ထိုင်းစစ်တပ် လေယာဉ်ကို ကမ္ဘောဒီးယားကနေ ပစ်ချဆိုကာ ဗီဒီယိုဟောင်းသုံးပြီး သတင်းအမှားဖြန့်
Share:FacebookX

ထိုင်းစစ်တပ် လေယာဉ်ကို ကမ္ဘောဒီးယားကနေ ပစ်ချဆိုကာ ဗီဒီယိုဟောင်းသုံးပြီး သတင်းအမှားဖြန့်

ထိုင်း ကမ္ဘောဒီးယား စစ်ပွဲ

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့

(FactCheck)

The Akyab Post/ ဟုတ်တယ် မဟုတ်ဘူး/ The Red Flag

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ နှစ်နိုင်ငံကြားက စစ်ရေးတင်းမာနေတဲ့အခြေအနေမှာ ထိုင်းစစ်တပ်ရဲ့ F16 တိုက်လေယာဥ်ကို ကမ္ဘောဒီးယားကနေ ပစ်ချလိုက်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။​

Facebook ဆိုရှယ်မီဒီယာမှာ “San Kó” ဆိုတဲ့ အကောက်ကနေ ဇူလှိုင်လ ၂၄ ရက်နေ့မှာ “ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၈ နာရီကတည်းကစတင်ဖြစ်ပွားတဲ့ ထိုင်း ကမ္ဘောဒီးယား တိုက်ပွဲဟာ နေ့လည့် ၁၂ နာရီအထိ ဆက်လက်ပြင်းထန်နေပါသေးတယ်။ ထိုင်းဘက်က ကမ္ဘောဒီးယားကို ပြန်လည်ကိုင်တွယ်ဖို့ သတင်းစာရှင်းလင်းကျင်းပလို့ပြီးပါပြီ၊ ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားကို အဝေးပစ်လက်နက်ကြီးများ အသုံးပြုလာပြီဖြစ်သလို F-16 တိုက်လေယာဥ်နဲ့လဲ ဗုံးကြဲတာတွေ တုန့်ပြန်နေတာကို တွေ့ရပါတယ်။ စစ်စတင်ခဲ့တာဟာ ကမ္ဘောဒီးယားပါ၊ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကမ္ဘောဒီးယားသံံရုံးထိုင်များကိုလဲ ထိုင်းဘက်ကမောင်းထုတ်လိုက်ပါပြီ။ ကမ္ဘောဒီးယား မီဒီယာဘက်ကတော့ ထိုင်းတိုက်လေယာဥ် ၁ စင်းကို ပစ်ခတ်နိုင်ခဲ့တယ်လို့ သတင်းမှာလွင့်ထားပါတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားထားပါတယ်။ 

 📌 San Kó” အကောက်ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ  – https://archive.is/eNXzE 

ဒီပို့စ်ကို Akyab Post ကနေ စစ်ဆေးတဲ့ ဇူလှိုင်လ ၂၄ ရက်နေ့အထိ reaction ပြုလုပ်သူ ၈၅၇ ဦး၊ comment ပေးသူ ၄၃ ဦးနဲ့ Share ပြုလုပ်သူ 3K ထိ​ရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်အချို့နဲ့ ဆိုရှယ်မီဒီယာတွေမှာ ကမ္ဘောဒီးယားကနေ ထိုင်းရဲ့ F16 လေယာဉ်ကို ပစ်ချတယ်ဆိုပြီး ရေးသားထားတဲ့ ပို့စ်တွေ ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။​

📌 စစ်ကောင်စီဝါဒဖြန့် ချန်နယ်ဖြန့်တဲ့ Truth Media ကနေ တင်ထားတဲ့ ပို့စ် – https://archive.ph/FKfe4

https://archive.ph/IRSJi 

ထိုင်းစစ်တပ် လေယာဉ်ကို ကမ္ဘောဒီးယားကနေ ပစ်ချဆိုပြီး ရေးသားထားကြတဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ ယခင် အ်ိန္ဒိယ ပါကစ္စန်တိုက်ပွဲတုန်းက ဗီဒီယိုအဟောင်းဖြစ်နေတာကို တွေ့ရပါတယ်။ 

▪️ သတင်းစီစစ်ချက် 

ဆိုရှယ်မီဒီယာတွေမှာပျံ့နှံ့လျက်ရှိတဲ့  ထိုင်းစစ်တပ် လေယာဉ်ကို ကမ္ဘောဒီးယားကနေ ပစ်ချဆိုတဲ့ အကြောင်းအရာကို အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို  သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

San Kó” အကောက်ကနေ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကိုသိရှိဖို့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ ၂၀၂၅ မေလက ဖြစ်ခဲ့တဲ့ အိန္ဒိယ ပါကစ္စတန် စစ်ပွဲတုန်းက ဗီဒီအဟောင်းသာဖြစ်ပြီးတော့ အိန္ဒိယဖက်ကနေ ပါကစ္စတန်ကို ဒရုန်းနဲ့ တိုက်ခိုက်တုန်းက ဗီဒီယိုဖြစ်နေတာကို တွေ့ရပါတယ်။ 

X ဆိုရှယ်မီဒီယာက Defence Squad အကောင့်က်ကနေ  “အိန္ဒိယစစ်တပ်အနေနဲ့ ပါကစ္စတန်ရှိ နေရာအတော်များများမှာ လေကြောင်းရန်ကာကွယ်ရေးရေဒါများနှင့် စနစ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်” ဆိုပြီး အင်္ဂလိပ်လို ရေးသားထားပြီးတော့ ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ ဗီဒီယိုကို မေလ ၈ ရက်နေ့ ၂၀၂၅ မှာ တွဲတင်ထားတာကို တွေ့ရပါတယ်။​

🔗 Defence Squad ကနေ တင်ထားတဲ့ ပို့စ်အပြည့်အစုံ – https://x.com/Defence_Squad_/status/1920410858380812733 

ဒီအကြောင်းအရာကိုပဲ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ Tribun Jateng ကနေ “India Loses Rafale Fighter Jet in Brief Conflict Against Pakistan, Military Explains,”  ကနေ ၂၀၂၅ မေလ ၃၁ ရက်နေ့မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုက ဓာတ်ပုံတွေနဲ့ အတူ ရေးသားဖော်ပြထားပါတယ်။ 

🔗 Tribun Jateng ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန်  – https://jateng.tribunnews.com/2025/05/31/india-kehilangan-jet-tempur-rafale-dalam-konflik-singkat-lawan-pakistan-ini-penjelasan-militer 

ထိုင်းစစ်တပ် လေယာဉ်ကို ကမ္ဘောဒီးယားကနေ ပစ်ချဆိုတဲ့ keywords နဲ့ ရှာကြည့်တဲ့အခါမှာလည်း ထိုင်းအခြေစိုက် သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ The Nation သတင်းဌာနကနေ “Cambodia uses IO to fuel fake news as RTAF firmly denies F-16 was shot down” ဆိုပြီးတော့ ဇူလှိုင်လ ၂၄ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။ 

The Nation သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ကမ္ဘောဒီးယားဖက်ကနေ F 16 လေယာဉ်ကို ပစ်ချခဲ့တယ်ဆိုပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်ခဲ့ပြီးတော့ F16 လေယာဉ်ပစ်ချခံရမှုမရှိဘူးလို့ ရေးသားဖော်ပြထားပါတယ်။ 

🔗 The Nation ကနေ F16 လေယာဉ်ပစ်ချခံရတာနဲ့ ပတ်သက်ပြီး​ ရေးသားထားတဲ့ သတင်းများ  – 

https://www.nationthailand.com/news/general/40052979 

https://www.nationthailand.com/news/general/40052969 

ဒါ့အပြင် Royal Thai Air Force  ဖက်ကနေလည်း F16  လေယာဉ် ပစ်ချခံရတာဟာ သတင်းတုသတင်းမှားသာဖြစ်တယ်လို့ သူတို့ရဲ့ Official facebook ချန်နယ်ကနေ ထုတ်ပြန်ပါတယ်။ 

 🔗 Royal Thai Air Force ရဲ့ ထုတ်ပြန်ချက် အပြည့်အစုံ  – https://www.facebook.com/share/p/1GmggHStPN/ 

▪️ သုံးသပ်ချက်  

ရရှိထားတဲ့ အချက်အလက်တွေ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို တိုက်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ ဆိုရှယ်မီဒီယာတွေနဲ့ စစ်ကောင်စီတွေရဲ့ ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ ထိုင်းစစ်တပ် လေယာဉ်ကို ကမ္ဘောဒီးယားကနေ ပစ်ချဆိုတာဟာ ယခင်ဗီဒီယိုဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။ 

လက်ရှိမှာ စစ်ရေးအရ တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံကြားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတာနဲ့အတူ သတင်းတုသတင်းမှားတွေလည်း ပျံံ့နှံ့လျက်ရှိပါတယ်။ ယခင်က ပုံအဟောင်းတွေနဲ့ ဗီဒီယိုတွေကို သုံးပြီးတော့ သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိကြတာကြောင့် အများပြည်သူတွေအနေနဲ့ အလွယ်တကူမယုံစားမိကြဖို့လိုအပ်ပါတယ်။

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ကြေညာချက်တွေကို စောင့်ကြည့်ပီးမှ သတင်းမှန်ကို အတည်ပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုယ့်ပတ်ဝန်းကျင်နဲ့ ဆိုရှယ်မီဒီယာမှာ သတင်းတုသတင်းမှားတွေကို ကြားမိတယ်၊ မြင်မိတယ်ဆိုရင်လည်း စီစစ်စစ်ဆေးနိုင်ဖို့ MFCN ကို ဆက်သွယ်နိုင်ပါတယ်။

ဒါ့အပြင် စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #Covid

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .