၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်ရက်
ဖက်ဒရယ် FM၊ The Red Flag
တမူးလမ်းပိုင်းတွင် ခရီးသည်ကားတွေကို NUGလက်အောက်ခံ PDFတွေက ဓါးပြတိုက်ဆိုပြီး ဓာတ်ပုံဟောင်းနှစ်ပုံဖြန့်ချိဝါဒဖြန့်ချိနေပါတယ်။
ကျော်ဇေယျဆိုတဲ့ လူမှုကွန်ရက်အကောင့်ကနေ “ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများက ခရီးသည်ကားအား ဓါးပြတိုက်” ဟု စာညွှန်းဖြင့် ရေးသားဖြန့်ချိခဲ့ပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်ဖြစ်တဲ့ “ မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ထပ်ဆင့်ဖော်ပြခဲ့ရာ ပြန့်နှံ့မှုများခဲ့ပါတယ်။
မူရင်းလင့်ခ် – https://www.facebook.com/share/p/1FchMNyFjp/
မှိုင်းဝေ – https://t.me/hminewai/77191
ကျော်ဇေယျဆိုတဲ့ လူမှုကွန်ရက်အကောင့်က ဖော်ပြထားတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM က စစ်ဆေးကြည့်တဲ့အခါမှာ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။
သတင်းစိစစ်ချက်
၃၁ ဩဂုတ် ၂၀၂၂ ခုနှစ်တွင် လွတ်လပ်တဲ့ မီဒီယာသတင်းဌာနဖြစ်တဲ့ People’s Spring သတင်းဌာနမှာ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး သတင်းမှာ ဖော်ပြထားပါတယ်။
“ကုန်ပစ္စည်းနှင့် ငွေကြေးအမြောက်အမြားသယ်ဆောင်လာသည့်ယာဥ်ကို မသင်္ကာ၍ ပြည်သူလူထုပိုင် ပစ္စည်းနှင့်ငွေများ ဟုတ်၊မဟုတ်စစ်ဆေးပြီးနောက် ပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း PDF(တမူး)က ထုတ်ပြန်သည်။ PDF(တမူး)တပ်ရင်း(၁) သည် ဩဂုတ် ၂၉ ရက်တွင် တမူး – အောင်ဇေယျလမ်းပိုင်း၌ နယ်မြေလုံခြုံရေးနှင့် ယာဥ်စစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လိုင်းကားတစ်စီးသည် မသင်္ကာဖွယ်ရာကုန်ပစ္စည်းများနှင့် ကျပ်ငွေ အမြောက်အမြား စစ်ဆေးတွေ့ရှိသဖြင့် ယာဉ်မောင်းနှင့်ယာဉ်ကို ခေတ္တသိမ်းဆည်းခဲ့ကြောင်း၊ ကုန်ပစ္စည်းနှင့်ငွေကြေးပိုင်ရှင်များ၏ နောက်ကြောင်းကို သေချာစုံစမ်းစစ်ဆေးရာတွင် ပြည်သူလူထုပိုင်ဆိုင်သည့် ငွေနှင့် ပစ္စည်းများဖြစ်၍ ဩဂုတ် ၃၀ရက်တွင် ပိုင်ရှင်ထံ စာရင်းမှတ်တမ်းအတိုင်း ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း” သတင်းမှာဖော်ပြထားပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/1LhbhJHRSR/
“(29.8.2022)ရက်နေ့တွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့)တပ်ရင်း(၁)မှတပ်ဖွဲ့ဝင်များသည် တမူး-အောင်ဇေယျကားလမ်းပိုင်း၌ နယ်မြေလုံခြုံရေးနှင့် ယာဥ်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေစဥ် တမူးမြို့ဘက်မှ အောင်ဇေယျရွာဘက်သို့ ဦးတည်မောင်းနှင်လာသည့် လိုင်းကားတစ်စီးအား ရပ်တန့်စစ်ဆေးရာ မသင်္ကါဖွယ်ရာကုန်ပစ္စည်းများနှင့် ငွေကျပ်အမြောက်အများကို ရှာဖွေတွေ့ရှိရသဖြင့် ၎င်းလိုင်းကားယာဥ်မောင်းနှင့်ယာဥ်အား အသေးစိတ်စစ်ဆေးရန် ခေတ္တသိမ်းဆည်းထားခဲ့ကြောင်း၊ ယာဥ်ပေါ်ပါ ကုန်ပစ္စည်းများနှင့် ငွေကြေးပိုင်ရှင်များ ၏ နောက်ကြောင်းသတင်းရင်းမြစ်များကို သေချာစွာ စုံစမ်းစစ်ဆေးပြီးနောက် ပြည်သူလူထုပိုင် ကုန်ပစ္စည်းနှင့် ငွေကြေးများစစ်မှန်ကြောင်း သိရှိရသည့်အတွက် (30.8.2022)ရက်နေ့တွင် ၎င်းငွေပိုင်ရှင်များထံ မိမိတို့သိမ်းဆည်းစဥ်က စာရင်းမှတ်တမ်းပါ ပမာဏများအတိုင်း ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ယာဥ်ပေါ်ပါ ကုန်ပစ္စည်းများအပါအဝင် ယာဥ်နှင့်ယာဥ်မောင်းအား ကောင်းမွန်စွာ ကျွေးမွေးစစ်ဆေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း” PDF(တမူး)က ထုတ်ပြန်ခဲ့ပါတယ်။
သတင်းလင့်ခ် – https://www.facebook.com/share/p/178SG7wQe1/
သုံးသပ်ချက်
အဆိုပါဖြန့်ချိထားတဲ့ သတင်းမှာအသုံးပြုထားတဲ့ပုံတွေဟာ ၂၀၂၂၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ တမူး PDF က နယ်မြေလုံခြုံရေးဆောင်ရွက်တဲ့ ဓာတ်ပုံတွေကို အသုံးပြုထားပါတယ်။
ဒါ့အပြင် သတင်းမီဒီယာနဲ့ တမူးPDF တွေရဲ့ထုတ်ပြန်ချက်အရ ကုန်ပစ္စည်းနှင့် ငွေကြေးအမြောက်အမြားသယ်ဆောင်လာသည့်ယာဥ်ကို မသင်္ကာ၍ ပြည်သူလူထုပိုင် ပစ္စည်းနှင့်ငွေများ ဟုတ်၊မဟုတ်စစ်ဆေးပြီးနောက် ပိုင်ရှင်ထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ကျော်ဇေယျဆိုတဲ့ လူမှုကွန်ရက်အကောင့်ကနေ ပြန့်နှံ့နေတဲ့ “ တမူးလမ်းပိုင်းတွင် ခရီးသည်ကားတွေကို NUGလက်အောက်ခံ PDFတွေက ဓါးပြတိုက်၊ ငွေကြေးနှင့် ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားကြောင်း“ ဆိုတာဟာ တစိပ် တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဖြန့်ချန်နယ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ ပြည်သူတွေကတော်လှန်ရေးတပ်ဖွဲ့တွေကို ယုံကြည်မှုလျော့နည်းလာအောင်နဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိနေပါတယ်။
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FactCheck #Mis_Disinformation #FFM