၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်
ဖက်ဒရယ် FM၊ The Red Flag
ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ဗုံးကြဲခံရမှုမှာ TNLA ( ၂၀ ) ကျော်သေဆုံးကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိနေပါတယ်။
အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော နေပြည်တော်ချန်နယ်က စတင်ဖြန့်ချိခဲ့ပြီး Ttuth Mediaနဲ့ ရွှေနေကြာချန်နယ်တွေက ထပ်ဆင့်ဖော်ပြခဲ့ရာ ပြန်နှံမှုတွေ များနေပါတယ်။
မူရင်းလင့်ခ် – https://t.me/KKM28640/15490
Ttuth Media – https://t.me/Snowqueen1111233/39131
ရွှေနေကြာ – https://t.me/shwenaykyar/104500
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော ဖက်ဒရယ် FM က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မိုးကုတ်ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “The Irrawaddy, DVB, ရွှေဖီမြေ” တို့တွင် သတင်းရေးထားသည်ကို တွေ့ရပါတယ်။
“ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသော မိုးကုတ်မြို့ကို ယနေ့ ညနေ ၅ နာရီခန့်က လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း၊ မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်အား လေကြောင်းမှ ဗုံး ၂ လုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသံများကြားခဲ့ရကြောင်း မြို့ခံများက ပြောတဲ့ အကြောင်း၊ ကနဦးရရှိထားသော သတင်းအရ ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း” ဧရာဝတီသတင်းမှာ ဖော်ပြထားကို တွေ့ရှိရပါတယ်။
ဧရာဝတီ – https://www.facebook.com/share/p/1C4twixpJW/
နောက်ထပ်လွတ်လပ်တဲ့ DVB သတင်းဌာနမှာတော့ “ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ကို ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တယောက် သေဆုံးကာ ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောကြောင်း၊ ရွှေလိပ်ပြာဟိုတယ်ကို ဂျက်တိုက်လေယောဉ်ကနေ ၁၀ မိနစ်ဝန်းကျင် ဦးတည် ပစ်ခတ်ခဲ့တာမှာ ဒေသခံအမျိုးသား တယောက် နေရာမှာတင် သေဆုံးကာ နောက်ထပ် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံ အမျိုးသမီးတယောက်က ပြောကြောင်း” သတင်းမှာ ဖော်ပြထားပါတယ်။
DVB – https://www.facebook.com/share/p/1Ax7JoBB9W/
ရွှေဖီမြေ – https://www.facebook.com/share/p/19MkDmJozd/
သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ဗုံးကြဲခံရမှုမှာ သေဆုံးသူတွေတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ ပြည်သူတွေသာဖြစ်ကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်မှာ ပြန့်နှံ့နေတဲ့ “ မိုးကုတ်မြို့ရှိ ရွှေလိပ်ပြာဟိုတယ်ဗုံးကြဲခံရမှုမှာ TNLA ( ၂၀ ) ကျော်သေဆုံးတယ်“ ဆိုတာဟာ တစိပ် တပိုင်းမှားယွင်းတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဖြန့်ချန်နယ်တွေဟာ စစ်ကောင်စီတို့ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်တမင်လှည့်စားပြီး ဝါဒဖြန့်ချိနေပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြီးတဲ့ အချိန်တိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စွပ်စွဲပြီး ရေးသားထားတဲ့သတင်းတွေကိုလည်း အောက်ပါလင့်ခ်တွေ ဖတ်ရှု့နိုင်ပါတယ်။
– https://www.facebook.com/share/v/1B1vDxuKTm/
– https://www.facebook.com/share/v/173zGw6S8p/
– https://www.facebook.com/share/v/1ZzTDuPvx5/
– https://www.facebook.com/share/v/1C19RLfbDZ/
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FactCheck #Mis_Disinformation #FFM