နောင်ချိုမြို့အဝင် TNLA နှင့် PDF တပ်ဖွဲ့ဝင် ၁၈၀ ကျော်လက်နက်ချဟု စစ်ကောင်စီဝါဒဖြန့်
Share:FacebookX

နောင်ချိုမြို့အဝင် TNLA နှင့် PDF တပ်ဖွဲ့ဝင် ၁၈၀ ကျော်လက်နက်ချဟု စစ်ကောင်စီဝါဒဖြန့်

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၀ ရက်

 သျှမ်းသံတော်ဆင့်၊ ဖက်ဒရယ် FMThe Red Flag

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အဝင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တပ်ဖွဲ့ဝင် ၁၈၀ ကျော် စစ်ကောင်စီတပ်ထံ လက်နက်ချခဲ့ကြောင်း ဝါဒဖြန့်ချိနေသည်။

 ဟိန်းထက်အောင်ဆိုသည့် လူမှုကွန်ရက်အကောင့်မှ “နောင်ချိုမြို့အဝင် TNLAPDF ၁၈၀ ကျော် လက်နက်ချ တပ်မတော်ကြိုဆို” ဟု စာညွှန်းဖြင့် ရေးသားဖြန့်ချိခဲ့သည်။

 အဆိုပါ အကြောင်းအရာကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သော Ka Ka Han ချန်နယ်က ထပ်ဆင့်ဖော်ပြခဲ့ရာ ကြည့်ရှုသူ ၇,၀၀၀ ကျော်ရှိသည်။

 မူရင်းလင့်ခ် – https://archive.ph/XJTml

 ဟိန်းထက်အောင်အကောင့်က ဖော်ပြထားသည့် အကြောင်းအရာကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နှင့် ဖက်ဒရယ် FM တို့ပူးပေါင်းစစ်ဆေးကြည့်သောအခါ TNLA နှင့် PDF တပ်ဖွဲ့ဝင်များ လက်နက်ချသည့် အကြောင်းအရာများ မတွေ့ရှိဘဲ တိုက်ပွဲပြင်းထန်နေသည့် အကြောင်းအရာများသာ တွေ့ရသည်။

သတင်းစိစစ်ချက်

 စစ်ဆေးတွေ့ရှိချက်အရ TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်ရရန် စစ်ကောင်စီတပ်၏ ထိုးစစ်သည် မြို့နှင့် ၃ မိုင်ကျော်အကွာ နန့်ဆောင်ဟူးရွာအထိ ရောက်နေပြီဖြစ်ကြောင်း၊ TNLA နှင့် PDF တို့ သိမ်းထားသည့် စစ်ကောင်စီတပ်၏ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို စစ်ကောင်စီတပ်က ဇူလိုင် ၈ ရက် ညနေပိုင်းတွင် ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၇ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၄၂ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။

 BBC – https://shorturl.at/J0eDs

သျှမ်းသံတော်ဆင့် – https://shorturl.at/fxlJf

Towards – https://shorturl.at/En0NS

 သို့သော် TNLA နှင့် PDF တပ်ဖွဲ့ဝင်များ လက်နက်ချသည့် အကြောင်းအရာများ ဖော်ပြထားခြင်းမရှိသကဲ့သို့ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်၊ သတင်းစားများ၌လည်း ဖော်ပြထားခြင်း မတွေ့ရပေ။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီလော်ဘီများ၏ သတင်းတုသတင်းမှားများတွင် ဖော်ပြသကဲ့သို့ လက်လွှတ်ရမည့် အနေအထား မရှိသေးဘဲ အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဇူလိုင် (၅) ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားသည်။

 အခြားတစ်ဘက်တွင် စစ်ကောင်စီနှင့် TNLA အကြား အပစ်အခတ် ရပ်စဲနိုင်ရန် တရုတ်အစိုးရမှ စစ်ကောင်စီနှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်ဖွဲ့ချင်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပြီး တရုတ်၏ ကြားဝင်မှုမှာ ခရီးရောက်ကြောင်း လွေးယေဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 သုံးသပ်ချက်

 TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်ရရန် စစ်ကောင်စီတပ်၏ ထိုးစစ်သည် မြို့နှင့် ၃ မိုင်ကျော်အကွာ နန့်ဆောင်ဟူးရွာအထိ ရောက်နေသည့် ဖြစ်စဉ်မှာ မှန်ကန်သည်။

သို့သော် TNLA နှင့် PDF တပ်ဖွဲ့ဝင် ၁၈၀ ကျော် စစ်ကောင်စီတပ်ခံ လက်နက်ချခဲ့သည် ဆိုသည့်ဖော်ပြချက်အား ယနေ့ ဇူလိုင် ၉ ရက်နေ့အထိ စစ်ဆေးတွေ့ရှိခဲ့သလောက် မတွေ့ရသေးပေ။

စစ်ကောင်စီဝါဒဖြန့် ချန်နယ်များသည် စစ်ကောင်စီတပ်များ အောင်စိတ်ပြန်ရရေးအတွက် ဝါဒဖြန့်နေချိ နေခြင်းဖြစ်သည်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .