မိုးကုတ်မှာနေထိုင်သူတွေက အကြမ်းဖက်အားပေးသူသာဖြစ်ပြီး ဗုံးကြဲခံရမှ “ပြည်သူ” များဟု တံဆိပ်ကပ်ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ချိ
Share:FacebookX

မိုးကုတ်မှာနေထိုင်သူတွေက အကြမ်းဖက်အားပေးသူသာဖြစ်ပြီး ဗုံးကြဲခံရမှ “ပြည်သူ” များဟု တံဆိပ်ကပ်ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ချိ

 

 ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်

ဖက်ဒရယ် FM၊ The Red Flag

မန္တလေးတိုင်း မိုးကုတ်မြို့မှာ နေထိုင်သူတွေဟာ တော်လှန်ရေးထောက်ခံပြီး အကြမ်းဖက်အားပေးသူတွေသာ ဖြစ်ကြောင်းနှင့် ဗုံးကြဲခံရမှုမှာ ပြည်သူများဟု အမည်တပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိနေပါတယ်။

 အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Thazin Oo ချန်နယ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ရက်နေ့မှာ စတင်ဖြန့်ချိခဲ့ပြီး  ပြန်နှံမှုတွေ များနေပါတယ်။

 မူရင်းလင့်ခ် –  https://t.me/Thazinoo969/31762

  တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော ဖက်ဒရယ် FM က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 

သတင်းစိစစ်ချက်

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မိုးကုတ်ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “ MPA, ရွှေဖီမြေ၊ VOM ” တို့တွင် သတင်းရေးထားတာကို တွေ့ရပါတယ်။

“မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က မိုးသည်းနေသည့် ယနေ့နံနက်ပိုင်းတွင် ဗုံး၃ ကြိမ်ကြဲခဲ့ရာ ပြည်သူများ ထိခိုက်၊သေဆုံးမှု များနိုင်ကြောင်း၊ (ဇူလိုင်၂၉ရက်) နံနက် ၉နာရီခွဲ၊ ၉နာရီမိနစ်၄၀နှင့် ၁၀နာရီ၃၉မိနစ်ခန့်တို့တွင် စစ်တပ်က မိုးများ ရွာသွန်းနေသည့်အချိန် ဗုံးမိုးရွာခဲ့ခြင်းဖြစ်ပြီး လတ်တလောသိရသည့် ကနဦးစာရင်းအရ ပြည်သူ၂ဦး သေဆုံးကာ ၉ဦးဒဏ်ရာရကြောင်း သိရသည်ဟု မိုးကုတ်မြို့သတင်းရင်းမြစ်ထံက ပြောတဲ့ အကြောင်း”သတင်းမှာ ဖော်ပြထားပါတယ်။

MPA  – https://www.facebook.com/share/p/1C4twixpJW/

“ ဇူလိုင် ၂၉ရက်နေ့ တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ် ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တဲ့ အကြောင်း၊ မနက် ၉နာရီခွဲအချိန်မှာ ၁စီးလာရောက်ကြဲချခဲ့ပြီးနောက် ၉နာရီ ၅၀မိနစ်ဝန်းကျင်မှာ နောက်တစ်စီးက ထပ်မံကြဲချခဲ့တာ ဖြစ်ကြောင်းနဲ့ လူဦးရေ ထိခိုက်မှုအခြေအနေကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။

ရွှေဖီမြေ – https://www.facebook.com/share/p/1Aqd59zmuR/

VOM – https://www.facebook.com/share/p/1NLATh3VbZ/

“ တအာင်းပြည်၊ မိုးကုတ်မြို အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၃)ဦးသေဆုံးခဲ့ပြီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နံနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်က မိုးကုတ်မြို၊ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နှင့် BOC ကားကြီးကွင်းအနီးတို့တွင် လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး (၃)လုံးနှင့် ပေါင်(၂၅၀)ဗုံး (၂)လုံးအပါအဝင် စုစု‌ပေါင်း ဗုံး (၅)လုံး  လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ရပြီး အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၄)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း” PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။

PSLF/TNLA – https://t.me/taangtv2023/6421

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို ဖက်ဒရယ်FMက ဆက်သွယ်မေးမြန်းထားပါတယ်။

“ထိသွားတာက ပြည်သူလူထုတွေပါပဲ။ ပြည်သူ လူထုတွေကို ဦးတည်ပြီးတော့တိုက်သွားတာ။ အခုမိုးတွေ ဒီလောက်သည်းနေတာ သူတို့ပစ်မဲ့ပွိုင့်က သေသေချာချာ မမြင်ရဘဲ ရမ်းသမ်းကြဲတာထင်တယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက သူ့ထင်မြင်ယူဆချက်ကို ဖက်ဒရယ် FM ကိုပြောပါတယ်။

ဖက်ဒရယ် FM – https://www.facebook.com/share/p/16ziKzKhup/

သုံးသပ်ချက်

 သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ဒေသခံတွေရဲ့ ဖြေဆိုချက်အရ မိုးကုတ်မြို့မှာ နေထိုင်ပြီး ဗုံးကြဲခံရတဲ့ သူတွေဟာ ဒေသခံပြည်သူတွေသာဖြစ်ကြောင်း ‌တွေ့ရပါတယ်။

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ မိုးကုတ်မှာ နေထိုင်သူတွေဟာ တော်လှန်ရေးထောက်ခံပြီး အကြမ်းဖက်အားပေးသူတွေသာ ဖြစ်ကြောင်းနှင့် ဗုံးကြဲခံရမှုမှာ ပြည်သူများဟု အမည်တပ်ခြင်းဖြစ်ကြောင်း“ ဆိုတာဟာ တစိပ် တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။

စစ်ကောင်စီဝါဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီတို့ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး အချက်အလက်အမှားများနှင့် ဝါဒဖြန့်ချိနေပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြီးတဲ့ အချိန်တိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေ စွပ်စွဲပြီး ရေးသားထားတဲ့သတင်းအမှားတွေကို MFCN မှ စိစစ်ထားသည်များကို အောက်ပါလင့်ခ်တွေ ဖတ်ရှု့နိုင်ပါတယ်။

–        https://www.facebook.com/share/v/1B1vDxuKTm/

–        https://www.facebook.com/share/v/173zGw6S8p/

–        https://www.facebook.com/share/v/1ZzTDuPvx5/

–        https://www.facebook.com/share/v/1C19RLfbDZ/

သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။

ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။

Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #FactCheck #Mis_Disinformation #FFM

 

 

 

 

 

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .