ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား
Share:FacebookX

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် ဆန္ဒပြဆိုသည့် သတင်းအမှား

7 July 2025 By Wadi/ MPA – The Red Flag

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ပြုတ်ကျရေး ဆဲဗင်းဇူလိုင် ဆန္ဒပြဆိုသည့် အကြောင်းအရာသည် လူမှုကွန်ယက်ဖေ့ဘွတ်၌ ပျံ့နှံ့လျက်ရှိသည်။

“ဆူးကြားကဘူးခါး” ဖေ့ဘွတ်ခ်အကောင့်က ဇူလိုင် ၇ ရက် နံနက် ၇ နာရီ ၃၈ မိနစ်တွင် စစ်အာဏာရှင်ပြုတ် ကျရေးအတွက် GSC၊ ဗကသ နှင့် မြို့နယ်အစုံက သပိတ်စစ်ကြောင်းများ စုပေါင်းပြီး ရန်ကုန်မြို့၊ ပန်းဆိုး တန်းတွင် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း ၊ 7 July စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ၊ စစ်အာဏာရှင်စနစ်ကို ရရာနည်းနဲ့ အမြစ်ပြတ်ခြေမှုန်းကြ” ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ဆန္ဒပြခဲ့ကြကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ ဖြန့်ဝေထားခြင်းဖြစ်သည်။

အဆိုပါဖြန့်ဝေမှုသည် ၂၀၂၅ ဇူလိုင် ၇ရက် ညဦးပိုင်းအချိန်ထိ Reaction ပြုလုပ်သူ ၉,၉၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၆၇၀ ကျော်၊ ပြန်လည်မျှဝေသူ ၅,၀၀၀ ကျော် ရှိသည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/S7GvS

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို Screenshot ပြုလုပ်ပြီး Google Lens ဖြင့် ရှာဖွေကြည့်ရာ ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့ “AP News” ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

“AP News” တွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့တွင် ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ ဆိုသည့် စာတန်းဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း၊ ဆဲဗင်းဂျူလိုင်နေ့ ဆန္ဒပြပွဲကို ရန်ကုန်အပြင် ၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်လည်း ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြပွဲ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/hvbLG

Google တွင် “ဆဲဗင်းဇူလိုင်နေ့ ဆန္ဒပြပွဲ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့ ရက်စွဲဖြင့် “RFA, VOA” တို့၌ သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့ တွင် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့များတွင် သမိုင်းဝင် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ်အဖြစ် လျှပ်တစ်ပြက် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်သည့် ကျောင်းသားလူငယ်များ ဦးဆောင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့ တွင် ဆန္ဒပြစစ်ကြောင်းသည် မနက်ပိုင်း၊ နေ့လည်ပိုင်းနှင့် ညပိုင်း သုံးကြိမ်း ချီတက်ဆန္ဒပြခဲ့ကြောင်း သတင်းဓာတ်ပုံ၊ ရုပ်သံမှတ်တမ်းများနှင့်တကွ ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန်

RFA – https://bitly.cx/elMv
VOA – https://bitly.cx/A8zU

သုံးသပ်ချက်

၂၀၂၅ ဇူလိုင် ၇ရက်တွင် ကျရောက်သော ၆၃ကြိမ်မြောက် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ် ဖော်လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့သော်လည်း ပျံ့နှံ့နေသောအဆိုပါ ဗီဒီယိုဖိုင်သည် ၂၀၂၁ ဇူလိုင် ၇ ရက်နေ့က ဖြစ်သည်။

သတင်းမီဒီယာများတွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်က ရန်ကုန်နှင့် အခြား မြို့များတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆဲဗင်းဇူလိုင်နေ့ လူထုဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းအမှားဖြန့်ဝေထားသော “ဆူးကြားကဘူးခါး” ၏ ပို့စ်အောက်တွင် ၂၀၂၁ ခုနှစ်က ဖြစ်ကြောင်း မှတ်ချက်ပြုရေးသားမှုများလည်း ရှိနေသည်။

ထို့ကြောင့် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ဆဲဗင်းဇူလိုင် ဆန္ဒပြပွဲ ရုပ်သံမှာ ၂၀၂၁ ခုနှစ်က ဆန္ဒပြပွဲ ရုပ်သံဖိုင်ဟောင်းကို ပြန်လည်အသုံးပြု၍ သတင်းအမှား ဖြန့်ဝေထားခြင်း ဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .