မင်းလှမှာ ရွာ(၄)ရွာကို PDFတွေမီးရှို့ပြီးဖျက်ဆီးလို့ စစ်ကောင်စီဝါဒဖြန့်
Share:FacebookX

မင်းလှမှာ ရွာ(၄)ရွာကို PDFတွေမီးရှို့ပြီးဖျက်ဆီးလို့ စစ်ကောင်စီဝါဒဖြန့်

မင်းလှမှာ ရွာ(၄)ရွာကို PDFတွေမီးရှို့ပြီးဖျက်ဆီးလို့ စစ်ကောင်စီဝါဒဖြန့်

၂၀၂၅ခုနှစ်၊ ဇွန်လ၊ ၂၅ရက်။

(FactCheck) DNA/TRF

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျေးရွာတွေကိုမီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့ သတင်းတခု လူမှုကွန်ရက်စာမျက်နှာတွေမှာပျံ့နေပါတယ်။

အဲ့ဒီအကြောင်းအရာကို ပြီးခဲ့တဲ့ ဇွန်လ၊ ၂၃ရက်က စစ်ကောင်စီ လက်အောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ နေပြည်တော်ကနေ “ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်မင်းလှမြို့နယ်၊ဂန့်ဂေါ်ပင်၊ဗိုလ်တထောင်အကြမ်းဖက်ထောက်ပို့ရွာများအားဇွန်၂၃ရက်ဒီနေ့မနက်၅နာရီခန့်PDFတို့ကပြန်လည်မီးတင်ရှို့ပြာချပြီးထွက်ပြေးနေကြောင်းသိရသည်။” (မူရင်းအတိုင်း) စတင်ရေးသားဖြန့်ဝေခဲ့တာပါ။

ဒါ့အပြင် Snow Queen ချန်နယ်ကလည်း “ငါ့သရောက်မြို့နယ်၊ ဆင်သားမွေး ကျေးရွာမှာ PDF အကြမ်းဖက်သမားများ နေထိုင်တဲ့အိမ်များ ပဒက်အချင်းချင်း ပြဿနာတက်ပြီး အိမ်တွေ မီးရှို့ဖျက်ဆီးတာမျိုး လုပ်ခဲ့ကြတယ်လို့ သိရပါတယ်” (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပြီး တခြားလော်ဘီချန်နယ်တွေကပါ ပြန်လည်မျှဝေနေကြတာကြောင့် ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့်များ

နေပြည်တော် – https://archive.ph/3bsAw 

Snow Queen – https://archive.ph/CIH2D 

Ye Yint Htet (#yyh) – https://archive.ph/gVSGs 

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Checkကနေစစ်ဆေးကြည့်တဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ကျေးရွာတွေကို မီးရှို့ခဲ့တယ်ဆိုတဲ့အကြောင်းအရာမှာ မှားယွင်းနေပြီး သတင်းမှားဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။

သတင်းစိစစ်ချက်☑️

စစ်ကောင်စီဘက် ပြီးခဲ့တဲ့ဇွန်လ၂၀ရက်ကစပြီး စစ်ကွင်းတာဇုံရဲကင်းစခန်းကနေ အင်အား၅၀၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်း၃ကြောင်းခွဲပြီး ပဲခူးတိုင်းမင်းလှမြို့ကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့အထိ ရွာ၇ရွာကို တရွာဝင်တရွာထွက်မီးဝင်ရှို့ခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းကို မြေလတ်ဒေသအခြေစိုက်သတင်းဌာနတခုဖြစ်တဲ့ မြေလတ်အသံသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

မြေလတ်အသံသတင်းလင့် – https://shorturl.at/tMF0Z 

စစ်ကောင်စီဘက်က အဲ့ဒီလို မင်းလှမြို့မှာရှိတဲ့ ငလှစမ်းရွာအပြင် တခြားရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခဲ့တဲ့အပြင် ငလှစမ်းရွာကိုစစ်ကြောင်းဝင်ရောက်ချိန်မှာ ရွာထဲမှာရှိတဲ့ ဒေသခံပြည်သူ ၁၀ဦးထက်မနည်းကိုလည်း အကြမ်းဖက်နှိပ်စက်ခဲ့သေးတယ်လို့ People’s Spring သတင်းဌာနကလည်း ပြီးခဲ့တဲ့​ဇွန် ၁၃ရက်က သတင်းရေးသားဖော်ပြထားပါသေးတယ်။

People’s Spring – https://shorturl.at/ZHfZb 

ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေကြားပြီးခဲ့တဲ့ ဇွန်လ ၁၆ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှာ အရာရှိ ၃ယောက်အပါအဝင် အယောက်၂၀ကျော်သေဆုံးခဲ့ပြီးတဲ့နော် စစ်ကောင်စီဘက်က အခုလိုအင်အားသုံးစစ်ကြောင်းထိုးပြီး မင်းလှမြို့မှာရှိတဲ့ ကျေးရွာတွေကို တရွာဝင်တရွာထွက် မီးရှို့ခဲ့တာဖြစ်တယ်လို့ DVB TV News သတင်းဌာနက ပြီးခဲ့တဲ့ဇွန်လ၊ ၂၄ရက်က သတင်းရေးသားဖော်ပြထားပါတယ်။

DVB TV News  – https://www.dvb.no/post/711461 

ဇွန်၁၆ရက်တိုက်ပွဲသတင်း –https://www.facebook.com/share/p/1F8gHiBE5r/ 

သုံးသပ်ချက် ☑️

ပြီးခဲ့တဲ့ဇွန်လ၊ ၁၆ရက်နေ့မှာ ရန်ကုန် -ပြည်ကားလမ်းမှာ စစ်ကောင်စီနဲ့  ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးတဦး၊ ခရိုင်မှူးတဦးနဲ့ မြို့မရဲစခန်းမှူးတဦးအပါအဝင် စစ်ကောင်စီတပ်သားအယောက်၂၀သေဆုံးခဲ့တာကြောင့် မင်းလှမြို့မှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ကြောင်းတွေ့ရှိရပါတယ်။

ဒါကြောင့် ဒေသကာကွယ်ရေးတပ်တွေက မင်းလှမြို့မှာရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တယ်ဆိုတဲ့အကြောင်းအရာက မှားယွင်းနေတာကို တွေ့ရပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

#DNAFactCheck #DNA #MFCN #FactCheck #အချက်အလက်စစ်ဆေးခြင်း #မင်းလှ #စစ်ကြောင်းထိုးတိုက်ခိုက် #မီးရှို့ဖျက်ဆီး 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .