ကျောက်ကြီးမြို့မှာ KNLA/PDFတွေက လသားအရွယ်ကလေးအပါအဝင် ၁၃ယောက်ကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းမှား
Share:FacebookX

ကျောက်ကြီးမြို့မှာ KNLA/PDFတွေက လသားအရွယ်ကလေးအပါအဝင် ၁၃ယောက်ကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းမှား

ကျောက်ကြီးမြို့မှာ KNLA/PDFတွေက လသားအရွယ်ကလေးအပါအဝင် ၁၃ယောက်ကိုသတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းမှား

 

ဇူလိုင်လ၊ ၂၉ရက်။

(FactCheck) DNA-The Red Flag

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာမှာ KNLAနဲ့ PDFပူးပေါင်းတပ်တွေက လက်နက်ငယ်တွေ၊ တုတ်၊ ဓါးတွေအသုံးပြုပြီး ပစ်ခတ်ခုတ်ဖြတ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၁၃ဦး သေဆုံးခဲ့ပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းမှားတွေလူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

 

ဒီအကြောင်းအရာကို စစ်ကောင်စီလက်အောက်မှာ လည်ပတ်လုပ်ဆောင်နေသော မီဒီယာတခုဖြစ်တဲ့ ELeven သတင်းဌာနကနေ 

“လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် ၁၃ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး စစ်ကောင်စီလော်ဘီချန်နယ်တွေနဲ့ အားပေးထောက်ခံသူတွေကြားမှာ ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

 

သတင်းမှားလင့်

https://archive.ph/oINkz 

https://archive.ph/oNmUk

 

ပျံ့နှံ့နေတဲ့အကြောင်းရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေစစ်ဆေးကြည့်တဲ့အခါမှာ KNLA/ PDF တွေပစ်ခက်ခုတ်ဖြတ်ခဲ့တာကြောင့် ကလေးတွေ၊ သက်ကြီး ပိုင်းတွေအပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစီစစ်ချက်☑️

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၁၄ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) လက်အောက်ခံတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့တွေကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

 

အဲ့ဒီလိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ရက်ကနေစတင်ပြီး ကျောက်ကြီးမြို့နယ်မှာရှိတဲ့ လပတ်ကျေးရွာက ဒေသခံရွာသားတွေကို ကရင်အမျိုး သားအစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းမှားတွေကို စစ်ကောင်စီလက်အောက်ခံမီဒီယာတွေနဲ့ လော်ဘီချန်နယ်တွေမှာ ဆက်တိုက်ဆိုသလိုဖြန့်ဝေလာကြတာပါ။

 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လပတ်ကျေးရွာမှာ အခြေချထားတဲ့စစ်ကောင်စီတပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တိုက်ပွဲအတွင်းပိတ်မိနေတဲ့ စစ်ကောင်စီ တပ်မိသားစုတွေကိုလည်း ဘေးလွတ်ရာကို ပို့ပေးခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။

သတင်းလင့် – https://www.ludunwayoo.com/news-mm/2025/07/27/128715/ 

 

KNLAနဲ့ PDFပူးပေါင်းတပ်တွေက ဒေသခံပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခုတ်သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး လပတ်ကျေးရွာတိုက်ပွဲမှာမပါဝင်တဲ့ အနီးမှာရှိတဲ့ ရင်းတိုက်ကုန်းရွာတိုက်ပွဲမှာ ပါဝင်တဲ့ အမှတ်(၃၇၀၂)တပ်ရင်းကို မေးမြန်းဆက်သွယ်တဲ့အခါမှာလည်း ဒီလိုဖြစ်စဥ်မျိုးမရှိကြောင်း ပြန်လည်ဖြေကြားတယ်ဆိုတာကိုလည်း  Myanmar Now သတင်းဌာနကနေ ရေးသားဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် – https://shorturl.at/effMg 

Ayeyarwaddy Times’s post – https://www.facebook.com/share/p/1CNEm5Rn2E/ 

 

အဲ့ဒီကျောက်ကြီးတပ်စခန်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေ၊ ခဲယမ်းတွေနဲ့အတူ စစ်သုံးဆက်စပ်ပစ္စည်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး ကျော် သေဆုံးခဲ့ကာ၊ (၂၀)ဦး ထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို ကျန်စစ်ကောင်စီတပ်သားတွေကလည်း စခန်းကနေစွန့်ခွာထွက်ပြေးခဲ့တယ်လို့ KNU ဗဟိုက ပြီးခဲ့တဲ့ ၂၇ရက် နေ့ကထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်လင့် – https://www.facebook.com/share/p/1HuZk1j7ga/ 

 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ရက်မှာ စစ်ကောင်စီဝါဒဖြန့်သတင်းထဲက သေဆုံးခဲ့သူတွေကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရွာသူရွာသားတွေက ထုံးတမ်းအစဥ်အလာနဲ့အညီ ကောင်းမွန်စွာသင်္ဂြိုလ်ပေးခဲ့တယ်လို့ ရေးသားဖော်ပြထားပေမယ့် ပလတ်ကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့စိုးမိုးမှုအောက်မှာ ရှိနေတာကြောင့် စစ်ကောင်စီတပ်သားတွေကိုယ်တိုင် သင်္ဂြိုလ်   ပေးခဲ့တယ်ဆိုတဲ့အချက်မှာ အထက်အောက်ကိုက်ညီခြင်းရှိမနေတာကြောင့် သတင်းမှားဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းသုံးသပ်ချက် 

 

စစ်ကောင်စီလက်အောက်ခံမီဒီယာတွေနဲ့၊ စစ်ကောင်စီလော်ဘီချန်နယ်တွေက မကြာခဏဆိုသလို တိုက်ပွဲသတင်း၊ အရပ်သားထိခိုက်မှုသတင်းတွေကို တင်ဆက်ဖော်ပြတဲ့အခါမှာ သွေးသံရဲရဲရုပ်ပုံတွေကိုဖော်ပြတာ၊ သေဆုံးနဲ့တဲ့ အလောင်းပုံတွေကိုဖော်ပြတာမျိုးရှိပေမယ့် လပတ်ကျေးရွာတိုက်ပွဲရဲ့ အရပ်သားတွေကို တော်လှန်ရေးတပ်ကပစ်ခုတ်သတ်ဖြတ်ခဲ့တယ်ဆိုတော့ သတင်းမှာတော့ တိတိကျကျဖော်ပြနိုင်တာမျိုးမရှိပါဘူး။

 

KNLAနဲ့ PDFပူးပေါင်းတပ်တွေက လက်နက်ငယ်တွေ၊ တုတ်၊ ဓါးတွေအသုံးပြုပြီး ပစ်ခက်ခုတ်ဖြတ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၁၃ဦးသေဆုံးခဲ့ပြီး ၁၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်တဲ့အကြောင်းအရာက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒါ့အပြင်ပြီးခဲ့တဲ့ ဇူလိုင်လ၊ ၂၆ရက်က “ကျောက်ကြီးတွင် KNU က ရွာလုံးကျွတ် သတ်ဖြတ်သဖြင့် ပြည်သူ ၃၀ ကျော် သေဆုံးဆိုသော သတင်းမှား”ကိုလည်း MFCN ကနေစစ်ဆေးနိုင်ခဲ့ပါသေးတယ်။

အချက်လက်စစ်ဆေးထားတဲ့လင့် – https://www.facebook.com/share/p/1QwZBXgzZ5/ 

 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ် စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိတဲ့ နယ်မြေတွေမှာရှိတဲ့ အရပ်သားပြည်သူတွေကို ကလေး၊ လူကြီး၊ အမျိုးသမီး၊ မသန်စွမ်း စသဖြင့်ခွဲခြားတာမျိုးမရှိဘဲ အကြမ်းဖက်အဖြစ်သက်မှတ်တယ်ဆိုတဲ့အကြောင်းကိုလည်း ပြီးခဲ့တဲ့ ဧပြီလ ၁၅ရက်နေ့က Al Jazeera သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းတဲ့ အင်တာဗျူးရုပ်သံမှာ ဖြေဆိုခဲ့ပါသေးတယ်။

 

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNA #DNAFactCheck #FactCheck #manipulated #KNLA #pdf #military  

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .