CDM သူနာပြု အမျိုးသမီးရဲဘော်တယောက်ကို PDF တပ်ရင်းမှူးက လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်တဲ့ပုံကို အသုံးပြုပြီး ပခုက္ကူ PDF တပ်ရင်း(၈)က ဒေသခံအပြစ်မဲ့ပြည်သူ အမျိုးသမီး ၆ ဦးကို ရိုက်နှက်ဆိုပြီး စစ်ကောင်စီလော်ဘီ များ ဝါဒဖြန့်ချိ
Share:FacebookX

CDM သူနာပြု အမျိုးသမီးရဲဘော်တယောက်ကို PDF တပ်ရင်းမှူးက လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်တဲ့ပုံကို အသုံးပြုပြီး ပခုက္ကူ PDF တပ်ရင်း(၈)က ဒေသခံအပြစ်မဲ့ပြည်သူ အမျိုးသမီး ၆ ဦးကို ရိုက်နှက်ဆိုပြီး စစ်ကောင်စီလော်ဘီ များ ဝါဒဖြန့်ချိ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့
ဖက်ဒရယ် FM/ MFCN/ The Red Flag
Fact Check – အချက်လက် စစ်ဆေးခြင်း

CDM သူနာပြု အမျိုးသမီးရဲဘော်တယောက်ကို PDF တပ်ရင်းမှူးက လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်ထားတဲ့ပုံကို အသုံးပြုပြီး ပခုက္ကူ PDF တပ်ရင်း(၈)က ဒေသခံအပြစ်မဲ့ပြည်သူ အမျိုးသမီး ၆ ဦးကို ရိုက်နှက်နေတယ် ဆိုပြီးတော့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဝါဒဖြန့်ချိထားပါတယ်။
စစ်ကောင်စီ သတင်းဝါဒဖြန့် “ရွှေနေကြာ” တယ်လီဂရမ်ချန်နယ်က ဇွန်လ ၂၀ရက်နေ့ညမှာ ဒီအကြောင်းအရာကို စတင်ဖြန့်ချိခဲ့ တာ ဖြစ်ပါတယ်။ ဒီဝါဒဖြန့်ချိထားတဲ့ အကြောင်းအရာကို အချက်အလက် စစ်ဆေးနေတဲ့ ဇွန် ၂၁ရက် မွန်းလွဲပိုင်းအထိ ဝင်ရာက်ကြည့်ရှု့သူ ၁၇၀၀ ကျော်ရှိနေပြီး ပျံ့နှံမှုလည်း များနေပါသည်။
ဖြန့်ဝေထားသည့် ရွှေနေကြာတယ်လီဂရမ်လင့် – https://t.me/shwenaykyar/101611

အဆိုပါ ဖြန့်ဝေထားတဲ့ အကြောင်းအရာကို Myanmar Fact- Checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ ဖက်ဒရယ် FM အချက်အလက်စစ်ဆေးရေးအဖွဲ့က စိစစ်ကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။
သတင်းစိစစ်ချက်
လွတ်လပ်တဲ့ သတင်းဌာနဖြစ်တဲ့ DVB သတင်းဌာနမှာတော့ သတင်းမှာဖော်ပြထားပါတယ်။
“ တပ်ရင်းကလုပ်ထားတဲ့ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာဂရုပ်ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်သွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းဆီးတာလို့ ရဲဘော် ဒိုင်ယာဘောလစ်ဖ်က ပြောပါတယ်။
“၁၇ ရက် ၃ လ ၂၀၂၅ မှာ တပ်ရင်းမှူး ဦးစီးတဲ့အဖွဲ့က လာရောက်ပြီးတော့ ဖမ်းဆီးသွားတယ်။ အဲဒီနေ့ညနေမှာပဲ သူတို့ရဲ့ အခြေချတပ်စခန်းကိုရောက်ရှိတယ်လို့ ထွက်ဆိုထားပါတယ်ခင်ဗျ။ အသာတကြည်လိုက်ခဲ့ဖို့ခေါ်တာရှိတယ်။ မလိုက်ဘူးဆိုရင် ကြိုးတုပ်ပြီးတော့ ဖမ်းဆီးခေါ် ဆောင်သွားမယ်လို့ပြောတဲ့ အသံဖိုင်သက်သေတခုလည်းရှိပါတယ်ဗျ။”
ဆရာမ ယဉ်မွန်အောင်ကို တပ်ရေးဗိုလ် ဈာန်ရဲ က ဦးဆောင်ပြီး ၃ ချက် ရိုက်နှက်ခဲ့သလို အပြစ်ပေးတဲ့အနေနဲ့ သတိဆွဲ ‘ပြည်သူ့စစ်သား’ လို့ အော်ခိုင်းရာမှာ အပြစ်မရှိတာကြောင့် မအော်နိုင်ဘူး ပြောလို့ ၁ ချက်ထပ်အရိုက်ခဲခဲ့ရသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်” ဆိုပြီးတော့ သတင်းမှာ ဖော်ပြထားပါတယ်။

DVB သတင်း လင့် – https://www.facebook.com/share/p/1N9jjhAZLj/

နောက်ထပ်သတင်းဌာနဖြစ်တဲ့ မဇ္ဈိမ သတင်းဌာနမှာတော့ “ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD) ကွပ်ကဲမှုအောက်ရှိ ကျောက်ဆည်ခရိုင် တပ်ရင်း(၃)မှ CDM သူနာပြု ရဲမေ မယဉ်မွန်အောင် သည် တပ်ရင်းမှ နုတ်ထွက်ခွင့်တောင်းသည်ကို အကြောင်းပြုကာ တပ်ရင်းမှူးက ၎င်းအား ရိုက်နှက်ခြင်း ပြုလုပ်ခဲ့ကြောင်း Shield Women Organization အဖွဲ့က ပြောသည်။ထိုအမှုကို ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရေးချုပ်ရုံးမှ စစ်ဆေးနေကြောင်း MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မဇ္ဈိမကို ယနေ့ (မတ်လ ၂၇ ရက်)တွင် ပြောသည်။ အသေးစိတ်ကို ပြောကြားခြင်းမရှိပေ” ဆိုပြီးတော့ သတင်းဌာမှာ ဖော်ပြထားပါတယ်။

မဇ္ဈိမ သတင်းလင့် -https://www.facebook.com/share/p/12Mr52WqXM5/
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကျောက်ဆည်ခရိုင် တပ်ရင်း ၃ ကို ဖက်ဒရယ် FMက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
သုံးသပ်ချက်
အဆိုပါ စိစစ်ချက်တွေအရ MOD) ကွပ်ကဲမှုအောက်ရှိ ကျောက်ဆည်ခရိုင် တပ်ရင်း(၃)မှ CDM သူနာပြု ရဲမေ မယဉ်မွန်အောင် သည် တပ်ရင်းမှ နုတ်ထွက်ခွင့်တောင်းသည်ကို အကြောင်းပြုပြီးတော့ တပ်ရင်းမှူးက ရိုက်နှက်ခြင်း ပြုလုပ်ခဲ့တာကို သတင်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် စစ်ကောင်စီဝါဒဖြန့်ထားသလို ပခုက္ကူ PDF တပ်ရင်း(၈)က ပခုက္ကူမြို့နယ်၊ အင်းဝိုင်းကျေးရွာက ဒေသခံအပြစ်မဲ့ပြည်သူ အမျိုးသမီး ၆ ဦးကို အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်နှိပ်စက်ဆိုတာဟာ သတင်းအမှားဖြစ်နေပါတယ်။
ဒါ့အပြင် CDM သူနာပြု အမျိုးသမီးရဲဘော်တယောက်ကို PDF တပ်ရင်းမှူးက လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်နေတဲ့ သတင်းကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။ သို့သော်စစ်ကောင်စီတပ်ဟာ မနေ့ ဇွန်လ ၂၀ ရက်နေ့မှာ ပုံတွေကို အသုံးပြုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်နဲ့ ပြည်သူတွေကို တော်လှန်ရေးတပ်ဖွဲ့ အပေါ် ယုံကြည်မှု အားလျော့လာအောင် တမင်လှည့်စားပြီး ဝါဒဖြန့်ချိနေပါတယ်။
သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာတွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတွေကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါ့အပြင် နောက်ပိုင်းတွင် မီဒီယာ အယောင်ဆောင်လာကြသည့် ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။
သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါသည်။
Myanmar Fact-checking Network အဖွဲ့ဝင်တို့ အချက်အလက်စစ်ဆေးထားသည့် သတင်းများကို ဤနေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork

#MFCN #FactCheck #Mis_Disinformation #ဖက်ဒရယ်FM

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .