FMI နှိပ်စက်မှုသတင်းမှာ ရုပ်သံအဟောင်းကို အသုံးပြုထားသည့် သတင်းမှားဖြစ်
Share:FacebookX

FMI နှိပ်စက်မှုသတင်းမှာ ရုပ်သံအဟောင်းကို အသုံးပြုထားသည့် သတင်းမှားဖြစ်

 

FMI နှိပ်စက်မှုသတင်းမှာ ရုပ်သံအဟောင်းကို အသုံးပြုထားသည့် သတင်းမှားဖြစ်

 

၂၀၂၅ခုနှစ်၊ဇူလိုင်၊ ၉ရက် ။

(FactCheck) DNA/ The Red Flag

 

ရန်ကုန်တိုင်း၊ လှိုင်သာယာ FMI အိမ်ယာမှာ တရုတ်ငွေလိမ်ဂိုဏ်း ကျားဖြန့်နဲ့ မြန်မာ ရဲတွေပူးပေါင်းပြီး တစ်လကို အမေရိကန် ဒေါ်လာ ၂ သောင်းနဲ့ ညီမျှတဲ့ငွေကိုမလိမ်ပေးနိုင်တာကြောင့် မိန်းသမားတွေကို နိုပ်စက်နေတယ်ဆိုတဲ့ ရုပ်သံဟောင်းတခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။

အဲ့ဒီသတင်းကို Aung N Htwe ဆိုတဲ့ Facebook အကောင့်ကနေ “လှိုင်သာယာ FMI အိမ်ယာတွင် ကျားဖြန့်နှင့် မြန်မာ ရဲများ ပေါင်းပြီး မိန်းသမားများကို နှိပ်စက်နေကြပါတယ် တစ်လကို အမေရိကန် ဒေါ်လာ ၂ သောင်းနှင့် ညီမျှသော ငွေလိမ်လည်ပေးမှု့ကို မလုပ်ပေးနိုင်လို့ သိရပါတယ် လက်ရှိတွင် ကျားဖြန့်နှင့် မြန်မာနိုင်ငံအတွင်းက ဘဏ်ဝန်ထမ်းများလည်း ပူးပေါင်းဆောင်ရွက်နေကြတယ်လို့သိရပါတယ်” (မူရင်းအတိုင်း)ရေးသားဖော်ပြထားပြီး ကြည့်ရှုသူ ၃၇၁ထောင်ကျော်အထိရှိနေကာ၊ ပြန်လည်မျှဝေသူ ၃၆၀၀ကျော်ရှိနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာပါ။

သတင်းမှားလင့် – https://archive.ph/wip/VfYoS 

အဲ့ဒီဗွီဒီယိုကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA FactCheck အဖွဲ့ကနေ စစ်ဆေးကြည့်တဲ့ အခါမှာ Kuaishou ဆိုတဲ့ တရုတ်အပ်ပလီကေးရှင်းတခုမှာ ပြီးခဲ့တဲ့ ၂၀၂၃က အသုံးပြုတဲ့ ရုပ်သံတခုဖြစ်တာကိုတွေ့ရပြီး မှားယွင်းသုံးစွဲတဲ့သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက်☑️


ဖြန့်ဝေထားတဲ့ စာသားမှာ လှိုင်သာယာ FMI အိမ်ယာတွင် တရုတ်ငွေလိမ်ဂိုဏ်း ကျားဖြန့်တွေနဲ့ မြန်မာရဲတွေပူးပေါင်းပြီး မိန်းသမားတွေကို နှိပ်စက်နေတယ်လို့ ရေးသားဖော်ပြထားပေမယ့် လွန်ခဲ့တဲ့ ၂၀၂၃ က  Kuaishou အပ်မှာ အသုံးပြုသူ @王三0607ကနေ တရုတ်သူဌေးတယောက်ရဲ့ ပိုက်ဆံကို ခိုးယူတာကြောင့် ရိုက်နှက်နေကြတဲ့ ရုပ်သံဖြစ်တယ်လို့ရေးသားထားတာကိုတွေ့ရပါတယ်။

မူရင်းဗွီဒီယိုကြည့်ရန် – https://v.kuaishou.com/2Id1H8h 

အဲ့ဒီမူရင်းဗွီဒီယိုကို 老男人🪴- pali8523 ဆိုတဲ့ Tiktok အသုံးပြုသူကနေ သူ့ရဲ့ tiktokအကောင့်မှာ “ဘာအမှားလုပ်လို့လဲမသိ” (မူရင်းအတိုင်း)စာသားကိုထပ်ဆင့်ရေးသားပြီး ဇူလိုင်လ ၃ရက်မှာ ပြန်လည်မျှဝေထားတာပါ။

ရုပ်သံလင့်  – https://www.tiktok.com/@pali8523/video/7522477540129262856 

 

သုံးသပ်ချက်☑️

 

ပျံနှံ့နေတဲ့ရုပ်သံနဲ့ ထပ်ဆင့်ရေးသားဖော်ပြထားတဲ့ စာသားတွေက မတူညီတဲ့အကြောင်းအရာနှစ်ခုကို ရောထွေးထားတာဖြစ်ကြောင်းကိုလည်း တွေ့ရပါတယ်။

 

မူရင်းရုပ်သံမှာ ၂၀၂၃ ခုနှစ် လောက်ကိုင်မြို့မှာဖြစ်ပွားခဲ့တဲ့ ပိုက်ဆံခိုးခံရတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာအမျိုးသမီးနှစ်ဦးကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ တရုတ်အမျိုးသားတဦးနဲ့ ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာဖြစ်ပါတယ်။

 ငွေလိမ်ခိုင်းလို့မရတာကြောင့် လှိုင်သာယာFMI အိမ်ယာမှာ နှိပ်စက်ခံနေရတဲ့ ရုပ်သံဖြစ်တယ်လို့ ဖော်ပြတဲ့ဖော်ပြချက်ကမှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

 

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #အချက်အလက်စစ်ဆေးခြင်း #လောက်ကိုင် #ကျားဖြန့်ငွေလိမ်  #ရိုက်နှက်နှိပ်စက်

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .