အေအေတပ်ဖွဲ့ဝင် ၁၅ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဘင်္ဂလာဒေ့ရှ်တပ်မတော်မှနေ ဖမ်းဆီးထားဆိုကာ သတင်းအမှားဖြန့်
Share:FacebookX

အေအေတပ်ဖွဲ့ဝင် ၁၅ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဘင်္ဂလာဒေ့ရှ်တပ်မတော်မှနေ ဖမ်းဆီးထားဆိုကာ သတင်းအမှားဖြန့်

ရခိုင် လေကြောင်းတိုက်ခိုက်

(FactCheck)

Akyab Post+ ဟုတ်တယ် Vs မဟုတ်ဘူး -The RedFlag

ဇူလိုင်လ၊ ၂၃ရက်

အာရက္ခတပ်တော် အေအေအဖွဲ့ဝင် ၁၅ ဦးကနေ နယ်စပ်ဖြတ်ကျော်ပြီးတော့ မူးယစ်ဆေးတွေကို သယ်ဆောင်တာကြောင့် ဘင်္ဂလာဒေ့ရှ်တပ်မတော်မှနေ ဖမ်းဆီးထားတယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

တယ်လီဂရန်မှာ Subscribers ၂၆,၀၀၀ ကျော်ထိရှိပြီး သတင်းတုသတင်းမှားတွေ အမုန်းစကားတွေကို ဖြန့်လေ့ရှိတဲ့ Truth Media ချန်နယ်ကနေ ဇူလှိုင်လ ၁၆ ရက်နေ့မှာ “ကုလားတိုက်ကျားဝင် ကိုက်ခံရသလိုပါဘဲလား ထွန်းမြတ်နိုင်ရာ၊ ပွက်လောကိုရိုက် ရခိုင်အကြမ်းဖက်AAတပ်ဖွဲ့ဝင်(၁၅)ဦးမူးယစ်ဆေးဝါးများနဲ့အတူနယ်စပ်ဖြတ်ကျော်သယ်ဆောင်ဖြတ်ကူးလာချိန်ဘင်္ဂလာဒေ့ရှ်တပ်မတော်မှဖမ်းဆီးထား။ AAလည်းတူဝေဝေစဖြစ်နေပြီ” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။​

📌 Truth Media ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/SGk8e 

ဒီပို့စ်ကို Akyab Post ကနေ စစ်ဆေးတဲ့ ဇူလှိုင်လ ၂၃ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူပေါင်း ၂၃.၅ k ထိရှိပြီးတော့ reaction ပေးသူ ၁၇၃ ဦးနဲ့ မှတ်ချက်ပေးသူ ၆ ဦးအထိရှိကာ အခြားစစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဖြစ်တဲ့ “သတင်းလှိုင်း” ချန်နယ်မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံံ့လျက်ရှိပါတယ်။  

📌 “သတင်းလှိုင်း” ချန်နယ်ကနေ ဖြန့်ထားတဲ့ ပို့စ် – https://archive.ph/fAGs5 

ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီချန်နယ်တွေမှာ ရေးသားဖော်ပြသလိုမျိုး အေအေတပ်ဖွဲ့ဝင် ၁၅ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဘင်္ဂလာဒေ့ရှ်တပ်မတော်မှနေ ဖမ်းဆီးထားဆိုတဲ့ ရေးသားနေကြတာဟာ ယခင်က ဘင်္ဂလာဒေ့ရ်ုနိုင်ငံမှာ ဖြစ်ခဲ့တဲ့  အကြောင်းအရာတစ်ခုကို ယူပြီးတော့ ရေးသားဖြန့်ဝေနေကြတာကို တွေ့ရှိရပါတယ်။ 

▪️ သတင်းစီစစ်ချက် 

စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို  သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

Truth Media ရဲ့ ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကိုသိရှိဖို့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ဘင်္ဂလားဒေ့ရ်ုနိုင်ငံက ဆန္ဒပြပွဲတစ်ခုမှာ ဘင်္ဂလားဒေ့ရ်ု  စစ်တပ်ဖက်ကနေ Ansar အဖွဲ့ဝင်တွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးထားတဲ့ ဗီဒီယိုဖိုင် ဖြစ်နေတာကို တွေ့ရပါတယ်။ 

Telegram မှာ  “antiquotadu” ဆိုတဲ့ ချန်နယ်ကနေ ဒီဗီဒီယိုဖိုင်တွေကို ၂၀၂၄ ဩဂုတ်လ ၂၅ ရက်နေ့ ၂၆ ရက်နေ့တို့မှာ တင်ခဲ့တာဖြစ်ပြီးတော့ ဘင်္ဂလီဘာသာစကားနဲ့ ရေးသားထားပြီး Ansar ဆိုတဲ့ အဖွဲ့ဝင်တွေနဲ့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတစ်ခုကို ဘင်္ဂလားဒေ့ရ်ုစစ်တပ်ဖက်ကနေ  ဖမ်းဆီးထားတာဖြစ်လို့ ရေးသားဖော်ပြထားပါတယ်။ 

​ 🔗 antiquotadu ချန်နယ်ကနေ တင်ထားတဲ့ရဲ့ မူရင်းပို့စ် အပြည့်အစုံ – https://t.me/antiquotadu/2054 

https://t.me/antiquotadu/2053 

https://t.me/antiquotadu/2041 

ဒါ့အပြင် ဒီဗီဒီယိုဖိုင်ကိုပဲ ဘင်္ဂလားဒေ့ရ်ုနိုင်ငံသားတွေရဲ့  Facebook အကောက်တွေမှာလည်း ၂၀၂၄ ခုနှစ် ဩဂုတ်လကနေ တင်ခဲ့ကြပြီးတော့ ဆန္ဒပြပွဲမှာ Ansar အဖွဲ့ဝင်တွေနဲ့ ကျောင်းသားတွေ  ဖမ်းဆီးရတယ်လို့  ရေးသားဖော်ပြထားကြပါတယ်။​

https://www.facebook.com/share/r/1GKY3kjwfh/ 

https://www.facebook.com/share/p/1ABGHkAueF/ 

ဒီအကြောင်းအရာနဲ့  ဆက်စပ်လို့ ဘင်္ဂလားဒေ့ရ်ု သတင်းဌာနကြီးတွေမှာ ရှာဖွေကြည့်တဲ့အခါမှာလည်း ဘင်္ဂလားဒေ့ရ်ုနိုင်ငံ အခြေပြု “The Daily Star” သတင်းဌာနကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့မှာ Ansar အဖွဲ့ဝင်တွေနဲ့ ကျောင်းသားဆန္ဒပြပွဲအကြောင်းကို ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ 

🔗 “The Daily Star” ကနေ ရေးသားဖော်ပြထားတဲ့ မူရင်းပို့စ် – 

https://www.thedailystar.net/opinion/editorial/news/troubling-sequence-events-must-not-be-repeated-3687091?fbclid=IwY2xjawLsubZleHRuA2FlbQIxMQABHgv8D4kKuLp6FHlMwS16lViKRNCyc4k8mzmhSDozavj-pmD-LkNZFozu_O9H_aem_4VCVElDIGJVZnFv05piHRg 

 ဒီအကြောင်းအရာကိုပဲ အခြား ဘင်္ဂလားဒေ့ရ်ုအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Dhaka Tribune ကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့မှာ တင်ခဲ့တာကိုတွေ့ရပါတယ်။​

🔗 Dhaka Tribune  ကနေ တင်ထားတဲ့ မူရင်းပို့စ် – https://www.facebook.com/share/v/19JTKFp31Q/ 

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ဒေသခံတွေရဲ့ ရေးသားဖော်ပြချက်တွေကို တိုက်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမှာ အေအေတပ်ဖွဲ့ဝင် ၁၅ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဘင်္ဂလာဒေ့ရှ်တပ်မတော်မှနေ ဖမ်းဆီးထားဆိုတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။​

 ▪️ သုံးသပ်ချက် 

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဘင်္ဂလားဒေ့ရ်ု ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ဒေသခံတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့အတူ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး အေအေတပ်ဖွဲ့ဝင် ၁၅ ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဘင်္ဂလာဒေ့ရှ်တပ်မတော်မှနေ ဖမ်းဆီးထားဆိုတာ သတင်းမှားဖြစ်နေတာကို တွေ့ရပါတယ်။ 

ဘင်္ဂလားဒေ့ရ်ု နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲက ဗီဒီယိုအဟောင်းတွေကို သုံးပြီးတော့ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေဆိုပြီး ရေးသားထားတာဟာ False content သတင်းမှားအမျိုးအစား ဖြစ်ပါတယ်။ 

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီးတော့ “အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဆိုကာ India OPINDIA ကနေ ဖော်ပြ” ဆိုပြီး စစ်ကောင်စီချန်နယ်တွေကနေ ဝါဒဖြန့်ခဲ့ကြတာတွေရှိပါတယ်။

ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း  စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။ 

✅ မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ – 

https://www.facebook.com/share/v/16q7pLaYqc/ 

https://www.facebook.com/theakyabpost/posts/pfbid0QtVLsuS3sE7EFKavMNXjAxm2avbKt9qanWSMt3NgK85y8qDoSm3w4oG5VZ4ENDn2l 

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #RedFlag #Akyab Post  #FactCheck #Mis_Disinformation  #AA

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .