ဗီဒီယိုအဟောင်းကို သုံးပြီး ကျောက်တော်မြို့နယ်က  ကျေးရွာကို အေအေကမီးရှို့ဆိုကာ သတင်းအမှားဖြန့်
Share:FacebookX

ဗီဒီယိုအဟောင်းကို သုံးပြီး ကျောက်တော်မြို့နယ်က  ကျေးရွာကို အေအေကမီးရှို့ဆိုကာ သတင်းအမှားဖြန့်

ရခိုင် စစ်ကောင်စီဝါဒဖြန့်

 Akyab Post/ MFCN/ The Red Flag

Fact Check

1 Aug 2025

အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ရိုဟင်ဂျာတွေနေထိုင်တဲ့ ရပ်ကွက်ကို လူသစ်နဲ့ ဆက်ကြေးမပေးတာကြောင့် အေအေတပ်သားတွေကနေ မီးရှို့ခဲ့တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Facebook ဆိုရှယ်မီဒီယာမှာ followers 16K ရှိတဲ့ ARF Burmese page ကနေ ဇူလှိုင်လ ၂၅ ရက်နေ့မှာ “တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ AA အကြမ်းဖက်အဖွဲ့ ဝင်ရောက်နေရာယူထားသည့် အပေါက်ဝရွာ၊ ရိုဟင်ဂျာမွတ်ဆလင်ရပ်ကွက်တွင် မီးအကြီးအကျယ်လောင်နေ။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ AA အကြမ်းဖက်အဖွဲ့ ဝင်ရောက်နေရာယူထားသည့် ကျောက်တောမြို့နယ်၊ အပေါက်ဝရွာ၊ ဈေးနားရှိ ရိုဟင်ဂျာမွတ်ဆလင်လင်များနေထိုင်ရာရပ်ကွက်တွင် ယနေ့နေ့လည် ၁ နာရီမှစ၍ မီးအကြီးအကျယ် လောင်ကျွမ်းနေကြောင်း သိရှိရသည်။ အဆိုပါရပ်ကွက်မှာ “AA အဖွဲ့မှ လူသစ်နှင့် ဆက်ကြေးမပေးပါက ရပ်ကွက်အား မီးတိုက်မည်”ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ခံထားရသည့် ရပ်ကွက်ဖြစ်ပြီး မီးလောင်နေချိန်၌ အဆိုပါရပ်ကွက်အတွင်း နေထိုင်နေသည့် AA အဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ရပ်ကွက်နေ ဒေသခံ အသိုင်းအဝိုင်းများထံမှ သိရှိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဗီဒီယိုဖိုင်နဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ 

📌 ARF Burmese ရဲ့ မူရင်းပို့စ်အပြည့်အစုံကို ဝင်ရောက် ဖတ်ရှုရန် – https://archive.ph/Kdwyt 

ဒီပို့စ်ကို Akyab Post ကနေ နောက်ဆုံး  စစ်ဆေးထားတဲ့ ဇူလှိုင်လ ၃၁ ရက်နေ့အထိ reaction ပြုလုပ်သူ 3.8 K၊ comment ပေးသူ ၁၄၉ ဦး၊ share ပြုလုပ်သူ ၂၂၆ ဦးနဲ့ ဗီဲဲဒီယိုကို ကြည့်ရှုသူ ၄၂၄K ထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

ဒီပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကျောက်တော်မြို့နယ်က အပေါက်ဝကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မဟုတ်ဘဲ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ဘူးသီးတောင်မြို့နယ်က ဖုံညိုလိပ်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဖြစ်နေတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။

▪️ စစ်ဆေးတွေ့ရှိချက် 

ARF Burmese page မှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ google advanced search tools၊ InVID Tools နဲ့ google reverse search tools တွေကို  သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

ARF Burmese  page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ဗီဒီယိုကို InViD tool နဲ့ စစ်ဆေး ကြည့်လိုက်တဲ့အခါမှာ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ RFA ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်က ဖုံညိုလိပ်ကျေးရွာမှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်တာကြောင့် ရိုဟင်ဂျာ ဆယ်ဦးကျော် သေဆုံးတယ်ဆိုတဲ့ သတင်းရုပ်သံက ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။ 

🔗 RFA Burmese ရဲ့ သတင်းအပြည့်အစုံ – https://www.youtube.com/watch?v=4Y9eGJ2hMnE&t=4s  

https://www.facebook.com/rfaburmese/posts/pfbid0FwrrwqufMB9U8qBm3sApPnsjE2cN1nHDJmaaAZXuhuRwWfuKLphbdMfjYbRmkc2fl 

RFA ကနေ “ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာ ဆယ်ဦးကျော် သေဆုံးပြီး အယောက် သုံးဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)အကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး ဖုံညိုလိပ်ရွာမှာ AA က ဝင်ရောက်တပ်စွဲချိန်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ထိခိုက်သေဆုံးရသလို နေအိမ်တွေ မီးလောင်ပျက်စီးတာဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။”  လို့ ရေးသားဖော်ပြပါတယ်။ 

ဒါ့အပြင် ဒီအကြောင်းအရာနဲ့ ဆက်စပ်လို့ google မှာ ဖုံညိုလိပ်ကျေးရွာလို့ ရိုက်ရှာကြည့်တဲ့အခါမှာလည်း ရခိုင်ဒေသအခြေပြု သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Arakan Princess ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာပဲ “ ဘူးသီးတောင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးနဲ့ ယမ်းကားပစ်ခတ်မှုကြောင့် ဖုံညိုလိပ်ရွာက အမျိုးသမီး ၁ ယောက် သီဆုံးပြီး၊ ၇ ယောက် ဒဏ်ရာရ” လို့​ရေးသားထားပါတယ်။ 

🔗 Arakan Princess ​ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://arakanprincess.media/wp-00110/ 

ဘူးသီးတောင် ဖုန်ညိုလိပ်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများရှိကြောင်း၊ ဒဏ်ရာရသူတွေနဲ့ မီးလောက်ပျက်စီးတဲ့ အိမ်တွေရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း Fortify Rights ရဲ့ X အကောက် ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပျံ့နေတဲ့ ဗီဒီယိုမှာပါရှိိတဲ့ အကြောင်းအရာတွေနဲ့ ထုတ်ဝေထားတာကို တွေ့ရပါတယ်။ 

🔗 Fortify Rights  ကနေ တင်ထားတဲ့ အပြည့်အစုံကို ဖတ်ရှုရန် – https://x.com/FortifyRights/status/1751918354053689501 

တစ်ကယ့်မြေပြင်မှာလည်း ဘူးသီးတောင်က ဖုန်ညိုလိပ်ကျေးရွာနဲ့ ကျောက်တော်မြို့နယ်က အပေါက်ဝကျေးရွာတို့မှာ  ၂၉ မိုင် ဝေးကွာလွန်းတာကို တွေ့ရပါတယ်။ 

ARF Burmese page မှာ ပျံ့နေသလိုမျိုး ဇူလှိုင်လ ၂၅ ရက်နေ့မှာ ကျောက်တောက်မြို့နယ်မှ အပေါက်ဝကျေးရွာမှာ မီးလောင်တာရှိမရှိ ဒေသခံတစ်ဦးကို မေးမြန်းကြည့်တဲ့အခါမှာလည်း “အခုထိ ဒီဖက်မှာ မွတ်ဆလင်ကျေးရွာမှာ မီးလောင်တာကို မရှိသေးပါဘူး။ သတင်းတုသတင်းမှားသာ ဖြစ်ပါတယ်” လို့ Akyab Post ကို အတည်ပြုပါတယ်။ 

▪️ သုံးသပ်ချက်

ARF Burmese  page မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေသလိုမျိုး အေအေဖက်ကနေ  ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ရပ်ကွက်ကို လူသစ်နဲ့ ဆက်ကြေးမပေးတာကြောင့် မီးရှို့ခဲ့တယ်ဆိုတာဟာ ယခင်ရှိပြီးသား ဗီဒီယိုဖိုင်ကို အသုံးပြုပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့​ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။​

ARF Burmese  page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။ 

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck – https://www.facebook.com/theakyabpost/videos/735302166023053/ 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #AkyabPost  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .