အာကာသထဲက ဥက္ကာပျံခဲကို နတ်ဆိုးလွတ်မြောက်သွားပြီဆိုကာ သတင်းမှားဖြန့်
Share:FacebookX

အာကာသထဲက ဥက္ကာပျံခဲကို နတ်ဆိုးလွတ်မြောက်သွားပြီဆိုကာ သတင်းမှားဖြန့်

အာကာသထဲက ဥက္ကာပျံခဲကို နတ်ဆိုးလွတ်မြောက်သွားပြီဆိုကာ သတင်းမှားဖြန့်
ဩဂုတ်လ၊ ၄ရက်။
(FactCheck) Akyabpost/ DNA -The Red Flag
နတ်ဆိုးလွတ်မြောက်သွားတာကြောင့် ကမ္ဘာအရပ်အရပ်မှာ လေယာဉ်ပျက်ကျမှု၊ လေကြောင်းမတော်တဆမှု၊ တောမီးလောင်ကျွမ်းမှုနဲ့ လူနေအိမ်/အလုပ်ရုံ/ဆေးရုံ မီးလောင်မှုတွေကို ပိုမိုမြင်တွေ့လာရတာ ဖြစ်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
 
Facebook ဆိုရှယ်မီဒီယာမှာ “Sayar Saw Myat Tun” ဆိုတဲ့ အကောင့်ကနေ ဇူလှိုင်လ ၂၉ ရက်နေ့မှာ “ဘာမှန်းမသိတာတခုခု လာနေပီနော်….လာနေပီ” ဆိုတဲ့အတိုင်း မြေကျင်းတူးပီး ဘန်ကာထဲ ပြေးဝင်ပုန်းနေဖို့ အဆင်သင့်ကြိုတင် ပြင်ဆင်ထားသူတွေကတော့ အသက်ရှူချောင်မှာပေါ့။ ခေတ်မီဖွံ့ဖြိုးတိုးတက်လှပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေလဲ မီးပျက်နိုင်သလို universal black out လဲ ဖြစ်သွားနိုင်တယ်။ power bank ရှိပီးသား မြန်မာနိုင်ငံက အမျိုးတွေတော့ အေးဆေးပါ ကျန်တဲ့နိုင်ငံက မြန်မာတွေလဲ အေးဆေးပါ ဒူးလေးတနန့်နန့်နဲ့ ဝေဖန်ပီးတော့ လေကန်နေလိုက်ရုံသာ အာလူးဖုတ်နေရင်လဲ စားဖို့ရိက္ခာရတယ်” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
 
Sayar Saw Myat Tun အကောက်ကနေ တင်ထားတဲ့ မူရင်းပို့စ်အပြည့်အစုံ – https://archive.ph/RoIa8
 
ဒီပို့စ်ကို စတင်ဖြန့်ခဲ့တဲ့နေ့ကနေ MFCN အဖွဲ့ဝင်တွေကနေ စစ်ဆေးတဲ့ ဩဂုတ်လ ၃ ရက်နေ့အထိ reaction ပြုလုပ်သူ 1.3 k Comment ပေးသူ 260နဲ့ Share ပြုလုပ်သူ 443 ထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။​
 
ဒီပျံ့နှံ့နေတဲ့အကြောင်းရာကို MFCN အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Akyab Post Fact Checkအဖွဲ့ နဲ့ DNA Fact Check အဖွဲ့တို့ကနေ စစ်ဆေးခဲ့လိုက်တဲ့အခါ နတ်ဆိုးလွတ်မြောက်သွားပြီလို့ ရေးသားနေကြတဲ့ အကြောင်းအရာဟာ အာကာသာထဲက ဥက္ကာပျံတစ်လုံးအကြောင်းကို လိုအပ်သလို ပုံဖော်ရေးသားပြီး သတင်းတုသတင်းမှားဖြန့်ခဲ့ကြတာကို တွေ့ရပါတယ်။
 
သတင်းစိစစ်ချက်
ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး Google reverse image search tools၊ Google Advanced search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​
Google မှာ အာကာသနဲ့ပတ်သက်ပြီး ရိုက်ရှာကြည့်တဲ့အခါမှာ “UFO or 3I /ATLAS” ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ရေးသားထားကြတာ တွေ့ရပါတယ်။ “MASES – Myanmar Astronomy & Science Enthusiasts Society” ဆိုတဲ့ Page ကနေ ဇူလှိုင်လ ၃၁ ရက်နေ့မှာ “UFO မဟုတ်တဲ့ ဥက္ကာခဲ သို့ 3I /ATLAS” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။
MASES ရဲ့ ရေးသားချက်တွေအရ “နက္ခတ္တသိပ္ပံပညာရှင်အများစုကတော့ 3I/ATLAS ဟာ ကြယ်တာရာကြားကနေ ဝင်ရောက်လာတဲ့ သဘာဝဥက္ကာပျံ (natural comet) တစ်ခုအဖြစ်ပဲ သုံးသပ်ကြပါတယ်။ သူ့ရဲ့ ရွေ့လျားနှုန်းနဲ့ လမ်းကြောင်းဟာ ထူးခြားနေတယ်ဆိုပေမဲ့ comet တွေရဲ့သဘာဝကြောင့် ဖြစ်ရတာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဥက္ကာပျံတွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနောက်ဆိုဒ်လို မတည်ငြိမ်တဲ့ ရေခဲတွေ ပါဝင်တာကြောင့်နေအနားနီးလာတဲ့အချိန်မှာ သူတို့ရဲ့ အမြန်နှုန်းပြောင်းလဲသွားတာမျိူး ဖြစ်နိုင်ချေရှိပါတယ်။ အခုလို နောက်ပြီးတော့ NASA နဲ့ တစ်ခြား space agency တွေ ယုံကြည်ရတဲ့ သိပ္ပံပညာရှင်တွေက 3I/ATLAS ကို ဥက္ကာခဲတစ်ခုလို့ပဲ တစ်ညီတစ်ညာတည်း ကောက်ချက်ချထားပါတယ်။” လို့ NDTV သတင်းကနေ ကိုးကားပြီးတော့ ရေးသားဖော်ပြထားပါတယ်။
MASES ရဲ့ မူရင်းပို့်စ်အပြည့်အစုံ – https://www.facebook.com/share/p/1E4Cew1Bng/
https://www.facebook.com/myanmarastronomy/posts/pfbid0U4dT2xBnmWQikK5D2GwnUeP5PM9v324tppv6CkQLV7Wvu5WYKSum8Excr1fRLqfHl
MASES ရဲ့ ပို့စ်မှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာကို NDTV မှာ ရိုက်ရှာကြည့်တဲ့အခါမှာ ဇူလှိုင်လ ၃၁ ရက်နေ့မှာ “Scientist Claims Mysterious Interstellar Comet Could Be Alien Technology.Here’s What We Know” ဆိုပြီးတော့ ရေးသားထားပါတယ်။
ကနဦး လေ့လာတွေ့ရှိချက်တွေအရ နက္ခတ္တပညာရှင်တွေက ဒီအစိုင်အခဲကို ဥက္ကာခဲ (asteroid) တခုလို့ ယူဆခဲ့ကြပေမယ့်၊ နောက်ဆက်တွဲ လေ့လာမှုများက ဒီအစိုင်အခဲက နက္ခတ္တကြားကနေ ဆင်းသက်လာတဲ့ကြယ်တံခွန် (comet) တခုဖြစ်တာကို အတည်ပြုခဲ့တယ်လို့ NDTV သတင်းဌာနကနေ ဖော်ပြရေးသားထားပါတယ်။
NDTV ရဲ့ သတင်းအပြည့်အစုံ – https://www.ndtv.com/science/3i-atlas-scientist-claims-mysterious-interstellar-comet-could-be-alien-tech-heres-what-we-know-8989654
ဒီအကြောင်းအရာကိုပဲ National Aeronautics and Space Administration, NASA) ကနေ ဇူလှိုင်လ ၂ရက်နေ့မှာ “NASA Discovers Interstellar Comet Moving Through Solar System” ဆိုပြီ ရေးသားဖော်ပြထားပါတယ်။
NASA ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://science.nasa.gov/blogs/planetary-defense/2025/07/02/nasa-discovers-interstellar-comet-moving-through-solar-system/
သက်သေပြချက်
“နတ်ဆိုးလွတ်လာပြီ၊ တကယ့် demon lord-နတ်ဆိုးအကြီးစားမို့ သူ့ရဲ့အပေါင်းအပါ နတ်ဆိုးတွေပါ ဆင့်ခေါ်ပီး သောင်းကျန်းဖျက်ဆီးနေပါတယ်၊ အာကသထဲက ဘာမှန်းမသိတာတခုခုလာနေပြီ” လို့ရေးသားထားတဲ့အကြောင်းအရာမှာ ပြီးခဲ့တဲ့ဇူလိုင်လ၊ ၂ရက်နေ့က ချီလီနိုင်ငံမှာရှိတဲ့ ATLAS စူးစမ်းရေးတယ်လီစကုတ်ကနေ ဖမ်းယူနိုင်ခဲ့တဲ့ ကမ္ဘာဆီကို ဦးတည်ရွေ့လျားလာနေတဲ့ ဥက္ကာခဲတခုအကြောင်းဖြစ်တာကို တွေ့ရှိရပါတယ်။
ရရှိထားတဲ့ အချက်အလက်တွေ၊ စိစစ်စစ်ဆေးထားတဲ့ အချက်အလက်တွေအပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ တုံ့ပြန်ရေးသားကြတဲ့ အချက်အလက်တွေအရ “Sayar Saw Myat Tun” အကောက်ကနေ နတ်ဆိုးလာနေပြီ ဆိုတဲ့ အကြောင်းအရာဟာ အာကာသထဲက မျောလွင့်လာတဲ့ ဥက္ကာပျံတစ်လုံးကို လိုအပ်သလို ပုံဖော်ပြီး ဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့နဲ့ The Akyab Post Fact Checkအဖွဲ့ကိုလည်း Facebook page တွေ ကနေဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
 
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
 
Web – https://myanmarfactcheckingnetwork.org/
 
Fb – https://www.facebook.com/myanmarfactcheckingnetwork
 
#DNAFactCheck DNA Akyabpost_factcheck Akyabpost FactCheck MFCN
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .