Fact Check၊ Dawei Watch/လဂွန်းအိမ်စာစဉ်/ The Red Flag/ MFCN
(ဇူလိုင်လ ၃ ရက်၊ ၂၀၂၅)
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်ကနေ ၂၄ ရက်အထိ ၁၀ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ခဲယမ်းတွေနဲ့ PDF တစ်ရာကျော်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ Facebook အကောင့်တစ်ခုကနေ ဖြန့်ချိထားပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Dawei Watch နဲ့ လဂွန်းအိမ် စာစဉ်တို့က အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
လောင်းလုံးမှာ PDF တစ်ရာကျော် အရှင်ဖမ်းမိထားတယ်ဆိုပြီး “Kyaw Zayya” အမည်နဲ့ Facebook အကောင့်က ဖြန့်ချိတာ တွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
Kyaw Zayya အကောင့်က ဖြန့်ချိတဲ့လင့်ခ် – http://archive.today/G1XB2
Kyaw Zayya အကောင့်ဟာ စစ်တပ်ဝါဒဖြန့် သတင်းတွေကို ဆက်တိုက်ဖော်ပြနေတာလည်း တွေ့ရပါတယ်။
လောင်းလုံးကိစ္စနဲ့ အလားတူ ဖော်ပြချက်ကိုလည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်နှစ်ခုဖြစ်တဲ့
“နေပြည်တော်” နဲ့ “Truth Media” ချန်နယ်တွေမှာလည်းဖြန့်ချိထားတာကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ကြည့်နိုင်ပါတယ်။
Truth Media ချန်နယ် ဖြန့်ချိမှုလင့်ခ် – http://archive.today/dOcca
နေပြည်တော် ချန်နယ် ဖြန်ချိမှုလင့်ခ် – http://archive.today/8Ze6m
စစ်ကြောင်းထိုးချိန် အရပ်သားတွေဖမ်းဆီးခံရပြီး သုံးဦးသတ်ဖြတ်ခံရ
စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့ဘက်ကနေ ကညုံကျွန်းရွာဘက်ကို ဇွန်လ ၁၄ရက်မှာ စစ်ကြောင်းထိုးခဲ့ပြီး လမ်းတစ်လျှောက်ရှိ စစ်ပြဲ၊ လေးသွန်းခံ၊ ကထောင်းနီ စတဲ့ရွာတွေက ရွာသား လေးဆယ်ခန့်ကို ဖမ်းဆီးသွားတယ်လို့ အဖမ်းခံရသူတွေရဲ့ မိသားစုတွေကို အတည်ပြုပြီး Dawei Watch က ဇွန်လ ၁၇ရက်မှာ ကနဦး သတင်းဖော်ပြခဲ့ပါတယ် ။
စစ်ကြောင်းထိုးသွားလာစဉ် လယ်ထဲဆင်းလမ်းမှာ တွေ့သူတွေ၊ နေအိမ်ထဲနေသူတွေ၊ လယ်ထွန်နေသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ Dawei Watch က ဖော်ပြတဲ့သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ်- https://share.google/HdmGWBp1ZIEygKrNm
နောက်ဆက်တွဲ ထပ်မံသိရတဲ့အချက်အလက်တွေအရ ဖမ်းဆီးခံရသည့် ဒေသခံတစ်ရာခန့်ရှိတဲ့အကြောင်း ဇွန်လ ၂၆ရက်မှာ Dawei Watch က ဖော်ပြတဲ့သတင်းတစ်ရပ်မှာ တွေ့ရပါတယ်။
သတင်းလင့်ခ် – https://www.daweiwatch.com/26/06/2025/114356/
စစ်ကောင်စီစစ်ကြောင်းဟာ ဖမ်းဆီးထားသူတွေအထဲက ဒေသခံအမျိုးသားသုံးဦးကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့တယ် လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) DDMSC က ဇွန်လ ၂၈ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
DDMSC ထုတ်ပြန်ချက်လင့်ခ် – https://www.facebook.com/share/p/1AmZeCryao/
ဒေသခံသုံးဦး သတ်ဖြတ်အလောင်းစွန့်ပစ်ခံရမှုနဲ့ ပတ်သက်ပြီး People’s Spring သတင်းဌာနက သတင်းဖော်ပြထားတာ ကိုလည်း အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ်- https://www.facebook.com/share/p/1HMsBtio3c/
လောင်းလုံးမှာ စစ်ကောင်စီတပ်က ဒေသခံသုံးဦးကို သတ်ဖြတ်ပြီး စစ်ကောင်စီတပ်သားတစ်ဦးက အဘွားအိုတစ်ဦး ကိုလည်း မုဒိမ်းအကြိမ်ကြိမ်ပြုကျင့်ခဲ့တာနဲ့ပတ်သက်လို့ DVB သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
DVB သတင်းလင့်ခ်- https://burmese.dvb.no/post/712179
အဲဒီ မုဒိမ်းမှု အကြောင်းအရာပတ်သက်ပြီး ဖုံးကွယ်ဖို့ တယ်လီဂရမ်ချန်တွေက လိမ်လည်ဝါဒဖြန့်ထားတာကို MFCN အဖွဲ့ဝင် Dawei Watch က အချကအလက်စိစစ်ထားရှိပါတယ် ။ ဒီနေရာမှာ ကြည့်ပါ – https://share.google/L2p1DgtxoOlU4rGDP
စစ်ကောင်စီ စစ်ကြောင်းက လောင်းလုံးကို စစ်ကြောင်းထိုးချိန်မှာ သတ်ဖြတ်အလောင်းစွန့်ပစ်ခံရသူ သုံးဦးအထိ ရှိခဲ့တာကို Dawei Watch သတင်းဌာနက သတင်းဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ်- https://www.daweiwatch.com/28/06/2025/114531/
စစ်ကြောင်းဟာ ဇွန်လ ၂၅ရက်မှာ ကညုံကျွန်းရွာက ထွက်ခွာသွားပြီး စစ်ကြောင်းဝင်စဥ် ဖမ်းသွားတဲ့ လယ်သမားတွေ အပါအဝင် လောင်းလုံးဒေသခံတွေကို ပြန်လွှတ်ပေးခဲ့တဲ့အကြောင်းအရာပါဝင်တဲ့ “လောင်းလုံးမြို့အနီးက လယ်သမားများ လယ်လုပ်ချိန်ကျော်လာသည့်တိုင် လုပ်ငန်းခွင်မဝင်နိုင်သေး” ဆိုတဲ့ခေါင်းစဥ်နဲ့ Dawei Watch ရဲ့သတင်းမှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ် – https://www.daweiwatch.com/25/06/2025/114316/
ဒါ့အပြင် ဒေသခံတွေနဲ့ တော်လှန်အင်အားစုတွေဘက်ကို မေးမြန်းကြည့်ရာမှာလည်း စစ်ကြောင်းဝင်စဥ် PDF ရဲဘော်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဥ် မရှိဘူးလို့ ပြောဆိုကြပါတယ်။
သတ်ဖြတ်ခံရသူတွေအကြောင်း
သတ်ဖြတ်ခံရသူသုံးဦးထဲမှာ နှစ်ဦးက ကညုံကျွန်းရွာသားတွေဖြစ်ပြီး တစ်ဦးကတော့ ကညုံကျွန်းအနီးဝန်းကျင် သဗျာရွာက ရွာသားတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်အရွယ်တွေက ၄၆ ကနေ ၅၅ နှစ်ကြား အရွယ်တွေ ဖြစ်ကြပါတယ်။
သတ်ဖြတ်ခံရတဲ့ သဗျာရွာသား ဦးလှဝင်းကတော့ စိတ်ကျန်းမာရေးချို့ယွင်းနေသူဖြစ်ပြီး ကညုံကျွန်းရွာသား ဦးခင်မောင်ဝင်း ကတော့ အကြားအာရုံချို့ယွင်းသူဖြစ်တယ်လို့ ဒေသခံတွေကို မေးမြန်းချက်တွေအရသိရပါတယ်။ စစ်ကြောင်းဝင်ချိန် ဦးခင်မောင်ဝင်းက လယ်ထဲဆင်းနေချိန်ဖြစ်တယ်လို့လည်း သိရပါတယ်။ နောက်တစ်ဦးမှာ ကညုံကျွန်းရွာသား ဦးမျိုးဇော်အောင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အထက်ပါဒေသခံသုံးဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ Dawei Watch က သတင်းတွေဖော်ပြထားတာကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။
သတင်းလင့်ခ် (၁) – https://www.daweiwatch.com/26/06/2025/114356/
သတင်းလင့်ခ် (၂) – https://www.daweiwatch.com/27/06/2025/114420/
သတင်းလင့် (၃) – https://www.daweiwatch.com/28/06/2025/114531/
သုံးသပ်ချက်
စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့တဲ့ ၁၀ ရက်တာ ကာလအတွင်းမှာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာတွေ့တဲ့ ရွာသားတွေ၊ လယ်သားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ စုစုပေါင်း တစ်ရာခန့်ကို ဖမ်းဆီးခဲ့တယ်ဆိုတာကို ဒေသခံတွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ထုတ်ပြန်ချက်တွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
ဖမ်းဆီးခံရသူထဲက သက်ကြီးပိုင်းအမျိုးသားသုံးဦး သတ်ဖြတ်ခံရပြီး ကျန်တဲ့ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးခဲ့တာကို တွေ့ရ ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို မေးမြန်းကြည့်ရာမှာလည်း PDF ရဲဘော်တွေ ဖမ်းဆီးခံရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
PDF နဲ့ တော်လှန်ရေးအဖွဲ့အပေါ် ထောက်ခံအားပေးသူတွေကို စစ်ကောင်စီက အကြမ်းဖက်လို့ စွပ်စွဲတံဆိပ်ကပ် ထားတာကြောင့် ဖမ်းဆီးခံရသူတွေသာ PDF ဖြစ်မယ်ဆိုရင် အရေးယူခံရတာတွေ ဖြစ်နိုင်ပါတယ်။ အခုဖြစ်ရပ်မှာ ပြန်လွှတ်ပေးခဲ့တာ တွေ့ရတာကြောင့် အရပ်သားလို့ ကောက်ချက်ချလို့ရပါတယ်။
ဒါကြောင့် PDF တစ်ရာကျော်ကို စစ်ကောင်စီ စစ်ကြောင်းက အရှင်ဖမ်းမိခဲ့တယ်ဆိုတာဟာ မမှန်ပါဘူး ။ အရပ်သားတွေကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးထားတာကို PDF တွေဆိုပြီး အချိန်ကိုက် သတင်းအမှားဖြန့် တာအဖြစ် စိစစ်တွေ့ရ ပါတယ်။
တနင်္သာရီတိုင်းအတွင်း အခုလိုမျိုး အရပ်သားတွေ ဖမ်းဆီးခံရချိန်၊ သတ်ဖြတ်ခံရချိန်တွေမှာ PDF တွေ ဖမ်းမိထားတယ် ဆိုတာမျိုး စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက အချိန်ကိုက် ဖြန့်ချိလေ့ရှိတာကို ရှေ့ကဖြစ်စဉ်များစွာမှာလည်း တွေ့ရှိခဲ့ရ ပါတယ်။
ဒါကြောင့် စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ လဂွန်းအိမ် စာစဉ် နဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork