လူစည်ကားရာကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး TNLAစခန်းလို့ စစ်ကောင်စီသတင်းအမှားလွှင့်
Share:FacebookX

လူစည်ကားရာကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး TNLAစခန်းလို့ စစ်ကောင်စီသတင်းအမှားလွှင့်

လူစည်ကားရာကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီး TNLAစခန်းလို့ စစ်ကောင်စီသတင်းအမှားလွှင့်

၂၀၂၅ခုနှစ်၊ဇွန်လ၊ ၂၅ရက် ။

(FactCheck) DNA/ The Red Flag

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့လယ်၊ ရပ်ကွက်အမှတ်(၃)နဲ့၊ အမှတ်(၇)ကို စစ်ကောင်စီဘက်က မနေ့က ဇွန်လ၊ ၂၄ရက်၊ ညနေ၅နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး “ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ စစ်သွေးကြွ TNLA စခန်းကို တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းလိုက်ကြောင်း သိရသည်။” (မူရင်းအတိုင်း) စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေနဲ့ လော်ဘီချန်နယ်တွေမှာပါ ဆက်တိုက်ဖြန့်ချိနေကြတာပါ။

အဲ့ဒီအကြောင်းအရာကို စစ်ကောင်စီလက်အောက်ခံ လော်ဘီချန်နယ်တွေဖြစ်တဲ့ People Media၊ Kyaw Swar၊ Min Zaw Lwin၊ Kyaw Win Maung နဲ့ MT News _ Myanmar Transparency တို့အပြင် တခြားလော်ဘီချန်နယ်တွေမှာ ဆက်တိုက်ဖြန့်ချိနေကြတာကြောင့် ပျံ့နှံ့မှုလည်း များပြားနေတာပါ။

သတင်းမှားလင့်များ

People Media – https://archive.ph/HZRQk 

MT News _ Myanmar Transparency – https://archive.ph/laI1j 

Kyaw Swar – https://archive.ph/wip/jIZTp 

Min Zaw Lwin – https://archive.ph/wip/RcSz8 

ပျံ့နှံ့လာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check အဖွဲ့ကနေ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာ TNLAစခန်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာကမှားယွင်းနေတာကိုတွေ့ရပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

သတင်းစိစစ်ချက် ☑️

စစ်ကောင်စီဘက်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာရှိတဲ့ အရပ်သားတွေ စည်ကားသွားလာနေတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား၄ဦး သေဆုံးခဲ့ပြီး ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းပြည်နယ် အခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ သျှမ်းသံတော်ဆင့်သတင်းဌာနမှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။

သတင်းလင့် – https://shorturl.at/XGx9w 

ရှမ်းမြောက်အခြေစိုက် သတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနကလည်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့နေရာတွေက အရပ်သားတွေလှုပ်ရှားသွားလာနေတဲ့ ကျောက်မဲမြို့မဈေးနားမှာရှိတဲ့ စံပြထမင်းဆိုင်၊ ဗလီနဲ့ လှိုင်ဆေးခန်းတွေပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဓါတ်ပုံတွေနဲ့တကွ ရေးသားဖော်ပြထားပါသေးတယ်။

သတင်းလင့် –  https://shorturl.at/4Ccda 

အဲ့ဒီလို စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောက်မဲမြို့ အမှတ် (၃)ရပ်ကွက်က ကလေး ၂ ဦးအပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အလုံး ၂၀ နဲ့ စာသင်ကျောင်း ၁ ကျောင်းတကျောင်းလည်း ဗုံးစထိမှန်ပျက်ဆီးခဲ့တယ်လို့ ဖက်ဒရယ် FMသတင်းဌာနမှာလည်း ဖော်ပြထားတာပါ။

သတင်းလင့် – https://shorturl.at/tEiZ2 

သတင်းသုံးသပ်ချက်  ☑️

စစ်ကောင်စီဘက်ကနေ အရပ်သားပြစ်မှတ်တွေကို ဦးတည်ထားတိုက်ခိုက်ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာသာဖြစ်တယ်လို့ ပုံဖော်ရေးသားထားတာကို တွေ့ရပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်ဖြစ်တဲ့ နရီမိုးချန်နယ်မှာတော့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်ခဲ့တာလို့ သေချာအတည်ပြုရေးသားထားပေမယ့် တခြားလော်ဘီချန်နယ်တွေမှာတော့ TNLAစခန်းကိုသာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းမှားလွှင့်နေတဲ့အပြင် ကျောက်မဲဆေးရုံကိုပါ လေကြောင်းတိုက်ခိုက်ဖို့လှုံ့ဆော်နေတာကိုပါတွေ့ရတာပါ။

နရီမိုး – https://archive.ph/wip/1BJdY 

D.I Thameedaw 🇲🇲👸- https://archive.ph/wip/1BJdY 

ဒါ့ကြောင့် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာတွေက  တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတွေနေထိုင်တဲ့ စခန်းဖြစ်တယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#DNAFactCheck #DNA #MFCN #FactCheck #အချက်အလက်စစ်ဆေးခြင်း #ကျောက်မဲ #လေကြောင်းတိုက်ခိုက် #အရပ်သားပစ်မှတ် 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .