Akyab Post/ MFCN
Fact Check
15 June 2025
ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းမှာ PDF သုံးဦးဆီကနေ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ အာရက္ခတပ်တော် အေအေပိုင်ဆိုင်တဲ့ ဘိန်းတွေဖြစ်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ “DGF21News” ဆိုတဲ့ချန်နယ်ကနေ ဇူလှိုင် ၁၁ ရက်နေ့မှာ “ AA အဖွဲ့သယ်နေတာကို ချင်းPDF ကရိပ်မိနေတာ လဲကြာပါပြီ.. ခု တစ်ချီကတော့တကယ့်ကို အကြီးကြီး ဆုံးရှုံးမှုဖြစ်ကြောင်းလည်း သိရပါသည်။. AA အဖွဲ့သည် PDF များအား နည်းမျိုးစုံဖြင့်အသုံးချ၍ မူးယစ်ဆေးဝါးများ သယ်ဆောင်ပြီး မလေးရှားနိုင်ငံသို့ AA အမာခံများကတဆင့် ပို့ဆောင်နေကြောင်းလည်း ဗမာသူပုန် သတင်းအရ သိရှိရပါသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 DGF21News ရဲ့ ပို့စ်အပြည့်အစုံ – https://archive.ph/aeymg
ဒီပို့စ်ကို ဖြန့်ဝေထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ ဇူလှိုင်လ ၁၃ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၃၃၈၀၀ ကျော်နဲ့ rection ပြုလုပ်သူ ၅၇ ဦးအထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ View of Sue၊ May Yu Htar Nay၊ စစ်သွေး၊ Western 24 News ချန်နယ်တွေမှာလည်း ထပ်ဆင့်ပြီးတော့ ဖြန့်ဝေထားကြပါတယ်။
📌 View of Sue – https://archive.ph/ow5rC
📌 May Yu Htar Nay – https://archive.ph/fyzKg
📌 စစ်သွေး – https://archive.ph/8hH8v
📌 Western 24 News – https://archive.ph/Bbvnz
ဒီပို့စ်ကို Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ဖက်ကနေ စစ်ဆေးခဲ့ကြည့်လိုက်တဲ့အခါမှာ စစ်ကောင်စီချန်နယ်တွေမှာ ရေးသားဖော်ပြသလိုမျိုး “CDF Hakha” ကနေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးတွေဟာ အေအေပိုင်ဆိုင်တာတွေဖြစ်တယ် ဆိုပြီးတော့ ရေးသားထားတာတဲ့အကြောင်းအရာကို စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေမှာ မတွေ့ရှိရပါဘူး။
▪️ သတင်းစိစစ်ချက်
စစ်ကောင်စီရဲ့ Telegram ချန်နယ်တွေမှာ ပျံံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
DGF21News ရဲ့ ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကိုသိရှိဖို့ ပုံတွေကို Akyab Post ဖက်ကနေ google reverse search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ဇူလှိုင်လ ၁၀ ရက်နေ့က Chinland Defense Force-Hakha ကနေ ထုတ်ပြန်တဲ့ “မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူထံအသိပေး ထုတ်ပြန်ကြေညာခြင်း” ဆိုတဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
🔗 Chinland Defense Force-Hakha ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံ – https://www.facebook.com/share/p/1EtRe88X6B/
https://www.facebook.com/share/v/1CAw8QPKra/
“CDF Hakha” ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံမှာ “၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့တွင် ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့နှင့်အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား Chinland Defense Force – Hakhaမှ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည်။”
CDF Hakha ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူးရဲ့ ထောက်ခံစာနဲ့ ချင်းပြည်နယ်ဟားခါးမြို့ကို သယ်လာတာဖြစ်ပြီးတော့ မူးယစ်ဆေးတွေဟာ အာရက္ခတပ်တော် အေအေနဲ့ ဆက်စပ်နေတယ်ဆိုပြီးတော့ ရေးသားထားတာကို မတွေ့ရှိရပါဘူး။
ဒီအကြောင်းအရာကိုပဲ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC Burmese ကနေ “ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူးထောက်ခံစာနဲ့ သယ်လာတဲ့ မူးယစ်ဆေးဝါးတွေကို ဟားခါး CDF ဖမ်းမိ” ဆိုပြီးတော့ ဇူလှိုင်လ ၁၀ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
🔗 BBC Burmese ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/1AYFeifhPo/
CDF Hakha ကနေ ယင်းမာပင်ခရိုင်အမှတ် ၁၅ ထောက်ခံစာနဲ့ သယ်လာတဲ့ မူးယစ်ဆေးတွေကို ဖမ်းဆီးရရှိတယ်ဆိုတဲ့ သတင်းကို ချင်းပြည်အခြေစိုက် သတင်းမီဒီယာဌာနတွေဖြစ်ကြတဲ့ Khonumthung သတင်းဌာနနဲ့ Zalen သတင်းဌာနတွေကလည်း ဇူလှိုင်လ ၁၀ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
🔗 Khonumthung ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/v/16xrkLN9V7/
🔗 Zalen ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/p/19RnttwzeL/
ဒါ့အပြင် မြန်မာပြည်တွင်း သတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ Mizzima ကနေလည်း ဇူလှိုင်လ ၁၀ ရက်နေ့မှာ “မူးယစ်ဆေးဝါးသယ်ဆောင်လာသော ယင်းမာပင်တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဟားခါးတွင် ဖမ်းဆီးခံရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
🔗 Mizzima ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် – https://www.facebook.com/share/v/1ERhG9qXVo/
စိတ်ချယုံကြည်ရတဲ့ သတင်းဌာနကြီးတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ မူးယစ်ဆေးဝါးတွေကိုဖမ်းဆီးရရှိတဲ့ “CDF Hakha” ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ ပိုင်ဆိုင်တယ်ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာကို မတွေ့ရှိရပါဘူး။
▪️ သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့နေသလိုမျိုး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ အေအေရဲ့ မူးယစ်ဆေးတွေဆိုတာကို မတွေ့ရှိရပါဘူး။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီးတော့ “အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဆိုကာ India OPINDIA ကနေ ဖော်ပြ” ဆိုပြီး စစ်ကောင်စီချန်နယ်တွေကနေ ဝါဒဖြန့်ခဲ့ကြတာတွေရှိပါတယ်။
ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။
✅ မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ –
https://www.facebook.com/share/v/16q7pLaYqc/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #RedFlag #Akyab Post #FactCheck #Mis_Disinformation #AA