၂၀၂၅၊ ဩဂုတ်လ ၁၂ ရက်။
(Fact Check) လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN
စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေ ပါလာတဲ့ စက်လှေ ဆွဲသင်္ဘောနဲ့ တိုက်မိပြီး အကုန်သေကုန်ပါပြီ လို့ နိုင်ငံခြားက ဗီဒီယိုဖိုင် အဟောင်းကို အသုံးပြုပြီး သတင်းမှား ပြန့်နှံနေပါတယ်။
SI Thu အမည်ရှိ Facebook Account ကနေ ဩဂုတ်လ ၉ ရက်နေ့မှာ ဖော်ပြထားတာ ဖြစ်ပြီး စက်လှေတစ်စီး ကို ဆွဲသင်္ဘောက တိုက်မိတဲ့ ဗီဒီယိုဖိုင်ကို “စစ်မှူးထမ်း ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်များ အကုန်သေပါပြီ။” (မူရင်း အရေးအသားအတိုင်း) လို့ စာတန်းထိုးက ဖြန့်ဝေထားတာကို တွေ့ရပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ထိ Like 2.9k, Comment 84 ခုနဲ့ ပြန်လည်မျှဝေသူ ၄၅၆ ဦးထိ ရှိနေတဲ့ မူရင်းပိုစ်ကို ဒီမှာ http://archive.today/qtidO ကြည့်ပါ။
အဆိုပါ ဗီဒီယိုဖိုင်ကိုပဲ ဂေါဝန်ဆိပ်ကနေ တက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုက ပြည်သူတွေ လိုက်ပါလာတဲ့ စက်လှေကို ဝင်ကြိတ်ခဲ့တာလို့ ဖြန့်ဝေထားကြတာတွေလည်း ရှိနေပါတယ်။
Naw Thu Aung – http://archive.today/qCQoP
Captain Seagull – http://archive.today/PgHbP
အဆိုပါ ရုပ်သံဖိုင်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ် စာစဉ်က စီစစ်ကြည့်ရာ အင်ဒိုနီးရှား နိုင်ငံက ဖြစ်စဉ်အဟောင်းမှ ဗီဒီယိုဖိုင် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်ကို Newsflare ဆိုတဲ့ အကောင့်ကနေ MSN ဝက်ဆိုက်မှာ ဇူလိုင် ၈ ရက်နေ့က “Passengers leap into river when coal barge hits wooden boat taxi” ဆိုပြီး ဖော်ပြထားတာကို တွေ့ရပါတယ်။
၎င်းရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၅၊ ဇူလိုင်လ ၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဘာရိတို မြစ်ထဲမှာ ခရီးသည်တင် စက်လှေ တစ်စီး စက်ချို့ယွင်းပြီး သင်္ဘောကို မရှောင်နိုင် ဖြစ်သွားရာက ဝင်ကြိတ်မိခဲ့တာလို့ သိရပါတယ်။
Newsflare – https://shorturl.at/V4NGo
အဆိုပါ ဖြစ်စဉ်ကို အင်ဒိုနီးရှား၊ ကာလီမန်တန်ဒေသ အခြေစိုက် “Lintas Kalimantan” သတင်းဌာန ဝက်ဆိုဒ်က ဇူလိုင်လ ၉ ရက်နေ့မှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
Lintas Kalimantan – https://shorturl.at/OaCwM
အဆိုပါ ဗီဒီယိုဖိုင်ကို Ocean Mariner, Bonden Hermadi, Seaman Insight စတဲ့ Facebook လူမှုကွန်ယက် အကောင့်တွေကနေ ဇူလိုင်လ အတွင်းမှာ အသီးသီး ဖော်ပြထားကြတာကို တွေ့ရပါတယ်။
Ocean Mariner – https://www.facebook.com/share/r/16BJuV4Dhj/
Bonden Hermadi – https://www.facebook.com/share/r/1S9gMC6vwQ/
Seaman Insight – https://www.facebook.com/share/r/1DQvNyy6o2/
ထို့အပြင် အဆိုပါ ဗီဒီယိုဖိုင်ကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ “ဗန်းမော်ကို စစ်ကူလာတဲ့သင်္ဘော ပြည်သူ့ စက်လှေကို တက်ကြိတ်သွားတယ်” ဆိုတာ သတင်းမှားဖြစ်ကြောင်း Mizzima သတင်းဌာနက အချက်အလက် စစ်ဆေးထား တာကို https://shorturl.at/EzjlR ဒီမှာ ကြည့်နိုင်ပါတယ်။
အချက်အလက် စစ်ဆေးချက်အရ အဆိုပါ ဗီဒီယိုဖိုင်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ အင်ဒိုနီးရှားမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အဟောင်းမှ ရုပ်သံကို ဖြတ်ယူပြီး ဖော်ပြထားတာဖြစ်ကြောင်း တွေ့ရပါတယ်။
ထို့အပြင် စစ်မှုထမ်း ဖမ်းဆီးခံရတဲ့ လူငယ်တွေ စက်လှေ တိမ်းမှောက်ပြီး သေဆုံးခဲ့တယ် ဆိုတဲ့ ဖြစ်စဉ်ကိုလည်း မည်သည့် သတင်းဌာနကမှ ဖော်ပြထားခြင်း မရှိပါဘူး။
ထို့ကြောင့် SI Thu အကောင့်က ဖော်ပြထားတဲ့ “စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေပါလာတဲ့ စက်လှေ ဆွဲသင်္ဘောနဲ့ တိုက်မိပြီး အကုန်သေကုန်ပါပြီ။” ဆိုတဲ့ ဖော်ပြချက်က သတင်းအမှားသာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အတွက် အဲ့ဒီ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေ နေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတု/သတင်းမှား ဖြစ်နိုင်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ် အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Check ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork