လုပ်ကြံခံလိုက်ရတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

ဒီအကြောင်းရာကို မှော်နတ်သမီးဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ မနေ့က နေ့လည် ၁၂နာရီဝန်းကျင်မှာ ဖြန့်ဝေခဲ့တာဖြစ်ပြီး reaction ပြုလုပ်သူ ၈၀၃ဦး၊ Comment ပေးသူ ၄၃ခုနဲ့ ပြန်လည်မျှဝေသူ ၄၃၈ဦး ထိရှိပြီး၊ ကြည့်ရှုသူ ၄၁၀၀၀ကျော်ထိရှိနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

သတင်းမှားလင့် – https://archive.ph/5zxXu 

 

ဒီအကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေစစ်ဆေးကြည့်တဲ့အခါမှာ မချောစုဟန်လုပ်ကြံခံရတဲ့ သတင်းမှာမှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစီစစ်ချက် 

 

ပျံ့နှံ့နေတဲ့ရုပ်သံဖိုင်ကို စစ်ဆေးကြည့်တဲ့အခါမှာ မြေပြင်သပိတ်လှုပ်ရှားးသူ မချောစုဟန်က ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ၊ ၈ရက်နေ့မှာ သက်ငယ်မုဒိန်းမှုတွေပပျောက်နိုင်ဖို့အတွက် ကျူးလွန်တဲ့သူတွေကို ပြင်းထန်တဲ့ စီရစ်ချက်နဲ့ ပြစ်ဒဏ်ပေးဖို့  လှုံ့ဆော်ဖြန့်ဝေထားတဲ့ ရုပ်သံဖိုင်ဖြစ်တာကိုတွေ့ရပါတ​ယ်။ 

မူရင်းရုပ်သံ – https://shorturl.at/CzMUL 

 

ဒါ့အပြင် မချောစုဟန်ရဲ့ Facebook စာမျက်နှာမှာ ဒီကနေ့ ညနေ၅နာရီဝန်းကျင်မှာလည်း ပို့စ်တခုမျှဝေခဲ့ပါသေးတယ်။

လင့်  – https://shorturl.at/cFBIR 

 

ဒီပျံ့နှံ့နေတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး မချောစုဟန်ကို ဆက်သွယ်မေးမြန်းရာမှာလည်း “ကျမကအကြိမ်ကြိမ်သေနေတာ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေ (ရယ်လျှက်)၊ အခုတော့လေကြောင်းဟောပြောပွဲတွေလုပ်လိုက်၊ သပိတ်တွေမှောက်လိုက်နဲ့လှုပ်ရှားနေပါတယ်”လို့ DNAကိုပြောပါတယ်။

 

သတင်းဖြန့်ဝေခဲ့တဲ့ မှော်နတ်သမီးဆိုတဲ့ facbookစာမျက်နှာကို စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီလော်ဘီ စာမျက်နှာဖြစ်သလို သတင်းမှားတွေကို မကြာခဏဖြန့်ဝေနေတာကိုလည်းတွေ့ရပါတယ်။

သတင်းသုံးသပ်ချက်

 

သက်ငယ်မုဒိန်းပပျောက်ဖို့အတွက် လှုံ့ဆော်ပြောဆိုတာကြောင့် လုပ်ကြံခံရတယ်ဆိုတဲ့အကြောင်းရာမှာ လုပ်ကြံဖန်တီးရေးသားထားတဲ့အကြောင်းရာဖြစ်တာကိုတွေ့ရပါတယ်။

 

ဒါ့အပြင်  ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်က အဲ့ဒီရုပ်သံကိုအသုံးပြုပြီးစစ်ကောင်စီလက်လွှတ်ရတဲ့ဒေသတွေမှာ သက်ငယ်မုဒိန်းမှုဖြစ်ပွားမှုမြင့်တက်နေတယ်လို့ဖြန့်ဝေခဲ့တယ် သတင်းမှားတွေကိုလည်း MFCN အနေနဲ့စစ်ဆေးနိုင်ခဲ့ပါသေးတယ်။

Fact Check လင့် – https://shorturl.at/jdYNs 

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNA #DNAFactCheck #MFCN #FactCheck #PDF #military  #သက်ငယ်မုဒိန်း #အချက်လက်စစ်ဆေးခြင်း

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .