၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့
ဖက်ဒရယ် FM/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးသတ္တုတွင်းရှိ KNPPတပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်ဆိုပြီးတော့လစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဝါဒဖြန့်ချိထားပါတယ်။
စစ်ကောင်စီ သတင်းဝါဒဖြန့် “Truth Media” တယ်လီဂရမ်ချန်နယ်က ဇွန်လ ၂၅ရက်နေ့မှာ ဒီအကြောင်းအရာကို စတင်ဖြန့်ချိခဲ့ တာ ဖြစ်ပါတယ်။ ဒီဝါဒဖြန့်ချိထားတဲ့ အကြောင်းအရာကို အချက်အလက် စစ်ဆေးနေတဲ့ ဇွန်လ ၂၆ရက် မွန်းလွဲပိုင်းအထိ ဝင်ရာက်ကြည့်ရှု့သူ ၆၀၀၀ကျော် ရှိနေပြီး ပျံ့နှံမှုလည်း များနေပါသည်။
Truth Media တယ်လီဂရမ်လင့် – https://t.me/Snowqueen1111233/38051
ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ နေပြည်တော်၊ ရွှေနေကြာချန်နယ်တွေမှာလည်း ထပ်ဆင့်ဝါဒဖြန့်နေတာကို တွေ့ရှိရပါတယ်။
နေပြည်တော်တယ်လီဂရမ်လင့် – https://t.me/KKM28640/14535
ရွှေနေကြာ တယ်လီဂရမ်လင့် – https://t.me/shwenaykyar/101921
အဆိုပါ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM အချက်အလက်စစ်ဆေးရေးအဖွဲ့က စိစစ်ကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
လွတ်လပ်တဲ့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ကရင်နီလူထုအသံ သတင်းဌာနမှာတော့ မော်ချီးဒေသကို စစ်ကောင်စီ ဗုံးကြဲခဲ့တဲ့ အကြောင်းအရာတွေကို သတင်းမှာဖော်ပြထားပါတယ်။
“ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဇွန်လ (၂၅)ရက်နေ့ နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့မှုကြောင့် လူထိခိုက် သေဆုံးမှု များပြားခဲ့တဲ့ အကြောင်း၊ မောချီးဒေသခံ တစ်ဦးရဲ့ စကားသံနဲ့၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလော ၇ ဦး ထိခိုက်သေဆုံးကြောင်း ပြောဆိုနေကြပြီး အသေးစိတ်ကို ကရင်နီလူထုအသံအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးတဲ့ အကြောင်းကို” သတင်းမှာ ဖော်ပြထားပါတယ်။
ကရင်နီ လူထုအသံ သတင်း လင့် – https://www.facebook.com/share/p/15SpJcDpod/
နောက်ထပ်ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနမှာတော့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့ မော်ချီးမှာ အမျိုးသား ၇ ဦးသေဆုံးခဲ့တဲ့ အကြောင်းတွေကို သတင်းမှာ ဖော်ပြထားပါတယ်။
“ ဇွန်လ ၂၅ ရက်နေ့က ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခဲ့ချိန်အတွင်း အမျိုးသား ၇ ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဆရာဗညားက ကန္တာရဝတီတိုင်း(မ်) ကိုပြောတဲ့ အကြောင်း၊ ထိခိုက်သူတွေထဲမှာလည်း ထပ်မံ သေဆုံးသူတွေရှိကြောင်း ကြားသိရပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပဲ လို့ ဆရာဗညားက ဖြည့်စွက်ပြောဆိုထားတဲ့ အကြောင်း၊ ဇွန်လ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီ ဝန်းကျင်မှာ ဗုံးကြဲ ခဲ့တာဖြစ်ပြီး ဗုံးမကြဲခင်မှာတော့ ၁၅ မိနစ်ခန့် ကင်းထောက်လေယာဉ်ပျံဝဲတာကိုတွေ့ခဲ့ကြောင်း ဒေသခံတွေက ပြောဆိုကြတဲ့ အကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်းမှာတော့ ခဲကျင်းထဲ ပိတ်မိတာတွေ မရှိခဲ့ဘူးလို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောတဲ့ အကြောင်း” တွေကို သတင်းမှာ ဖောပြထားပါတယ်။
ကန္တာရဝတီတိုင်း(မ်) သတင်းလင့် – https://www.facebook.com/share/p/1BtwhpsZ2M/
နောက်ထပ်လွတ်လပ်တဲ့ သတင်းတွေဖြစ်တဲ့ Myanmar Pressphoto Agency၊ Myanmar Now သတင်းဌာနမှာလည်း မော်ချီးဗုံးကြဲခံရတဲ သတင်းကို ဖော်ပြထားပါတယ်။
MPA – https://www.facebook.com/share/p/19HwVzrkpY/
Myanmar Now – https://www.facebook.com/share/p/19TixMpFzf/
အဆိုပါ မော်ချီးဗုံးကြဲခံရတာနဲ့ ပတ်သက်ပြီး မော်ချီးဒေသခံတစ်ဦးကို ဖက်ဒရယ်FMက ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒီရက်ထဲကို လေယာဉ် ၃ ခေါက်လာတယ်။ တစ်ခေါက်ကြဲသွားတယ်။ ဗုံးက ပေါင် ၂၀၀ လောက်ခန့်မှန်းရတယ်။ အစတွေတော့ သေချာမတွေ့ရသေးဘူး။ လောလောဆယ် ၇ ဦးသေဆုံးခဲ့တယ်လို့ အတည်ပြုပြီးပြီ။ ဒဏ်ရာရတာက ၂၀ ကျော်လောက်ပါ။ ဒါမဲ့ အတိအကျစာရင်းကောက်ဖို့ ခက်နေသေးတယ်။ နေ့လည် ၁၂ နာရီဝန်းကျင်ဆို ခဲကျင်းဝင်နေတဲ့အချိန်ပေါ့။ ကျင်းထဲမှာလည်း ပိတ်မိနေတဲ့သူတွေရှိနိုင်တယ်။ အခုက ကျင်းပြိုတာတွေဖြစ်သွားတာ ။ ပြီးတော့ ကြဲခံရတဲ့နေရာက လူနေအိမ်တွေ တအားစိပ်တာ။ ခဲလုပ်သားတွေနေတဲ့အိမ်တွေပါ။ စျေးဆိုင်တွေလည်း ရှိတယ်” ဆိုပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သုံးသပ်ချက်
လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတာ အမှန်ဖြစ်ပါတယ်။ သို့သော် စစ်ကောင်စီဝါဒဖြန့်ချန်နယ်က ဖြန့်ချိထားတဲ့ မော်ချီးဒေသဗုံးကြဲမှုမှာ KNPP တပ်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာ တော်လှန်ရေးရဲဘော် ၁၀၀ ကျော် ထိခိုက်သေဆုံးဆိုတဲ့ အကြောင်းအရာသည် သတင်းအမှားဖြစ်ပြီး ထိခိုက်သေဆုံးသူတွေဟာ ခဲလုပ်သားတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ ဝါဒဖြန့်တာဟာ မဟုတ်မမှန်သော အရေးအသားဖြင့် လိမ်လည်ဝါဒဖြန့်တဲ့ သတင်းအမှားဖြစ်ကြောင်း သုံးသပ်ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်နဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့အတွက် တမင်လှည့်စားပြီး ဝါဒဖြန့်ချိနေပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြီးတဲ့ အချိန်တိုင်းမှာလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စွပ်စွဲပြီး ရေးသားထားတဲ့ သတင်းတွေကိုလည်း အောက်ပါလင့်ခ်တွေ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
စိစစ်ထားတဲ့ သတင်းလင့် –
https://www.facebook.com/share/v/1AXhBBQqMs/
https://www.facebook.com/share/v/15dYyQhQaS/
https://www.facebook.com/share/v/1BbqsdeZxx/
https://www.facebook.com/share/v/1AqQtbR8Bg/
သတိပြုရန်
Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းတွေကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#MFCN #FactCheck #Mis_Disinformation #FFM