အေအေအဖွဲ့ကနေ စခန်းချနေတာကြောင့် ဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲရှင်းလင်းခဲ့ဆိုကာ သတင်းမှားဖြန့်
Share:FacebookX

အေအေအဖွဲ့ကနေ စခန်းချနေတာကြောင့် ဘုန်းတော်ကြီးကျောင်းကို ဗုံးကြဲရှင်းလင်းခဲ့ဆိုကာ သတင်းမှားဖြန့်

စစ်ကောင်စီလေကြောင်းတိုက်ခိုက်
ရခိုင်လေကြောင်းတိုက်ခိုက်ခံရမှု

Akyab Post/ MFCN/ Red Flag

2 Aug 2025

Fact Check

ကျောက်ဖြူမြို့နယ်မှာ အေအေအဖွဲ့ကနေ စခန်းချနေတာကြောင့် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲပြီးတော့ တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Shwe Myanmar ချန်နယ်ကနေ ဇူလှိုင်လ ၃၁ ရက်နေ့မှာ “ကျောက်ဖြူတွင် ဘုန်းကြီးကျောင်းတွေမှာ ခိုးကြောင်ကြောင် နေနေတဲ့ အကြမ်းဖက် AA အဖွဲ့ကို ဗုံးကြဲရှင်းလင်းခဲ့ကြောင်းသိရသည်။” (မူရင်းအရေးအသား) လို့ ရေးသာထားပါတယ်။ 

📌 Shwe Myanmar ချန်နယ်ကနေ တင်ထားတဲ့ မူရင်းပို့စ် – https://archive.ph/d3gRy 

ဒီပို့စ်ကို ဒီပို့စ်ကို Akyab Post ကနေ နောက်ဆုံး  စစ်ဆေးထားတဲ့ ဩဂုတ်လ ၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၉၅၁ reaction ပြုလုပ်သူ ၅၄ ဦး ထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ View of Sue ချန်နယ်မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။ 

📌 View of Sue ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/Hkl4K 

ဒီပို့စ်ကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ ကျောက်ဖြူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပျက်စီးသွားတဲ့ ဘုန်းတော်ကြီးကျောင်းမှာ အေအေအဖွဲ့ကနေ စခန်းချတာကြောင့် ဗုံးကြဲရတယ်ဆိုတာဟာ ဝါဒဖြန့်ရေးသားထားတာကို တွေ့ရပါတယ်။ 

▪️ သတင်းစိစစ်ချက်

 Shwe Myanmar ချန်နယ်မှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

Shwe Myanmar ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသအခြေပြုသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara ဇူလှိုင်လ ၃၁ ရက်နေ့မှာ “ကျောက်ဖြူမြို့နယ်က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို စစ်ကောင်စီထပ်မံ ဗုံးကြဲတိုက်ခိုက်” ဆိုပြီးတော့ ရေးသားထားပါတယ်။ 

🔗 Narinjara  ရဲ့ သတင်းအပြည့်အစုံ  – https://www.facebook.com/share/p/17H9U16aeV/ 

Narinjaraရဲ့ ရေးသားဖော်ပြချက်တွေအရ “ကျောက်ဖြူမြို့နယ်က လူနေကျေးရွာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေရာမှာ ဇူလိုင် ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်မှာတော့ မင်းရပ်တိုက်နယ်၊ သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။​

အခြားရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေလည်း ဇူလှိုင်လ ၃၁ ရက်နေ့မှာ “AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ” လို့ ရေးသားဖော်ပြထားပါတယ်။ 

DMG ရဲ့ ရေးသားချက်မှာ “စစ်ကောင်စီသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ နေထိုင်သွားလာရာ နေအိမ်၊ ဘုန်ကြီးကျောင်း၊ အဆောက်အအုံတို့ကို ဂျက်ဖိုက်တာ၊ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်နေသည်။” လို့​ ရေးသားဖော်ပြထားပါတယ်။ 

🔗 DMG ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန်  – https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/aatap.html?fbclid=IwY2xjawL6e6tleHRuA2FlbQIxMABicmlkETE1eTVHZjJ5bHpiUjhSYnk2AR4Sj07jeNg3Y5bo2i-j-nUlu_z7_-QvqCEj-fdbrw_vzOi2X0eR46nWHy7SNg_aem_uXtFuk4y0zcUWgVpYH0pvQ 

ကျောက်ဖြူမြို့နယ်မှာ ဘုန်းတော်ကြီးကျောင်း ဗုံးကြဲခံရတာနဲ့ ပတ်သက်လို့လည်း မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ ဇူလှိုင်လ ၃၁ ရက်နေ့မှာ “ကျောက်ဖြူတွင် ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်” လို့ ရေးသားဖော်ပြထားပါတယ်။ 

DVB ရဲ့ ရေးသားချက်တွေအရ “သဒွတ္တိန်ကျေးရွာကို စစ်ကောင်စီက မနက်ပိုင်း ၁၁ နာရီကျော်ကျော်လောက်မှာပဲ ဂျက်ဖိုင်တာတစီးနဲ့ လာပြီး ဗုံးကြဲသွားတာ။ ရွာက တိုက်ပွဲဖြစ်နေတဲ့ ဧရိယာလည်း မဟုတ်ဘူး။ စစ်ကောင်စီက သီးသန့်ရည်ရွယ်ပြီးတော့ ဘာသာရေးအဆောက်အအုံကို တိုက်ခိုက်သွားတာ။ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းဆောင်နဲ့ ဓမ္မရုံအဆောင်တွေတော့ ထိခိုက်ပျက်စီးသွားတယ်” လို့ ရေးသားထားပါတယ်။ 

🔗 ​DVB ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန်  – https://burmese.dvb.no/post/717246 

သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ  လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ အေအေဖက်ကနေ စခန်းချထားတဲ့ နေရာမဟုတ်ပဲ အရပ်သားပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်ထဲမှာရှိတဲ့ ဘာသာရေးအဆောက်အအုံဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️ သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့နေသလိုမျိုး အေအေအဖွဲ့ကနေ စခန်းချနေတာကြောင့် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ရတယ်ဆိုတာဟာ လိုရာဆွဲပြီးတော့ ရေးသားထားတဲ့ စွပ်စွဲချက်သာဖြစ်နေတာကို တွေ့ရပါတယ်။ 

မြေပြင်မှာ ဗုံးကြဲခံရတဲ့ ဘုန်းတော်ကြီးကျောင်းဟာ အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့ ဘာသာရေးအဆောက်အအုံတစ်ခုသာဖြစ်ပြီးတော့ အေအေဖက်ကနေ စခန်းချထားတယ်ဆိုတာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ သတင်းမှားဖြန့်ချိတာသာဖြစ်ပါတယ်။ 

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို  အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားလေ့ရှိကြပါတယ်။ 

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား- https://www.facebook.com/share/v/19C3KPdFUR/

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost #FactCheck #Mis_Disinformation  #AA

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .